တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ဘုန်းတော်ကြီးတပါးနှင့် မိသားစု ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးသေဆုံး

RNA_ဇွန်(၂၇)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း မြောက်ယမား ရေလှောင်တမံဆည်ရင်းရှိ အစည်းအဝေးဆောင်နှင့် ညောင်ကုံးကျေးရွာကို ယနေ့ညနေ ၃ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၁၀ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကာ နေအိမ် ၁၁ လုံးမီးလောင်ပျက်စီးသွားကြောင်း သိရသည်။

“ညောင်ကုံးကျေးရွာကို တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တော့ နေအိမ်အတွင်းက မိသားစု ၅ ဦးတပြိုင်တည်းသေသွားတယ်၊ ဘုန်းကြီးတပါးလည်းပါတယ် အမျိုးသမီးတဦးပါတယ် အားလုံးသေ ၉ ဦးသေတယ်၊ ၈ ဦးဒဏ်ရာရှိတယ် ဒဏ်ရာရတဲ့အထဲမှာ ကလေး ၂ ဦးပါတယ်။ နေအိမ်က ၁၁ လုံးမီးလောင်တယ်။ မြောက်ယမားဆည်ရင်းက အစည်းအဝေးဆောင်မှာကြတော့ အမျိုးသမီးတဦးသေတယ်၊ အမျိုးသမီးတဦးဒဏ်ရာရတယ်” ဟု ပုလဲအခြေစိုက် Red News Agency သတင်းထောက်က ပြောကြားထားသည်။

ညနေ့ညနေ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့အနယ်အတွင်း ဗုံးကြဲမှုတွင် ဘုန်းတော်ကြီးတပါးအပါဝင် ပြည်သူ ၁၀ ဦးသေဆုံးပြီး၊ ဒဏ်ရာရရှိသူ ၉ ဦးရှိကြောင်း၊ ညောင်ကုန်းကျေးရွာ ပြည်သူသေဆုံးမှုတွင် နေအိမ်တအိမ်တည်းမှ မိသားစု ၅ ဦးသေဆုံးခဲ့ကြောင်း၊ ယခင်ကလည်း စစ်ကောင်စီတပ်က ညောင်ကုံးကျေးရွာကို ယခင်ကလည်း တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor