RNA_ဇူလိုင်(၁)၊၂၀၂၃ခုနှစ်။
စစ်တပ်နှင့်အပစ်အခတ်ရပ်စဲထားသည့် ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)သည် အာဏာသိမ်း စစ်ကောင်စီကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမည်ဟု ယနေ့ တရားဝင် ထုတ်ပြန်ကြေညာထားသည်။
“ကျနော်တို့အခြေပြုလှုပ်ရှားကရင်နီပြည် (ကယားပြည်နယ်) ထဲက ဒေသတစ်ခုဖြစ်တဲ့ သံလွင်အရှေ့ ဘက်ခြမ်းက တောင်လှ၊ မယ်တနွယ်၊ ဘီပီ ၁၄၊ မယ်စဲ့တို့မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က စတင် ပစ်ခတ်လိုက်တဲ့ သေနတ်သံများ တိုက်ပွဲများနဲ့ ကျနော်တို့ အဖွဲ့အစည်း (ကလလတ) ရဲ့ သမိုင်းစာမျက်နှာသစ်ကို တရားဝင်ဖွင့်လှစ် လိုက်ပါပြီ” ဟု ယနေ့ ထုတ်ပြန်ကြေညာထားသည်။

၁၉၇၈ ခုနှစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ၁၉၇၈ ခုနှစ်မှာ ခွဲထွက်ပြီး ဇွန်လ (၂၆) ရက်နေ့မှာ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(ကလလတ) အဖြစ် သီးခြားဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၉၄ ခုနှစ်၊ မေလ (၉) ရက်နေ့မှာ (နအဖ) စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ရပြီး နှစ်ပေါင်း ၃၀ နီးပါး အပစ်ရပ်ကာလအတွင်း နယ်ခြားစောင့်တပ်ဖွဲ့(BGF)အဆင့်ထိ လျော့ချခံခဲ့ရကြောင်း သိရသည်။
