စစ်ကောင်စီကို ပြန်တိုက်ပြီဟု ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး တရားဝင်ကြေညာ

RNA_ဇူလိုင်()၊၂၀၂၃ခုနှစ်။

စစ်တပ်နှင့်အပစ်အခတ်ရပ်စဲထားသည့် ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)သည် အာဏာသိမ်း စစ်ကောင်စီကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမည်ဟု ယနေ့ တရားဝင် ထုတ်ပြန်ကြေညာထားသည်။

ကျနော်တို့အခြေပြုလှုပ်ရှားကရင်နီပြည် (ကယားပြည်နယ်) ထဲက ဒေသတစ်ခုဖြစ်တဲ့ သံလွင်အရှေ့ ဘက်ခြမ်းက တောင်လှ၊ မယ်တနွယ်၊ ဘီပီ ၁၄၊ မယ်စဲ့တို့မှာ  ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က စတင် ပစ်ခတ်လိုက်တဲ့ သေနတ်သံများ တိုက်ပွဲများနဲ့ ကျနော်တို့ အဖွဲ့အစည်း (ကလလတ) ရဲ့ သမိုင်းစာမျက်နှာသစ်ကို တရားဝင်ဖွင့်လှစ် လိုက်ပါပြီဟု ယနေ့ ထုတ်ပြန်ကြေညာထားသည်။

၁၉၇၈ ခုနှစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ၁၉၇၈ ခုနှစ်မှာ ခွဲထွက်ပြီး ဇွန်လ (၂၆) ရက်နေ့မှာ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(ကလလတ) အဖြစ် သီးခြားဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၉၄ ခုနှစ်၊ မေလ () ရက်နေ့မှာ (နအဖ) စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ရပြီး နှစ်ပေါင်း ၃၀ နီးပါး အပစ်ရပ်ကာလအတွင်း နယ်ခြားစောင့်တပ်ဖွဲ့(BGF)အဆင့်ထိ လျော့ချခံခဲ့ရကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာတော့ အကြမ်းဖက် (စကစ) စစ်အုပ်စုဟာ သူတို့ရဲ့အာဏာလောဘကို ဟန်မဆောင်နိုင်တော့ပဲ ပြောင်ပြောင်းတင်းတင်းပဲ အာဏာသိမ်းပိုက်လိုက်ပါတော့တယ်၊ ဒီအခါမှာ တတိုင်းတပြည်လုံး အုံကြွလာတဲ့ နွေဦးအရေးတော်ပုံကြီးနဲ့ နွေဦးလက်နက်ကိုင်တော်လှန်စစ်မှာ ကျနော်တို့အဖွဲ့အစည်း (ကလလတ)ဟာ နေရာမျိုးစုံ၊ အနေအထားမျိုးစုံကနေ(အတိအလင်းနဲ့သိုသိုသိပ်သိပ်) တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ပါဝင်ကူညီဆောင်ရွက်ခဲ့တာတွေကို သက်ဆိုင်ရာကာယကံရှင်များ၊ အဖွဲ့အစည်းများက သိထားပြီးသားမို့ ဒီနေရာမှာအကျယ်တဝင့်ထုတ်ဖော် မပြောလိုသေးပါဘူးထုတ်ပြန်ထားသည်။

KNPP မှခွဲထွက်ကာ တရားဝင် ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦးအဖြစ်ရပ်တည်စဉ် ၁၉၉၀ ပြည့်နှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီဦးဆောင်မှုဖြင့် လူမျိုးပေါင်းစုံပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (လပဒတ) ဖွဲ့စည်းရာမှာလည်း ပါဝင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၊ ဒီမိုကရေစီပြည်ချစ်တပ်မတော်(DPA)  ဒီမိုကရက် တစ်အမျိုးသားတပ်မတော် (DNA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(PLF)အစရှိတဲ့၈၈အရေးတော်ပုံမျိုးဆက်များနှင့်လည်းတိုက်ပွဲဝင်ချစ်ကြည်ရင်းနှီးမှုများလည်းအခိုင်အမာတည်ဆောက်နိုင်ခဲ့ကြောင်းသိရသည်။

ကလလတအနေဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ၁၉၉၁ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့မှာ စစ်ရေးမဟာမိတ်ဖွဲ့စည်းခဲ့ကြောင်း၊ ထွီးဖား ဝီးကျိုး (ခွေးအိပ်တောင်)တိုက်ပွဲ၊ ထီးမိုးခီးတိုက်ပွဲ၊ စောထာ၊ ရာထာ စသည့် တိုက်ပွဲကြီးများတွင် KNU/KNLA တပ်များနဲအတူသမိုင်းဝင်တိုက်ပွဲများကိုကတုတ်ကျင်းတစ်ခုထဲမှာအတူဆင်နွှဲခဲ့ကြဖူးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Red News Agency

By Editor