သတင်း

“တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ကြွေးကြော်သံများဖြင့် ကလေးလူကြီးအကုန် ဆန္ဒပြ

“တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ကြွေးကြော်သံများဖြင့် ကလေးလူကြီးအကုန် ဆန္ဒပြ

RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။ "တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ"၊ "ဖက်ဆစ်စစ်တပ်ကို ထွက်ပေါက်မပေးကြေး" စသဖြင့် ကလေး လူကြီးအကုန် လမ်းပေါ်ထွက်ကာ ယနေ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း တနေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ #RedNewsAgency
Read More
ဖားကန့်မှာ စစ်ကောင်စီတပ်သားတွေ ထင်ရာစိုင်းနေ

ဖားကန့်မှာ စစ်ကောင်စီတပ်သားတွေ ထင်ရာစိုင်းနေ

RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။   အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖားကန့်မြို့ပေါ်ထိတွေ့တိုက်ပွဲ မဖြစ်ပွားသည့်အတွက် စစ်ကောင်စီတပ်ဘက်က "လူသတ် လုယက် PDF မိတ်ဖက်မြေခွေး KIA" တွေ့သည့်နေရာ ချေမှုန်းစို့ ဆိုသည့် စာရွက်များ ဖားကန့်စည်ပင်စျေးမှာ ယနေ့ နံနက်ပိုင်းက လာကပ်သွားကြောင်း သိရသည်။ အနန့်ပါ ကိစ္စပြီးသည့်နောက်ပိုင်း ဖားကန့်တွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံများသည် ထင်ရာစိုင်း လုပ်ချင်သလို လုပ်နေကြကြောင်း၊ ယခုတပတ်အတွင်း စစ်ကောင်စီတပ်သား (၂၀) ဝန်းကျင်သည် လမ်းမများပေါ်တွင် စစ်ဆေးရေးများလုပ်ပြီး မေးသမျှ မဖြေနိုင်ပါက ကားသိမ်း၊ ဆိုင်ကယ်သိမ်း၊ ဖုန်းသိမ်းမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ (more…)
Read More
ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ ယနေ့ကျင်းပသည့် မွမ်းမံသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ပြီး လက်နက်များနှင့် အလှူငွေ (၁၀) သိန်းပေးအပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
အင်းစိန်ထောင်မှ ဖမ်းဆီးခံထားရသူ (၅၀၀) ဝန်းကျင် သာယာဝတီထောင်နှင့်ဒိုက်ဦးထောင်ပြောင်းရွေ့

အင်းစိန်ထောင်မှ ဖမ်းဆီးခံထားရသူ (၅၀၀) ဝန်းကျင် သာယာဝတီထောင်နှင့်ဒိုက်ဦးထောင်ပြောင်းရွေ့

RNA_ဇန်နဝါရီ(၁၆)၊၂၀၂၃ ခုနှစ်။   ရန်ကုန်မြို့၊ အင်စိန်အကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူ အမျိုးသမီး (၁၀၀) ဝန်းကျင်နှင့် အမျိုးသား (၄၀၀) ဝန်းကျင်ကို ကား ၄ စီးဖြင့် သာယာဝတီထောင်နှင့် ဒိုက်ဦးထောင်ကို ဇန်နဝါရီ (၁၄) ရက်နေ့ နံနက်ကိုင်းက ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။   "ထောင်ပြောင်းသွားတာ အကုန် ၅၀၀ နီးပါးရှိတယ်လို့ ဒီနေ့ ရုံးထုတ်လာသူတွေဆီကနေသိရတယ်၊ အခုရက်ပိုင်းမှနော် အမျိုးသမီးက ၁၀၀ လောက်ပါတယ်၊ သာယာဝတီထောင်ကို အများဆုံးပြောင်းတယ်တဲ့ မိသားစုတွေကတော့ မသိရသေးဘူး ဘယ်သူတွေပြောင်းတဲ့အထဲပါလည်းဆိုတာလေ" ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကပြောသည်။ (more…)
Read More
နှစ်ပေါင်း ၁၂၀ ကျော် “ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သ္ခင်မဘုရားကျောင်း” မီးရှို့ခံရ

နှစ်ပေါင်း ၁၂၀ ကျော် “ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သ္ခင်မဘုရားကျောင်း” မီးရှို့ခံရ

RNA_ဇန်နဝါရီ(၁၅)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ချမ်းသာရွာမှ နှစ်ပေါင်း ၁၂၉ နှစ်ရှိ "ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သ္ခင်မဘုရားကျောင်း"ကို ယနေ့ နံနက်က စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ ခရစ်ယာန်ကက်သလစ်သာသနာ ဗိမာန်တော်ဘုရား ရှိခိုးကျောင်းတော်ကြီးနှင့် ရေဦးနယ်အတွင်း အဝေးမှ လှမ်းမြင်နိုင်သော ဘုရားကျောင်းခေါင်းလောင်းစင်ကြီး အပါ အဝင်ဘုရားကျောင်းဝင်းအတွင်းရှိ မကြာသေးခင်က အသစ်မွမ်းမံ ပြန်လည်တည်ဆောက်ထားသည့် Fr. ဘုန်းတော်ကြီးကျောင်းတိုက်၊ သမိုင်းဝင် ရာပြည့် Sr.သီလရှင်ကျောင်းတိုက်တို့ကို စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးသွားသည့်အတွက် ဘုရား ရှိခိုးကျောင်းခေါင်းလောင်း စင်ကြီးပါပြာကျသွားကြောင်း သိရသည်။ (more…)
Read More
မဲစာရင်းကောက်သော ထွေအုပ်ဝန်ထမ်း (၄) ဦး ဖမ်းဆီးခံရ

မဲစာရင်းကောက်သော ထွေအုပ်ဝန်ထမ်း (၄) ဦး ဖမ်းဆီးခံရ

RNA_ဇန်နဝါရီ(၁၅)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြောင်မြိုါနယ်တွင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်း (၃)ဦးနှင့် အမျိုးသားဝန်ထမ်း(၁)ဦးတို့ကို စစ်ကိုင်းခရိုင် တပ်ရင်း(၅ ) MRA မှ ယမန်နေ့ (ဇန်ဝါရီလ (၁၄) ရက်)က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ " စစ်ကောင်စီကျင်းပပြုလုပ်မည့် အတုအယောင်ရွေး ကောက်ပွဲအတွက် မဲစာရင်းကိစ္စဖြင့်လာရောက်ရာ စစ်ကိုင်းခရိုင် တပ်ရင်း(၅ ) MRA မှ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ (၄) ဦးအား စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီ အပြစ် ပေးအရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်" ဟု NUG ပြည်ထဲရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ်အတွင်း အာဏာသိမ်း…
Read More
ရပ်/ကျေး NLD ပါတီ ရုံးဖွင့်ထားသူ မိသားစု(၈) ဦး အသတ်ခံရ

ရပ်/ကျေး NLD ပါတီ ရုံးဖွင့်ထားသူ မိသားစု(၈) ဦး အသတ်ခံရ

RNA_ဇန်နဝါရီ (၁၅)၊၂၀၂၃ ခုနှစ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီ ရပ်/ကျေးရုံး ဖွင့်လှစ်ထားသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာတွင် အသက် (၆) နှစ်အရွယ် ကလေးငယ် (၁) ဦးအပါအဝင် ဦးကျော်လှိုင်တို့ မိသားစု (၈) ဦး သတ်ခံရကြောင်း သိရသည်။ " ကျေးရွာနေ NLD ပါတီ ထောက်ခံသည့်မိသားစုများ ဖြစ်ကြသည့် ဦးကျော်လှိုင်နှင့် ဒေါ်မြညွှန့်တို့ နှစ်ဦးအပါ အဝင် မိသားစုဝင် ရှစ်ဦးအား ဓားဖြင့် မွှမ်းထားသည့် ဒဏ်ရာများအပြင် လည်လှီးထားသည့်ပုံစံများဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်" ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က ယနေ့ ထုတ်ပြန်ထားသည်။…
Read More
အင်းစိန်ထောင်မှာ ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်နေပြီး အကျဉ်းသားတချို့ကို ထောင်ပြောင်း

အင်းစိန်ထောင်မှာ ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်နေပြီး အကျဉ်းသားတချို့ကို ထောင်ပြောင်း

RNA_ဇန်နဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။   ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ခဲ့ပြီး အကျဉ်းသားတချို့ကို ပြီးခဲ့သည့်ညပိုင်းက ထောင်ပြောင်းရွေ့မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။   “ ပြီးခဲ့တဲ့ ရက်ပိုင်းက ထောင်ဝန်ထမ်းတွေကို စာရင်းကောက်တာတွေလုပ်တယ်၊ ရွေးကောက်ပွဲအတွက်​ေ ပြင်ဆင်နေတာပေါ့၊ တနေ့က ပြည်ထဲရေးဝန်ကြီး လာသွားတယ်၊ မနေ့ညကတော့ အကျဉ်းသားတချို့ကိုထောင်ပြောင်းတယ်” ဟု အင်းစိန်အကျဉ်းဦးစီဌာနနှင့် နီးစပ်သူ တစ်ဦးက Red News Agency ကို်ပြောသည်။   အကြမ်းဖက်အာဏာသိမ်းခဲ့သည့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ရန် မဲစာရင်းများကို ပြုစုနေကြောင်း၊ မင်းအောင်လှိုင်ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲကို နွေဦးတော်လှန်ရေးအင်အားစုများက လက်မခံကြောင်း၊…
Read More
စစ်ကိုင်းတိုင်းက “စစ်ခွေးနိဂုံး 2023” ကြွေးကြော်သံ

စစ်ကိုင်းတိုင်းက “စစ်ခွေးနိဂုံး 2023” ကြွေးကြော်သံ

“စစ်ခွေးနိဂုံး ၂၀၂၃” ၊ “ဆိတ်ခေါင်းချိ်တ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ” RNA_ ဇန်နဝါရီ (၁၄)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းနှင့် စစ်ကိုင်းတိုင်းအတွင်းကျေးရွာများအထိရောက်ရှိပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒေသခံစစ်ဘေးရှောင်များ ကူညီရေးနှင့် ဒေသခံ PDF များဖြင့် ပူးပေါင်း ဆန္ဒပြပွဲများ ဖော်ဆောင်နေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဆန္ဒပြပွဲရုပ်သံများကို ဖော်ပြလိုက်ပါသည်။ မုံရွာမြို့နယ်တဝိုက်မှာ “စစ်ခွေးနိဂုံး ၂၀၂၃” “ဆိတ်ခေါင်းချိ်တ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ” စသည့် စာတန်းများ ကြွေးကြော်သံများဖြင့် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆန္ဒပြခဲ့ကြသည်။ စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများ ဝင်ရောက်နေသလို လမ်းမထက်က ဆန္ဒပြပွဲများမှာလည်း ယနေ့အချိန်ထိအားကောင်းနေပြီး စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းများထိုးကာ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို နေ့စဉ်ဖျက်ဆီးနေသည်။ Red…
Read More
ကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ကွဲပြီး သင်းအုပ်ဆရာ (၂) ဦးအပါအဝင် (၅) ဦးသေဆုံး

ကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ကွဲပြီး သင်းအုပ်ဆရာ (၂) ဦးအပါအဝင် (၅) ဦးသေဆုံး

RNA_ဇန်နဝါရီ(၁၄)၊၂၀၂၃ ခုနှှစ်။   စစ်ကောင်စီတပ် တိုက်လေယာဉ် (၄) စီးဖြင့် ဗုံး (၈) လုံးကျဲရာ လေးဝါးကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ပွဲပြီး ကတ်သလစ် သင်းအုပ်ဆရာ စောရယ်ဒီ၊ နှစ်ခြင်းခရစ်ယာဉ် အသင်းအုပ်ဆရာတော် စောချမ်အေး၊ အသက် ၂ နှစ် ၁၁ အရွယ် နော်မရီးနာတို့သားအမိနှင့်စောဖါးဘလယ်တို့ သေဆုံးခဲ့ရကြောင်း သိရသည်။   ကရင်ပြည်နယ်၊ KNU မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပေးကေးကျေးရွာအုပ်စု၊ လေးဝါးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ် (၄) စီးဖြင့် ဇန်နဝါရီ လ (၁၂) ရက်နေ့ နေ့လည် (၂) နာရီ (၁၃) မိနစ်ဝန်းကျင်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ (more…)
Read More