အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် KNLA၊ PDF ပူးပေါင်းစစ်ကြောင်း ယနေ့လည်း စစ်ဆေးမှုပြုလုပ် 

RNA_ဇွန်(၂၀)၊၂၀၂၃ ခုနှစ်။

မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် မော်တော်ယာဉ်သွားမှုနှင့် ပတ်သက်ပြီး KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများက နေ့စဉ်မပြတ် လုံခြုံရေးရယူကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်‌လျှောက် ဇွန်လ ၁၈ ရက်နေ့မှ စတင်စစ်ဆေးခဲ့ရာ ယမန်နေ့နှင့် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လည် ၁၂ နာရီ ၃၀ မိနစ်တကြိမ်နှင့် နေ့လည် ၃ နာရီ ၃၀ မိနစ်မှ ၄ နာရီ ၃၀ မိနစ်ထိ တကြိမ်၊ ၂ နေရာခွဲ စစ်ဆေးခဲ့သည်ဟု တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ် (၃) ဒုစစ်ဒေသခွဲမှူးရုံးမှ ထုတ်ပြန်ထားသည်။

ဇွန်လ ၁၈ ရက်နေ့က ပြည်ထောင်စုလမ်းမကြီးပေါ်စစ်ဆေးစဉ် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်သူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ KNLA တပ်ရင်း ၂၇ နှင့် PDF ပူးပေါင်းစစ်ကြောင်းများ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်း မတစ်လျှောက် နယ်မြေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#RedNewsAgency

By Editor