Red News Agency

Independent Journalism for Justice and Human Rights.

Category: ဆောင်းပါး

  • အရှုံးပေါ်မယ့် နိုင်ငံတော်

    အရှုံးပေါ်မယ့် နိုင်ငံတော်

    ပဇီကြီးရွာ ဖြစ်စဉ်မျိုးမှာတောင် ကုလလုံခြုံရေးကောင်စီက အရေးမယူနိုင်အောင် မြန်မာစစ်တပ်ဖက်က ကာကွယ်ရပ်တည်ပေးခဲ့တယ်။ လက်ပံတောင်းလို တရုတ်ရဲ့ စီမံကိန်းနေရာတွေ မှာလည်း စစ်ကောင်စစ် စစ်ကြောင်းတွေကို တပ်စွဲနေရာချခွင့်ပေးထားတယ်။ လက်ခံထားတဲ့ စစ်ကြောင်းတွေက ကျေးရွာထဲက ပြည်သူတွေကို သတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့နေတာကို တရုတ်က သိသိလျက်ခွင့်ပြုထားတာဖြစ်တယ်။ နိုင်ငံမတည်ငြိမ်လေ တရုတ်အတွက်က အခွင့်ကောင်းရလေပါပဲ

    မေဇော်

    နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်ကူညီမယ်ဆိုတဲ့တရုတ်နိုင်ငံဟာအခုနှစ်ဦးပိုင်းကစလို့မြန်မာနိုင်ငံတွင်းကလက်နက်ကိုင်အင်အားစုတွေနဲ့ထိတွေ့ဆက်ဆံမှုတွေပိုနီးကပ်လို့လာပါတယ်။ဒါကိုအကောင်းဘက်ကလို့ထင်ရင်မှားသွားတိုင်ပါတယ်၊တရုတ်ရဲ့အကျိုးစီးပွားနဲ့လူသတ်စစ်တပ်ကိုဘာ့ကြောင့်ထောက်ခံနေကာကွယ်နေသလဲဆိုရင်တရုတ်အကျိုးစီးပွားတခုထဲနဲ့မြန်မာနိုင်ငံကိုကံဆိုးမိုးမှောင်ကျဖို့ဖြစ်ပါတယ်။

    ၂၀၂၃၊မေလပထမပတ်မှာပဲတရုတ်ရဲ့နိုင်ငံခြားရေးသံတမန်တန့်ရှီကျန်ဟာစစ်ခေါင်းဆောင်တွေဖြစ်တဲ့သန်းရွှေ၊မင်းအောင်လှိုင်တို့နဲ့တွေ့ဆုံခဲ့ပါတယ်။မတိုင်ခင်၂ပတ်လောက်အလိုမှာလည်းတရုတ်အစိုးရရဲ့နိုင်ငံတကာဆက်ဆံရေးကညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်မြန်မာနိုင်ငံကိုတိတ်တဆိတ်လာရောက်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီတွေ့ဆုံမှုတွေမှာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအပြင်စီးပွါးရေးအကျိုးတူကိစ္စတွေကိုလည်းနှစ်ဖက်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

    မရှေးမနှောင်းမှာပဲ တရုတ်အစိုးရဟာ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကို ယူနန်ပြည်နယ်မှာ ခေါ်ယူဆွေးနွေးခဲ့ပါသေးတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာတော့ NDAA နဲ့ဆက်စပ်တဲ့အမေရိကန်ရဲ့ကာကွယ်ရေးအထောက်အပံ့တွေလက်မခံဖို့တရုတ်ကတိုက်တွန်းခဲ့ပါတယ်။အခြားထွက်မလာတဲ့တိုက်တွန်းမှုတွေရှိပါသေးတယ်။တရုတ်နိုင်ငံရဲ့နိုင်ငံခြားရေးမူမှာဘယ်သူသေသေငတေမာရင်ပြီးရောဆိုပြီးဘယ်တွေမှာဘာတွေဖြစ်ဖြစ်လူတွေဘယ်လောက်သေသေသဘာဝပတ်ဝန်းကျင်တွေဘယ်လောက်ပျက်စီးစီးသူတို့အကျိုးအတွက်မလုပ်ရဲ့တာ ဘာမှမရှိပါဘူး။

    (more…)

  • သတိထားစရာ စစ်ကောင်စီတပ်၏ အောက်တန်းကျမှုများ

    သတိထားစရာ စစ်ကောင်စီတပ်၏ အောက်တန်းကျမှုများ

    “တိုက်ပွဲများပြင်းထန်နေသည့် ကရင်ပြည်နယ်အတွင်း KNU အပါအဝင် ပြည်သူ့တော်လှန်ရေးအင်အားစုများ၏ ဖုန်းဖြင့်ဆက်သွယ်ပြောကြားချက်အပါအဝင် ဆက်သွယ်ရေးစက်များဖြင့် ပြောကြားချက်များကို ကြားဖြတ်နားထောင်နေသည့် မှတ် () အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်းသည် တောင်ငူမြို့တွင် တည်ရှိနေ”

    အောင်ဇေ

    ဗမာစစ်တပ်သည်ပြည်သူများကိုသတ်ဖြတ်၊ ဖမ်းဆီးနှိပ်စက်မှုများထက် ဆိုးသွန်းယုတ်မာသည့်ကိစ္စများရှိမြင်မဟုတ်ဟု ထင်ရသော်လည်း စစ်အရေးအသာစီးရယူလိုမှုဖြင့် ဆက်သွယ်ပြောဆိုချက်များကို စဉ်ဆက်မဖြတ်စောင့်ကြည့်နေသည့် အောက်တန်းကျမှုတခုအကြောင်း ပြောပြချင်ပါသည်။ နွေဦးတော်လှန်ရေးကာလပထမအစပိုင်းတွင် ပြည်သူများသည် ဆက်သွယ်ရေးနှင့်ပတ်သက်ပြီး ဖုန်းပြောချက်များ မလုံခြုံဟုပြောဆိုခဲ့ကြသည်ကို မှတ်မိအုံးမည်ထင်ပါသည် အဲဒါဟာအမှန်ဖြစ်ကြောင်း ပြောကြားလိုပါသည်။

    ယခုပြောပြချင်သည့်အကြောင်းကတော့ ပြည်သူတွေနေ့စဉ် ပြောကြားနေသည့် ဖုန်းလိုင်းများထက် ပိုအရေးကြီးသည့် စစ်ရေးကိစ္စများကို ပြောမှာဖြစ်သည်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ယခုမှ ဒါမျိုးကိုလုပ်နေတာမဟုတ်ဘဲ ယခင်ကတည်းက လုပ်ဆောင်နေသည်ကို ပထမဆုံး ပြောကြားချင်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တွေ NCA လက်မှတ်ရေးထိုးပြီးပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်စဉ်ကာလကတည်းက ကြားဖြတ်ဖမ်းယူနားထောင်နေကြခြင်း ဖြစ်သည်။

    ၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ယခင်ထက်ပို၍ ကြားဖြတ်နားထောင်ခြင်းကိစ္စများကို ပိုလုပ်ဆောင်လာခဲ့ပါသည်။ အောက်ပါအချက်များသည် ဒေသအလိုက်လုပ်ဆောင်နေသည့် သတင်းအချက်အလက်များကို ပြောပြမှာဖြစ်ပါသည်။ စစ်ကောင်စီတပ်နှင့် ခုခံစစ်ဆင်နွှဲနေသည့် ပြည်သူ့တော်လှန်ရေးသမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် သတိထားရှောင်နိုင်ရန်အတွက် ရည်ရွယ်၍ ယခုစာကိုရေးသားရခြင်း ဖြစ်သည်။

    (more…)

  • စစ်ကောင်စီတပ်အတွင်း ပြိုကျနေသည့် အင်အား

    စစ်ကောင်စီတပ်အတွင်း ပြိုကျနေသည့် အင်အား

    တပ်နှင့်မိုင်းလားတို့ကိုထိမ်းချုပ်ဖို့ပြင်ဆင်ထားသည့် စစ်ကောင်စီတပ်တွေမှာဘယ်တုန်းကမှ မကြုံဖူးခဲ့သည့်အနေအထားကို ကြုံတွေ့နေကြရတာကတော့ ကယားနှင့်ချင်းပြည်နယ်ဘက် တပ်အင်အား လွှတ်နေရတာခြင်းဖြစ်သည်။ ကယားပြည်နယ်တိုက်ပွဲများဘက်စစ်ကူသွားနေကြသည့်အခါ နယ်မြေမကျွမ်းကျင်မှုကြောင့် အသေအဆုံးများနေကြရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်မှာ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမကွေးတိုင်းများတွင် နေ့စဉ်သေဆုံးနေရပြီး နောက်တန်းအင်အားနည်းပါးနေကြသည်

    အောင်ဇေ

    အာဏာသိမ်းပြီးနောက်စစ်ကောင်စီလက်အောက်ခံ တပ်အင်အားပြဿနာသည် တိုင်ရင်းသားလက်နက်ကိုင်များနှင့် PDF ရဲဘော်များအားစစ်မျက်နှာအသီးသီးတွင်ရင်ဆိုင်နေရသည့်အခြေအနေများမှာတော်တော်ဆိုးဆိုးရွားရွားကျဆင်းလာခြင်းဖြစ်နေသည်။မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာတွင်လည်းများစွာကျဆုံးထိခိုက်ဒဏ်ရာရရှိခြင်း၊စခန်းများဝင်ရောက်တိုက်ခိုက်ခံရချိန်တွင်လည်းထိခိုက်ကျဆုံးမှုများစွာရှိခြင်းနှင့်တပ်ပြင်ထွက်ပါကလည်းပစ်ခတ်ရှင်းလင်းခံခြင်းများမှာနေ့စဉ်ဖြစ်ပွားနေသည်။

    မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အင်အားသည် သိသိသာသာထိခိုက်ကျဆင်းလာတာကို တွေ့ရှိနေရသည်။ ဥပမာ အနေဖြင့်ချင်းပြည်နယ်တွင် ဖြစ်ပွားသည့်တိုက်ပွဲများကိုကြည့်မည်ဆိုပါလျှင် သံချပ်ကားယာဥ်တန်းတိုက်ခိုက်ခံရမှု တွင်ယာဥ်တန်းတစ်ခုလုံးတိုက်ခိုက်ခံရသည့်အပြင် အရာရှိအခြားအဆင့်များစွာလည်း ကျဆုံးထိခိုက်ပြီး သံချပ်ကားယာဥ် ၂ စီးနှင့် အုပ်ချုပ်မှုယာဥ်များ စစ်လက်နက်ပစွည်းများစွားလည်း ပျက်ဆီဆုံးရှုံးခဲ့ရသည်အထိ ဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။ အာဏာသိမ်းပြီးနောက်ကျဆုံးမှုများတွင်လည်း ဗျူဟာမူး၊ တပ်ရင်းမူး၊ ဒုတပ်ရင်းမူး၊ ဗိုလ်မူးအဆင့်ထိပါ ထိခိုက်ကျဆုံးမှုများရှိသည်။ ကရင်နီ၊ ချင်း၊ ကရင်စသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ် ရာထူးကြီးတွေပါ သေနေသည်မှာ အားလုံးအသိဖြစ်သည့်အတိုင်း တပ်တွင်းမှာလဲ ရှေ့တန်းမထွက်ရရေး ဖရိုဖရဲဖြစ်နေကြသည်။

    ထိုသို့ထိခိုက်ဆုံးရှုံးမှုများလာပြီးအင်အားနည်းပါလာသောပြဿနာကိုဖြေရှင်းရန်အတွက်လည်းတပ်သားသစ်စုဆောင်းမှုကိုစစ်ဆင်းရေးတရပ်အနေဖြင့်ပြုလုပ်လာသည်ကိုလည်းတွေရှိရပါသည်။အာဏာမသိမ်းမှီကာလတွင်တပ်မတော်သို့ဝင်ရောက်စစ်မှုထမ်းလိုသူများရှိခဲ့ပါသည်။ထိုအချိန်တွင်တပ်မတော်သို့ဝင်လိုလျင်ပညာအရည်အချင်းအသက်မှတ်ပုံတင်အစရှိသောစာရွက်စာစာတမ်းများကိုစိစစ်ပြီးမှသာလက်ခံခဲ့သည်ကိုလည်းတွေ့ရှိခဲ့ရပါသည်။ယခုအာဏာသိမ်းပြီနောက်ပိုင်းတွင်အကြမ်းဖက်စစ်တပ်ဖြစ်နေသည့်အတွက်ဝင်ရောက်လိုသူမရှိဖြစ်နေပြီးတပ်သားသစ်အတော်ရှားသွားခဲ့သည်။

    (more…)

  • တရုတ်အကျိုးစီးပွားနဲ့ တပ်တွင်းအားပြိုင်မှု ပြင်းထန်တော့မှာလား …….

    တရုတ်အကျိုးစီးပွားနဲ့ တပ်တွင်းအားပြိုင်မှု ပြင်းထန်တော့မှာလား …….

    မင်းအောင်လှိုင်မဟုတ်သော စစ်ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ဖို့နဲ့မင်းအောင်လှိုင်ကို ထိုးကြွေးပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့ ကို ဦးတည်နေတာကို သိသာထင်ရှားစွာမြင်လာရပါတယ်……

    ရေဂါ – ရေးသားသည်။

    တရုတ်အစိုးရဟာ ၂၀၂၃  နှစ်ဦးပိုင်းကနေ ဒီနေ့အထိ ကို မြန့်မာအရေးနဲ့ပါတ်သက်လို့ ခပ်စိတ်စိတ်ခြေလှမ်းသွက်လုပ်ဆောင်နေတာတွေကိုတွေ့ရပါတယ်။တရုတ်ဟာ မြန်မာပြည်ရဲ့ တရားမျှတမှုမမျှတမှုတွေ အကျပ်အတည်းတွေ ပြည်သူတွေရဲ့ဒုက္ခတွေကိုလုံးလုံးစိတ်မဝင်စားပဲ ၎င်းတို့ရဲ့အကျိုးစီးပွားတွေမထိခိုက်ဖို့နဲ့အလုံးစုံ လက်ဝေခံနိုင်ငံတစ်ခုအဖြစ် သူ့လက်အောက်မှာထားရှိနိုင်ရေးကိုသာ ဦးတည်စဉ်းစားနေတာဖြစ်ပါတယ်။

    မြန်မာပြည်ဟာတရုတ်ရဲ့ပထဝီဝင်နိုင်ငံရေးအရ အိမ်နီးချင်း ခြံစည်းရိုးတစ်ခုဖြစ်သလို ပင်လယ်ထွက်ပေါက်တစ်ခုလည်းဖြစ်နေပြန်ပါတယ်။ ရခိုင်ကမ်းရိုးတန်းကနေ တနင်္သာရီအထိ ၁၃၈၅ မိုင်ထိ ကျယ်ပြန့်တဲ့ပင်လယ်ထွက်ပေါက်နဲ့သဘာဝဓာတ်ငွေ့သိုက်တွေ ဟာလဲ တရုတ်ရဲ့မျက်စိကျစရာ ကမ္ဘာ့ပါဝါချိန်ခွင်လျှာမှာ အသာစီးရစေရေးအတွက် ဗျူဟာမြောက်နေရာတစ်ခုဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီလို သူရဲ့ကမ္ဘာ့နံပါတ်တစ်ဖြစ်လာ ဖို့ အိပ်မက်အကောင်အထည်ဖော်ရမှာအရေးပါတဲ့မြန်မာပြည်မှာ မတည်မငြိမ်ဖြစ်နေတာမျိုးကိုသူမလိုလားသလို အားလုံးတစ်ညီတစ်ညွတ်တည်းစည်းလုံးနေမှာမျိုးကိုလဲသူမလိုလားပါဖူး။ဒါကြောင့် ရှုံးနိုင်ချေများနေတဲ့ စစ်တပ်ကို နိုင်မြင်းအဖြစ်မဟုတ်ရင်တောင် Win-Win အခြေအနေဖြစ်အောင်လုပ်ပြီး မြန်မာပြည်ရဲ့အာဏာမသိမ်းခင် အခြေအနေကိုပြန်ရောက်အောင်တွန်းပို့နိုင်ဖို့ကို အားထုတ်နေတယ်လို့ ရှုမြင်သုံးသပ်လို့ရနိုင်ပါတယ်။

    (more…)

  • တော်လှန်ရေးသည်ကလဲ့စားမဟုတ်

    တော်လှန်ရေးသည်ကလဲ့စားမဟုတ်

    “ငါတို့တော်လှန်းရေးလုပ်နေတယ်ဆိုတာ ကလဲ့စားချေနေတာမဟုတ်ဘူး။ သူတို့ယုတ်မာသလို ငါတို့ ပြန်မယုတ်မာဘူး။ ငါ့ရဲဘော်တွေထဲမှာ ရွာလုံးကျွတ်မီးရှို့ခံရပြီး မိသားစုဝင်တွေ ရက်ရက်စက်စက်သတ်ခံရလို့ ဝင်လာတဲ့သူတွေ အများကြီး။ သူတို့ကိုလည်း တော်လှန်ရေးနဲ့ ကလဲ့စား မရောဖို့ ငါအမြဲမှာတယ်။ ငါတို့က တိုင်းပြည်ကိုအမှန်တကယ်ပြောင်းလဲစေချင်လို့ တော်လှန်နေတာ”
     
    ချမ်းမင်း – CDM တပ်မတော်သား
    မြန်မာနိုင်ငံရဲ့ တော်လှန်ရေးခရီးဟာ ရက်မှလ လမှနှစ်သို့ကူးပြောင်းလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ တော်လှန်ရေးနဲ့ပတ်သတ်ပြီး အတွေးအမြင်တွေဟာလဲရင့်ကျက်လာကြတယ်။ တော်လှန်ရေးအသိနဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့ရကိပိုင်းက ကြုံတွေ့ခဲ့ရတာလေးကိုပြောပြချင်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော်တို့ ခရီးတစ်ခုထွက်ရင်း KNU တပ်ရင်းတစ်ရင်းမှာ ညအိပ်ဖြစ်ကြတယ်။
     
    ကျွန်တော်တို့ရောက်သွားတာ ညနေပိုင်းဆိုတော့ အားကစားလုပ်တဲ့သူနဲ့ သောင်းရင်းမြစ်မှာ ရေဆင်းချိုးတဲ့သူတွေနဲ့ သူတို့ကိုကြည့်ရတာ အတော်လေးပျော်ဖို့ကောင်းနေပါတယ်။ အဲ့က ကရင်စစ်သားတွေက ဗမာစကားကောင်းကောင်းပြောတက်ကြပြီး ဖော်လဲဖော်ရွေကြတယ်။ ကျွန်တော်တို့ကို နေရာထိုင်ခင်းချပြီးတော့ နင်တို့ရေချိူးကြမလား ဒီမှာတော့ မြစ်ထဲပဲချိူးကြတာပဲဆိုပြီး မြစ်ကမ်းဘေးလိုက်ပို့ပေးကြပါတယ်။
     
    ရေမိုးချိုးထမင်းစားပီး ခဏတဖြုတ်နားနေတဲ့အချိန်မှာ ရဲဘော်တစ်ယောက်က ကျွန်တော်တို့ကို တပ်ရင်းမှူးက ခေါ်ခိုင်းလိုက်လို့ဆိုပြီး လာခေါ်ပါတယ်။ ကျတော်တို့လဲ ရဲဘော်လေးခေါ်ရာ လိုက်သွားတော့ တပ်ရင်းမှူးဆိုသူရဲ့ အိမ်ကိုရောက်သွားပါတယ်။

    (more…)

  • ယုံကြည်ရာ

    ယုံကြည်ရာ

    CDM လုပ်ခဲ့တဲ့ကျွန်တော် ယုံကြည်ရာတစ်ခုအတွက် တစ်နှစ်ကျော် ၂ နှစ်နီးပါးလျှောက် လာခဲ့တဲ့လမ်းမှာ ခက်ခဲခဲ့ပါတယ်။ ကျွန်တော်အဓိကပြောချင်တဲ့အချက်ကတော့ ကိုယ်ယုံကြည်လို့ လျှောက်တဲ့လမ်းဟာ ကြမ်းရင်ကြမ်းတမ်းနေလိမ့်မယ်၊ ခက်ခဲရင် ခက်ခဲလိမ့်မယ် ဒါပေမဲ့ လဲပြိုမသွားဘူး
    ဇော်ရဲအောင် (CDM တပ်ကြပ်ကြီး)
    ကျွန်တော်ရွေးခဲ့တဲ့လမ်းဟာ အရမ်းမှောင်နေတယ်ဆိုပေမဲ့ အလင်းရောင်ကိုမမြင်နိုင်တာတော့မဟုတ်ပါဘူး။ ဟိုးအဝေးတစ်နေရာမှာ ရောင်နီသန်းနေတဲ့ အလင်းမှိန်မှိန်လေးကိုတော့ တွေ့နေရပါတယ်။ အဲဒီအလင်းရောင်လေးနားကိုရောက်ဖို့ ကျွန်တော်ကြိုးစားနေပါတယ် ယုံကြည်ချက်အပြည့်နဲ့ပေါ့။
     
    အရင်ကျွန်တော် CDM လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တဲ့အချိန်တုန်းက ကျွန်တော်ရဲ့အတွေးဟာ ဒီတော်လှန်ရေး နိုင်မယ်ဆိုတာသိတယ် ခက်ခဲမယ်လို့မတွေးခဲ့ဘူးဘူး။ ဒီလိုအတွေးနဲ့ကျွန်တော်ဟာ အကြမ်းဖက်စစ်တပ်ရဲ့အရိပ် ကနေထွက်လာခဲ့ပြီး ပြည်သူ့ဘက်ကို ရပ်တည်ခဲ့ပါတယ်။ လွယ်လွယ်လေး တွေးခဲ့တဲ့ကျွန်တော်ပေါ့။ ပြည်သူ့ဘက်ကိုရပ်တည်လာတဲ့အချိန်မှာလဲ ကျွန်တော်ဘာလုပ်ရမယ်ဆိုတာမသိခဲ့ဘူး။ ဘယ်သူတွေနဲ့ချိတ်ဆက်ပြီး ကိုယ် ဒီတော်လှန်ရေးအတွက် ဘာလုပ်ပေးနိုင်တယ်ဆိုတာလဲမသိခဲ့ပါဘူး။ ကျွန်တော်ကိုယ်ကျွန်တော် အကြမ်းဖက်စစ်တပ်ကနေထွက်လာတာနဲ့ တာဝန်ကျေနေပြီလို့ဘဲ ထင်ခဲ့တာပါ။
     
    ဒီလိုနဲ့စစ်တပ်ထဲကနေ ကျွန်တော်ထွက်လာတော့ တောင်ကြီးမြို့ရဲ့ ရွာလေးတစ်ရွာမှာ သူငယ်ချင်းတစ်ယောက်ရဲ့အကူအညီနဲ့ ခြံအလုပ်လုပ်ရင်းတိမ်းရှောင်နေခဲ့တယ်။ မြို့နဲ့လဲ အလှမ်းဝေးလွန်းတော့ မီးမရပါဘူး။ ဆိုလာ (Solar) လေးနဲ့ ဖုန်းအားသွင်းရပါတယ်။ မနက်ထ ထမင်းစားပြီးပြီဆိုတာနဲ့ ခြံထဲမှာရှိတဲ့မြက်တွေပေါက်ရပါတယ်။ထောပတ်အပင်တစ်ထောင်ရှိတဲ့ခြံဆိုတော့ တော်တော်လေးကျယ်ပါတယ်။ အလုပ်သမားကတော့ ကျွန်တော်အပါအဝင် သုံးယောက်ပါ။ ကျွန်တော်တို့နေရတဲ့ တဲလေးဆိုရင် မိုးကာနဲ့ပတ်ထားတော့ လေမလုံသလို မိုးလဲမလုံပါဘူး။ ဒါပေမဲ့လေမလုံ မိုးမလုံတဲ့တဲလေးမှာနေရင်း ယုံကြည်ရာတစ်ခုအတွက် ကျွန်တော်လျောက်နေရတဲ့ ခြေလှမ်းတိုင်းဟာ ပျော်ရွှင်စရာတွေနဲ့ ပီတိဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ တစ်နေ့တစ်နေ့ မြက်ပေါက်လိုက် မြက်ဖြတ်လိုက်လုပ်လာရာကနေ တောင်ကြီးမြို့ရဲ့ ရွာလေးတစ်ရွာမှာ ၆ လကျော် ၇ လနီးပါး ကြာခဲ့ပါတယ်။ နောက်တော့ခြံထဲမှာနေဖို့ အခက်အခဲလေးတွေရှိလာတာနဲ့ တောင်ကြီးမြို့ပေါ်က UG အဖွဲ့တစ်ခုမှာ ၂ လလောက် သွားနေခဲ့ရပါတယ်။

    (more…)

  • ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်

    ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်

    RNA_ဧပြီ(၁၈)၊၂၀၂၃ ခုနှစ်။

    စစ်တိုင်းတိုင်း၊ ကန့်ကလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ (၁၇၀) ကျော်သေဆုံးခဲ့ရသည့်အထဲမှ လွတ်မြောက်လာသူနှစ်ဦး၏ ပြောကြားချက်ကို တင်ပြလိုက်ပါသည်။

    [embedyt] https://www.youtube.com/watch?v=kq3hPLXVasU[/embedyt]

    #RedNewsAgency

  • PDF (၃) ဖွဲ့ ပူးပေါင်း တင်ဆက်ထားသည့် တော်လှန်သင်္ကြန်သံချပ်

    PDF (၃) ဖွဲ့ ပူးပေါင်း တင်ဆက်ထားသည့် တော်လှန်သင်္ကြန်သံချပ်

    RNA_ဧပြီ(၁၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်း၊ စစ်ကောင်စီတပ်ကို လက်နက်ကိုင်တော်လှန်နေသည့် ညီနောင် မဟာမိတ် PDF (၃) ဖွဲ့ ဖြစ်သည့် Golden Eagle Defence Force – GEDF၊ Myin Mu Defence Force – MMDF၊ Just Fighter Force ရဲဘော်များ ပူးပေါင်းတင်ဆက်ထားသည့် တော်လှန်သင်္ကြန်သံချပ်ကို ပြည်သူများအတွက် တင်ပြလိုက်ပါသည်။

    [embedyt] https://www.youtube.com/watch?v=-KAkVplHWK0[/embedyt]

    #RedNewsAgency

  • “နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

    “နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

    အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တရားခံ စစ်ကောင်စီအနေဖြင့် နမ့်နိန်းရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ၎င်းတို့အပြစ်ကို ဖုံးကွယ်ကာ တော်လှန်ရေးအဖွဲ့များကို အပစ်လွှဲချနေသော်လည်း အချက်အလက်များအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီက ကျူးလွန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်
    BACS
    ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော် (၃) ပါး၊ အမျိုးသား (၁၈) ဦးနှင့် အမျိုးသမီး (၁) ဦးတို့အား စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်ကို ဖုံးကွယ်ကာ ဘာသာရေး၊ လူမျိုးရေး ပြဿနာများဖြစ်ပွားအောင် နည်းမျိုးစုံဖြင့် စစ်ကောင်စီက ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။ မြေပြင် နီးစပ်သူများကို ဖုန်းဆက်မေးမြန်းရာတွင် ပျောက်ဆုံးနေသည့် ရွာသူရွာသား ၁၁ ဦး ရှိနေသေးကြောင်း လည်း သိရှိရသည်။
    ● အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဖုံးကွယ်ရန်ကြိုးစားခြင်း
    မတ်လ (၁၀) ရက်နေ့က ပင်လောင်းမြို့နယ် နမ့်နိမ်းရွာအနီးတွင် ဒေသတွင်း မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် နမ့်နိန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးလာခဲ့သည်။ လက်နက်ကြီးကျည် ကျရောက်ခြင်းကြောင့် နေအိမ်မီးလောင်မှုများနှင့် ဘုန်းကြီး ကျောင်းအတွင်း ခိုလှုံနေသည့် အရပ်သားတဦး သေဆုံးခဲ့ကြောင်းကို ပအိုဝ်းသတင်းဌာနဖြစ်သည့် The People’s Voice – ခမ်းသားငေါဝ်း Burmese Version သတင်း ( ပုံ – ၁ )တွင် ဖော်ပြထားသည်။ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းတွင် လက်နက်ကြီးပစ်ကူများ လေကြောင်းပစ်ကူများ အသုံးပြုကာ ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့သည်။
    ( ပုံ – ၁ )
    ● နမ့်နိန်းရွာ ပထမဆုံး သတင်းဖြစ်စဉ်
    စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီးနောက် နမ့်နိမ်းရွာ ဘုန်းကြီးကျောင်းအတွင်းအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့်ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ PDF များကို စစ်ကောင်စီတပ်က သတ်ဖြတ်နိုင်မှုအဖြစ် အစုလိုက်အပြုံလိုက်သေဆုံးနေသည့်ဓာတ်ပုံများကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက ဖြန့်ဝေခြင်းဖြစ်သည်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တခုဖြစ်သည့် Ko Thet – Telegram တွင် မတ်လ ၁၁ ညနေ ၆ နာရီ နောက်ပိုင်းကစတင်ကာ ဘုန်းကြီးကျောင်းဝန်းအတွင်း ပစ်ခတ်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ဓာတ်ပုံများကိုအသုံးပြုကာ “ဒါက အမြည်း ခေါင်းတွေ၊ နဖူးတွေ၊ ဘက်သီးတွေ ပုံတွေအများကြီးကျန်သေးတယ်” စသဖြင့် သတ်ဖြတ်ခံထားရသည့် ၃ ဦးပုံ စတင် တင်ခဲ့ပြီး “ဘုရားပေါ်မှာ Beer သောက်ပြီး စစ်တပ်ကိုပစ်တဲ့ ကယားပဒက်တွေကတော့ မြင်တဲ့အတိုင်းပဲ .. Sniper မိထားတာ .. ဒါ အမြည်းနော် ပြီးမှ စုတင်မယ် ..” ဆ ဆိုကာ နောက်ထပ်သတ်ဖြတ်ခံရသူ ၃ ဦးပုံ တင်ခဲ့သည်။ ထို့နောက် ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် ရုပ်အလောင်းများပေါ် လက်လုပ်သေနတ်များတင်ထားသည့် ပုံများဖြင့် “ကယားပဒက်များ၏ နိဂုံး” ဆိုသည့် အကြောင်းအရာကိုတင်ခဲ့သည်။( ပုံ – ၂ )
    ( ပုံ – ၂ )
    စစ်ကောင်စီဝါဒဖြန့်ချန်နယ်ပါ အရပ်သားများကို ကယား PDF ဟု စွပ်စွဲသတ်ဖြတ်ထားသည့်ပုံ စစ်ကောင်စီဝါဒဖြန့် ချန်နယ်များတွင် တင်ထားသည့် အချက်အလက်များကို စစ်ဆေးကြည့်သည့်အခါ သတ်ဖြတ်ခံရသူများသည် စစ်ယူနီဖောင်း၊ ဘောင်းဘီ ဝတ်ဆင်ထားခြင်းမရှိဘဲ အများစုမှာ ပုဆိုးများသာ ဝတ်ဆင်ထားသည် ကိုတွေ့ရသည်။

    (more…)

  • ဥပဒေ စိုးမိုးမှုမရှိတော့တဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်း အခြေအနေ

    ဥပဒေ စိုးမိုးမှုမရှိတော့တဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်း အခြေအနေ

    RNA_ဖေဖော်ဝါရီ()၊၂၀၂၃ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ဖားကန့်ကျောက်စိမ်းတွင်းတွေကိုဘယ်သူတွေစိုးမိုးနေလဲ၊ဘာ့ကြောင့်တိုက်ပွဲတွေမဖြစ်သလဲ၊ကျောက်စိမ်းတွေကိုဘယ်သူတွေတူးနေကြသလဲဆိုတဲ့အခြေအနေအရပ်ရပ်ကို တင်ပြလိုက်ပါသည်။

    [embedyt] https://www.youtube.com/watch?v=8_sruzlaK80[/embedyt]

    Red News Agency