13
Feb
ဆေးခန်းမှာ နေ့နေ့ညည ဆက်နေဖြစ်တဲ့အခါ CDM လူနာတွေကို ခွဲဖြစ်တာပေါ့ဗျာ။ သို့သော်ငြား အင်မတန်ကို သတိဝီရိယနဲ့ နေရတာပေါ့။ အရေးပေါ်ထွက်ပေါက်နဲ့ လှေကားကို သော့တောင်းထားရတယ်။ အဝင်အထွက် ဂယ်ပေါက်လေးတွေ ရှာရကြည့်ရတယ်။ အစစ်အဆေး လမ်းကြောင်းတွေကို လှစ်လှစ်ကလေးနေအောင် သိရတယ်။ စစ်ကားတွေတားစစ်နေရင် မီးပွိုင့် ၂ ခုစာလောက်ကနေ လှမ်းမြင်တတ်ရတာ။ ဆေးခန်းရှိတဲ့လမ်းထိပ်မှာ light truck တစ်စီးနဲ့ အရပ်ဝတ်တွေ လာရပ်နေရင် တိမ်းရတယ် သူငယ်ချင်းက သော့ပေးထားတဲ့ အခန်းလေးဆီကို ဒေါက်တာစိုးမင်း ( ဆရာဝန်တော်လှန်ရေးသမား) ခုရက်ပိုင်းအတွင်း ညကြီးသန်းကောင် လူနာလာလာနှိုးလို့ အိပ်ရတယ် မရှိပါဘူး။ လူနာမလာလည်း လေယာဉ်က လာပြန်တယ်။ လာပစေဟာ။ ဗုံးကျသံမကြားလို့ကတော့ ဆက်အိပ်မှာပဲ။ လေယာဉ်သံကြားတိုင်း…