၂နှစ်ပြည့်

ပြည်သူ့ခုခံတော်လှန်စစ် ၂ နှစ်အတွင်း ခံစစ်ပြင်လာရတဲ့ စစ်ကောင်စီ

ပြည်သူ့ခုခံတော်လှန်စစ် ၂ နှစ်အတွင်း ခံစစ်ပြင်လာရတဲ့ စစ်ကောင်စီ

"လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်အတွင်း စစ်ကောင်စီဟာသူတို့ကိုယ်တိုင် လမ်းတွေဖျက်တာအပြင်၊ စခန်းမကျအောင် အခိုင်အမာတည်ဆောက်နေရတဲ့အနေအထားပဲဖြစ်တယ်။ယခု နွေဦးတော်လှန်ရေးဟာ ပြည်သူတရပ်လုံးအပြင်၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ၊ အခြားသော အင်အားစုတွေကလည်း တော်လှန်ရေးမှာ စုစည်းပါဝင် ဆောင်ရွက်နေကြတယ်" မောင်ဝိ ၂၀၂၁ ခုနှစ် အာဏာစသိမ်းပြီဆို ကတည်းက လက်နက်အားကိုးအာဏာလုတဲ့စစ်တပ်က တပ်တွေထဲမှာ အရံအတားတွေ စပြီး လုပ်လာကြတယ်။ လူနဲ့ လက်နက်အင်အားအသုံးပြုပြီး လုံခြုံရေးတွေ ပိုချလာသလို၊ တပ်ပတ်ဝန်းကျင်မှာ ပြင်ပကနေ ခိုးဝင်မှာစိုးလို့ ခြံစည်းရိုးအစပ်နားတွေကို ဇီးဆူးတွေ၊ သံဆူးကြိုးတွေ အခိုင်အမာလုပ်လာကြတယ်။ အာဏာသိမ်းခါစဆိုပေမယ့် နောက်ဆက်တွဲကြုံလာရမယ့် ကိစ္စတွေကို စစ်တပ်ကလည်းသိပုံပေါ်ပါတယ်။ အခုလက်ရှိ ၂၀၂၃ ကာလမှာ စစ်တပ်က တပ်ပတ်ဝန်းကျင်တွေကို တူးမြောင်းတွေ၊ ကတုတ်ကျင်းတွေကိုပေါ်ပေါ်ထင်ထင်ပဲ ထပ်လုပ်ကြတယ်။အသိသာဆုံးဥပမာပေးရရင် ၂၀၂၃ ခုနှစ်၊…
Read More