Red News Agency

Independent Journalism for Justice and Human Rights.

Category: သဘောထားအမြင်

  • အလကားမရတဲ့တရားမျှတမှု

    အလကားမရတဲ့တရားမျှတမှု

    “တရားသူကြီးများသည် တရားမျှတမှုထက် လက်နက်ရှိသူကိုသာ ဘက်လိုက်နေကြ၏။ စစ်အာဏာရှင်၏လက်ကိုင်တုတ်အဖြစ် အသုံးတော်ခံနေ၏။ ထို့ကြောင့် တရားသူကြီး၊ ရှေ့နေနှင့်ရဲတို့သည် မြန်မာနိုင်ငံတွင် အားကိုး၍ရသောသူများ မဟုတ်ဟု ပြည်သူများ ပို၍ မြင်ကြ၏”
    *****
    ဖိုးဉာဏ်

    “ကျွန်တော်တို့ဟာ လူတစ်ယောက်ကို အပြစ်ရှိတယ်လို့ မတွေ့ရှိရမချင်း အပြစ်ကင်းသူလို့ပဲ ယူဆထားရမယ် ဆိုတဲ့မူနဲ့စီရင်တဲ့ ကျွန်တော်တို့ရဲ့တရားစီရင်ရေးနဲ့ပတ်သတ်ပြီး များစွာဂုဏ်ယူခဲ့ကြပါတယ်။ လူတစ်ယောက်ဟာ မသင်္ကာဖွယ်ရာ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်၊ ဒါပေမယ့် သူ့မှာ အပြစ်ရှိပါတယ်လို့ ခိုင်ခိုင်မာမာ ပြဖို့ကတော့ အစိုးရရဲ့တာဝန်ပဲဖြစ်ပါတယ်။ သို့ပေမယ့် တရားမင်းများခင်ဗျာ။ အစိုးရဘက်က အလုပ်တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်ဖို့ ပျက်ကွက်တယ်ဆိုရင်ရော ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ အရာရှိများက မသင်္ကာသူကို ဖမ်းဆီးချုပ်နှောင်ပြီးတဲ့နောက်မှာ သူတို့မှန်ကန်တယ်၊ သူတို့ဟာ အပြစ်ရှိသူကို မိထားပါပြီဆိုတာကို ပြဖို့အတွက် တည်ဆဲဥပဒေများရဲ့ နည်းပရိယာယ်မျိုးစုံ ၊ ဟောနည်းပြောနည်းမျိုးစုံ၊ အားနဲ့အင်နဲ့ဖိပြီး ညှင်းပန်းနှိပ်စက်တဲ့ နည်းမျိုးစုံတို့ကို သုံးကြတယ်ဆိုရင်ကော။”

    အထက်ပါစကားများသည် စာရေးဆရာထင်လင်း ဘာသာပြန်သော တစ်ကျွန်းစံ၏အပြန်လမ်းစာအုပ်မှ ရှေ့နေ ဂရေဟမ်က တရားရုံးတွင် ပြောဆိုသော စကားတချို့ဖြစ်ပါသည်။ မူရင်းစာရေးသူမှာ အင်္ဂလိပ်လူမျိုး ကမ္ဘာကျော် စာရေးဆရာ အေဂျေကရိုနင် (A.J.CRONIN) ဖြစ်ပြီး သူရေးသားခဲ့သော Beyond this place စာအုပ်ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ ၁၉၂၀ ဝန်းကျင်ကာလများကို နောက်ခံပြု၍ လူသတ်မှုတခုအကြောင်းကြောင့် ဖြစ်ပေါ်လာသော မတော်မတရားမှုများကို ဖော်ထုတ်၊ ပျက်စီး သွားသော မိသားစုဘဝ၊ ဖခင်၏ဂုဏ်သိက္ခာ စသည်တို့ကို ပြန်လည်အဖတ်ဆယ်ရန် လူငယ်တယောက်၏ ကြိုးစားမှုအဖြစ်အပျက်များ ရလဒ်များကို ရေးသားထားသည်။ ဝေါ့တလေမြို့တွင် မိုနာစပါးလိန်းဟူသော အမျိုးသမီးတယောက်ကို သတ်ဖြတ်ခဲ့သည်ဆိုသည့် ရီးစ်မက်ထရီ၏ အမှုသည် စတင်စစ်ဆေးခဲ့စဉ်က ဒေသဆိုင်ရာထင်ရှားမှုရှိခဲ့သည်။ ကျူးလွန်သူဟု အစိုးရရှေ့နေ၏ တရားစွဲဆိုခြင်း ခံရသော ရီးစ်မက်ထရီသည် ပြစ်မှုထင်ရှားသဖြင့် ကြိုးပေးပြစ်ဒဏ်ခံရလေသည်။ ထိုပြစ်ဒဏ်ကို မကျ,ကျစေရန်အတွက် အစိုးရရှေ့နေနှင့် ပုလိပ်မင်းကြီးတို့သည် မတော်မတရားသော ဥပဒေနည်းလမ်းများကို အသုံးပြုခဲ့ကြသည်။

    (more…)

  • အနောက်ရိုးမကို ကျော်ဖြတ်ပြီး လွန်မြောက်လာနိုင်သော တော်လှန်ရေးနယ်မြေများ 

    အနောက်ရိုးမကို ကျော်ဖြတ်ပြီး လွန်မြောက်လာနိုင်သော တော်လှန်ရေးနယ်မြေများ 

    “မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ဟာ ရခိုင်ပြည်နယ် အစပ်တွေ ဖြစ်နေတဲ့အတွက် တနိုင်ငံလုံးစစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးရည်မှန်းချက်ဖြစ်တဲ့ တော်လှန်ရေးအင်အားစုများရဲ့ မျှော်လင့်ချက်ကိုတော့ စစ်ကောင်စီအနေနဲ့ မချိုးဖျက်နိုင်သလို ထိုးစစ်ဆင်လာသမျှအတွင်းမှာလည်း စစ်ကောင်စီတပ်တွေဟာ ဖရိုဖရဲဖြစ်နေတာ အားလုံးအသိဖြစ်ပါတယ်။ အခုချိန်မှာတော့ AA ရဲ့ အောင်ပွဲတွေကတော့ ဗျူဟာကျကျနဲ့ ပုံမှန်လျှောက်လှမ်းနေဆဲသာဖြစ်ပါတယ်။ ကြိုတင်စဉ်းစားဆင်ခြင်နိုင်စွမ်းရှိပြီး မဟာဗျူဟာချမှတ်နိုင်တဲ့ ခေါင်းဆောင်ကောင်းရှိမှုအပေါ်မှာ အခြေခံတဲ့ တပ်အင်အား အစုအဖွဲ့ ကျစ်လစ် တောင့်တင်းခိုင်မာမှု၊ လုံ ၄လုံနဲ့ ပြည့်စုံတဲ့ စစ်နည်းပရိယာယ်ရှိမှုတွေဟာ အောင်ပွဲတွေဖြစ်ပါတယ်” 

    ကေဂျီ – Wiper 

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြတ်သန်းလာခဲ့ကြတဲ့ ၃နှစ်တာ ကာလအတွင်းမှာ ခေါင်းဆောင်ကောင်းနဲ့ စုစည်းညီညွတ်မှု အသီးသီးရှိနေကြတဲ့ ဒေသခံလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ ရည်မှန်းချက်ပန်းတိုင် မဟာဗျူဟာကို ချမှတ်ထားကြပြီး တခုချင်းအကောင်အထည်ဖော်လာတာကို တွေ့ရပါတယ်။ တိုက်ပွဲတစ်ခုခြင်းအပေါ်မှာလည်း အောင်မြင်မှုရရှိစေဖို့ မြေပြင်အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေကို အသေးစိတ်ကအစ ချမှတ်ကျင့်သုံးနိုင်ကြတဲ့အတွက် စစ်ဆင်ရေး အောင်မြင်မှုတွေနဲ့ နယ်မြေစိုးမိုးမှုတွေ ရရှိလာကြတာလည်း တွေ့ရပါတယ်။

    ၂၀၂၄ ခုနှစ်ဟာ ဒေသခံလက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ အားအကောင်းဆုံးနဲ့ အောင်မြင်မှုအရှိဆုံး နှစ်တစ်နှစ်ဖြစ်လာပြီး မြန်မာစစ်တပ်ရဲ့ သမိုင်းတလျောက်မှာ အထိအနာဆုံး ဖြစ်စေခဲ့ပါတယ်။ လူအင်အား လက်နက်အင်အား ယန္တရားများ ပြည်စုံပါတယ်ဆိုတဲ့ နိုင်ငံတခုရဲ့ အကြီးဆုံး စစ်တပ်ကြီးဟာ အလဲလဲအကွဲကွဲနဲ့ မြင်မကောင်း ရှုမကောင်းအောင် ကျဆုံးနေတာကို အားလုံးတွေ့မြင်ရမှာဖြစ်ပါတယ်။ အာဏာရှင် မင်းအောင်လှိုင်ရဲ့ လက်နက်တုတ် ဖြစ်နေတဲ့ စစ်တပ်ဟာ ပြိုလဲချင်တိုင်းပြိုလဲနေတာကြီးဟာ နိုင်ငံတကာက အံ့ဩကြရအောင်ထိ စစ်ရှုံးနေရတာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့အတူ နွေဦးတော်လှန်ရေးက ဖောက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေဟာ တိုက်ပွဲတွေကို အားအကောင်းဆုံး ဖော်ဆောင်နိုင်တဲ့ နှစ်တစ်နှစ် ဖြစ်လာခဲ့ပါပြီ။

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ AA TNLA နဲ့ MNDAA တို့ရဲ့  ၁၀၂၇ စစ်ဆင်ရေးအဖြစ် ချိန်သားကိုက် တရစပ်ထိုးစစ်ဆင်မှုတွေကနေ စစ်ကောင်စီကင်းစင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ရရှိခဲ့ကြပြီ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တဲ့ AA တပ်တော်ရဲ့ ရခိုင်ပြည်နယ်တွင်း စစ်ဆင်ရေးဖော်ဆောင် သိမ်းပိုက်မှုတွေဟာလည်း ၆လ ကျော်ကြာလာတဲ့ အချိန်အထိ ရပ်တန့်အားလျော့သွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးတွေကြားမှာပဲ စစ်တပ်အခိုင်အမာ နေရာယူတပ်စွဲထားတဲ့ မြို့တွေ၊ စစ်ရေးအရ အရေးပါတဲ့ ဗျူဟာကုန်းတွေနဲ့ တပ်စခန်းတွေကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်နိုင်နေဆဲပဲ ဖြစ်ပါတယ်။ 

    ဗျူဟာကောင်းပြီး ခြေသံလုံတဲ့ AA တပ်တော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့ ကမ္ဘာ့အဆင့် ၃၈ တပ်မတော်ကြီးဟာ ခုခံစစ်အနေအထားမှာပဲ ရှိတော့တာကို တွေ့ရပါတယ်။ စစ်ရေးအရ မြေပြင်အသာစီးရယူနိုင်တဲ့ တောင်ကုန်းမြေနေရာတွေမှာ စစ်လက်နက်ပစ္စည်းအကောင်းစားတွေနဲ့ အင်ပြည့်အားပြည့် အထိုင်ချတပ်စွဲထားပြီး လေကြောင်း၊ ရေကြောင်း လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံကာကွယ်စစ်ကိုသာ အသုံးပြုထားတဲ့ အခြေအနေမှာတောင် စစ်ကောင်စီတပ်တွေဟာ AA ရဲ့ ဖြေးဖြေးမှန်မှန် တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံနေရပြီး အလံဖြူထောင် လက်နက်ချ အရှုံးပေးနေရမြဲဖြစ်သလို နယ်ခြားဖြတ်ကျော် ထွက်ပြေးနေကြဆဲ ဖြစ်ပါတယ်။ 

    (more…)

  • ခြေသံလုံလုံ အရှိန်ပြင်းပြင်း မောင်းနှင်နေသော ကချင်လွတ်မြောက်ရေးတပ်မတော်

    ခြေသံလုံလုံ အရှိန်ပြင်းပြင်း မောင်းနှင်နေသော ကချင်လွတ်မြောက်ရေးတပ်မတော်

    “KIA အနေဖြင့် စစ်အုပ်စုရဲ့အနိုင်ကျင့်ဗိုလ်ကျခြင်းကိုခံနေရသော ပြည်မကသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ စစ်အာဏာရှင်ကိုပြန်လည်တိုက်ခိုက်လိုသောလူငယ်တွေအားလုံးကို ကြိုဆိုလက်ခံတာတွေ၊ စစ်သင်တန်းပေးတာတွေပြုလုပ်ပြီး တစ်ချိန်က ၎င်းတို့အပေါ် အဆိုးမြင်ခဲ့ပါတယ်ဆိုတဲ့ ပြည်မကသူတွေကိုတောင် သဘောထားကြီးကြီးဖြင့် ကာကွယ်စောင့်ရှောက်ခဲ့ကြပါတယ်”
    *******************************
    ချမ်းမင်း – Wiper

    “ချစ်ခြင်းတည်စေ မနောမြေ” ဆိုတဲ့ခေါင်းစဥ်လေးနဲ့ကမ်ပိန်းကို ဒီရက်ပိုင်း ခပ်စိပ်စိပ်နဲ့ social media တွေကနေ မြင်တွေ့လာရပါတယ်။ တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားတွေနဲ့ ပြည်သူ့ဘက်မျက်နှာမူပြီး ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့ကြတဲ့ နယ်ပယ်ပေါင်းစုံက ပုဂ္ဂိုလ်တွေဟာလည်း ကချင်မြေအတွက် ပထမဦးဆုံးပြုလုပ်တဲ့ ဒီကမ်ပိန်းကို ပြည်တွင်းပြည်ပက မြန်မာလူမျိုးတွေအနေနဲ့ တက်နိုင်သလောက်ဝိုင်းဝန်းကူညီထောက်ပံ့ပေးဖို့ နှိုးဆောင်ထားပါတယ်။

    ကချင်ပြည်နယ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ထိပ်ဆုံးအပိုင်းမှာတည်ရှိနေပြီး ကျောက်စိမ်း၊ရွှေ၊ သစ်နဲ့ အခြားအဖိုးတန်တွင်းထွက်ပစ္စည်းများစွာပေါကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်ပါတယ်။ သဘာဝတွင်းထွက်ပစ္စည်းပေါကြွယ်ဝတဲ့ ပြည်နယ်တစ်ခုဖြစ်တာနဲ့အညီ စစ်အာဏာရှင်တွေရဲ့မျက်စိကျခြင်းကိုခံခဲ့ရကာ သယံဇာတကျိန်စာသင့်နေတယ်လို့ တင်စားခေါ်ဝေါ်ကြသော ပြည်နယ်သယံဇာတကို လက်ဝါအုပ်လိုသော စစ်အုပ်စုနဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကိုဆန့်ကျင်တော်လှန်နေသော ကချင်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားသောတိုက်ပွဲများဖြင့် နှစ်ပေါင်းများစွာ ကျည်ဖောက်သံတွေဖြင့် ဆူညံခဲ့ပါတယ်။


    ၂၀၂၁ ခုနှစ်ရှေ့ပိုင်းနှစ်တွေတုန်းက ကချင်ပြည်နယ်ဟာလည်း အခြားသောပြည်နယ်တွေကဲ့သို့ ပြည်နယ်အတွင်း စစ်အုပ်စုရဲ့အနိုင်ကျင့်ဗိုလ်ကျမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြည်နယ်သယံဇာတကို လူတစ်စုက လက်ဝါးကြီးအုပ်ချယ်လှယ်နေတာကို ခံခဲ့ရပြီး ၎င်းတို့ရဲ့ဆန့်ကျင်တော်လှန်မှုတွေနဲ့ပတ်သတ်ပြီးတော့လည်း ပြည်မကသူတွေအနေဖြင့် များများစားစားသိရှိခြင်းမရှိဘဲ လစ်လျူရှုခြင်းကိုခံခဲ့ရပါတယ်။

    (more…)

  • နောင်တမရလိုပါ ………….

    နောင်တမရလိုပါ ………….

    “အမိန့်အရဆိုရင် လူ့အသက်တွေက အပွင့်အခက်တွေလောက် အရေးမကြီးတတ်ကြဘူး။ လက်သုံးချောင်း မထောင်နဲ့ သေတတ်တယ်၊ အာဏာရှင်လို့ မရေရွတ်မိစေနဲ့ သေတတ်တယ်၊ လူ့အခွင့်အရေးအကြောင်း မပြောမိစေနဲ့ သေတတ်တယ်၊ နှင်းဆီပန်း မပန်ချင်နဲ့၊ လမ်းမပေါ် မထွက်နဲ့၊ ခြောင်းမကြည့်နဲ့၊အမျိုးသားနှစ်ယောက်တွဲပြီး ဆိုင်ကယ်မစီးနဲ့ စသဖြင့်ပေါ့ အကုန်သေတတ်တယ်”
    *********************************

    လုပ်ပိုင်ခွင့်တွေနဲ့ အာဏာစက်ရဲ့ တန်ခိုးရှိန်ဝါကို ပင်လယ်ရေသောက်မိသလို သောက်လေငတ်လေ ရမ္မက်မပြေ ဖြစ်နေကြတဲ့ အဲ့ဒီအသိုင်းအဝန်းမှာ သူတို့ရဲ့ အာဏာပါဝါအတွက်ဆို ဒီနိုင်ငံကို ပြာချဖို့လည်း တစ်စက်လေးတောင် တွန့်ဆုတ်မနေတတ်ကြဘူး။ ထပ်ဖြည့်စရာမလိုတော့အောင် ပြည့်နေပေမယ့် သူတို့ရဲ့ အကျိုးစီးပွား ကြီးမားရေး အတွက်ဆို မြို့တွေရွာတွေကို စစ်တလင်းအဖြစ် ပြောင်းလဲပြစ်ဖို့လဲ ဝန်မလေးတတ်ကြဘူး။ သူတို့ရဲ့ လုပ်ရပ်တွေသာ အမှန်တရားဖြစ်ကြောင်း သက်သေပြနိုင်ဖို့အတွက် ပြည်သူတို့ရဲ့ အသက်တွေကို ချနင်းရမှာလဲ စဉ်းစားတွေဝေ မနေတတ်ကြဘူးလေ။

    ပြန်မတွန်းလှန်ရဲစေလိုတဲ့ စိတ်တစ်ခုနဲ့ အာဏာရူးတွေရှို့တဲ့မီးက မြို့ပြတွေမှာလောင်တယ်၊ လေးကေကော်မှာလောင်တယ်၊ စစ်ကိုင်းမှာလောင်တယ်၊ ထန်တလန်မှာလောင်တယ်၊ ပဲခူးရိုးမလည်းလောင်တယ်၊ ရခိုင်ရိုးမလည်း လောင်တယ်၊ မိဘတွေရဲ့ ရင်ဘတ်ထဲမှာလောင်တယ်၊ သားသမီးတွေရဲ့ နှလုံးသားထဲမှာလောင်တယ် ၊ အနာဂါတ်တွေအားလုံးကို လောင်တယ်။ နောက်တော့ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ တစ်တိုင်းပြည်လုံးရဲ့ စိတ်ထဲ အသည်းထဲမှာ ထပ်လောင်တယ်။

    တနိုင်ငံလုံးရဲ့ အပူမီးတွေနဲ့ ငိုးကြွေးသံကြားမှာ ဘုရားတည်ပြီး သာဓုခေါ်ပြနေတာက ကုသိုလ်လည်းရ ဝမ်းလည်းဝ တယ်ဆိုတဲ့အကြောင်းကို မီးဟုန်းဟုန်းတောက်နေတဲ့ ရောမမြို့ပျက်ကြီးနဲ့ တယောထိုးနေတဲ့ နီရိုးဘုရင်သာမြင်နိုင်ရင် စစ်အာဏာရှင်ကို ဆရာပါ တင်လောက်တာပေါ့။ အပြစ်ရှိသမျှကို ဘုရားတွေတည် ကျောင်းတွေဆောက်ပြီး အလှူတွေပြုလိုက်တိုင်း ဝဋ်ကြွေးကျေတယ်လို့ ဘယ်ဘုရားကမှ မဟောထားခဲ့ပေမယ့် ဘုရားထူး ခံရတာကို သာယာချင်တဲ့ အဲ့ဒီအသိုင်းအဝိုင်းမှာ ငရဲဆိုတာ သူတို့အာဏာ ရပ်တည်မှုလောက်တောင် အရေးမပါတော့ပါဘူး။

    (more…)

  • KIA ထိုးစစ်အတွင်း ပြိုလဲနေသော စစ်ကောင်စီတပ်

    KIA ထိုးစစ်အတွင်း ပြိုလဲနေသော စစ်ကောင်စီတပ်

    “KIA ပူးပေါင်းတပ်တို့သည် မိုးမောက်၊ မံစီ၊ ဗန်းမော် မြို့ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့များသည်် မြို့ထဲရှိစခန်းများသို့ သွားရောက်ပူးပေါင်းကာ ပြည်သူများကို အကာကွယ်ယူ ( လူသားဒိုင်း) ပြီး ပြန်ခုခံဖို့ ကြိုးစားနေသည်”

    သူရိန်

    ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ မတ်လ ၇ ရက်နေ့က စတင်ခဲ့သည့် စစ်ရေးအရှိန်ဟာ နှစ်လအတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း ‌၁၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ကချင်ပြည်နယ်တွင် KIA က စစ်ရေးအရှိန်မြှင့်လာပြီး စစ်ကောင်စီတပ် အထိနာနေသည့် အနေအထားဖြစ်သည်။

    ကချင်လွတ်မြောက်ရေးတပ်မတော်၏ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အဝင်မှာ မတ်လ ၇ ရက်စစ်ဆင်ရေးစပြီး တစ်လကျော်အကြာ ဧပြီလ ၂၆ ရက်နေ့မှာ လိုင်ဇာမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ကိုတည်း ပြည်လည်ဖွင့်လှစ်ခဲ့သည်။ လိုင်ဇာမြို့အဝင် ဆိုင်းဘုတ်နှင့် ပတ်သက်ပြီးတော့လည်း KIA၏ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က “ ယနေ့မနက် အဝင်ဆိုင်းဘုတ် စိုက်ထူပြီး ဆုတောင်းကြပါတယ်။ (အောင်ပွဲခံခြင်း မဟုတ်ပါ) (၁၀) နှစ်ကျော်မှ လိုင်ဇာ ဝင်ပေါင်းများ ပြန်ဖွင့်နိုင်ခဲ့ကြချိန် ဒေသနေသူများ အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုရသကို ပြန်ရရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံး လွတ်လပ်မှု အရသာ ခံစားနိုင်ဖို့ ဆက်လက် ကြိုးစားကြရပါအုံးမယ်” လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြည်သူများကို အသိပေးထားပါသည်။

    KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၅ ရက်နေ့ တစ်ရက်တည်းမှာ ဆွမ်ဘရာဘွမ်မြို့ အပါအဝင် ဝိုင်းမော် မြို့နယ်က တပ်စခန်းများအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မေလ ၅ ရက်နေ့ တစ်ရက်တည်းတွင် ဆွမ်ပရာဘွမ်ဗျူဟာစခန်း၊ ဆမားကုန်း၊ ပုန်းလိမ်ကုန်း၊ ကဂမ်ဘွမ်၊ ဂမ်ဂယာစခန်း၊ အင်ခရမ်စခန်း၊ ငါ့ဂယာန်စခန်း၊ လိုင်ဖောင်စခန်း၊ ဖောင်ဒေါ့၊ လော့ခွမ်၊ လော့ဖြိုး အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၁ ခု ကို တိုက်ခိုက်သိမ်းပိုက်ရရှိသည်ဟု သိထားရပါသည်။

    (more…)

  • နိုင်ငံတော်အဆင့် စစ်ဆင်ရေးကြီး ဘယ်ပျောက်သွားပြီလဲ 

    နိုင်ငံတော်အဆင့် စစ်ဆင်ရေးကြီး ဘယ်ပျောက်သွားပြီလဲ 

    “အကြမ်းဖက်စစ်ကောင်စီမှ ဒေါသတကြီးဖြင့် ရသမျှ အင်အားများစုစည်းပြီး ဧပြီ ၂၀ ရက်နေ့ကတည်းက စတင်စေလွှတ်လိုက်သော နိုင်ငံတော်ဆင့် အောင်စေယျစစ်ဆင်ရေးကြီးမှာ ဘယ်နေရာရောက်လို့ ရောက်မှန်းမသိ ကူပါကယ်ပါနှင့် ဒေါနတောင်တကျောတွင် ပျောက်ဆုံးနေကြရပြီ”

    ဧရာဝတီလင်းပိုင်

    မြဝတီမကျစေရန် နိုင်ငံ‌အဆင့်အနေဖြင့် စစ်ကြောင်းထိုးလာသည့် အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်‌ပေါ်တွင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်ထိတွေ့မှုဖြစ်ကာ အကျအဆုံးများနေသည်။ KNLA၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်‌ကြောင်းအပါအဝင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက  တောက်လျှောက်တိုက်ခိုက်‌သည့်အတွက် ဗိုလ်မှူးအဆင့်နှင့် ဗိုလ်ကြီးအဆင့်များအပါအဝင် ၁၃ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်ဟု ကျားဖြူစစ်‌‌ကြောင်းမှ ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်အနေဖြင့် မေလ ()ရက်နေ့မှာ ခလရ ၉၄ ယာယီတပ်ရင်းမှူးအဖြစ်ခန့်အပ်ခံရသူ ဒုဗိုလ်မှူးကြီးအဆင့် သန့်ဇော်ဝင်းပါ ဒေါနတောင်တိုက်ပွဲများအတွင်း သေဆုံးခဲ့သည်။ မြဝတီသို့ရောက်ရှိရန် ကျုံဒိုးကိုးတိုင် လမ်းမကြီးလမ်းတစ်လျှောက်တွင် လုံခြုံရေးယူပေးထားသည့် စစ်တပ်လက်အောက်ခံ BGF နှင့် ၂၄ ပစ္စည်း DKBA ပူးပေါင်းတပ်ဖွဲ့များကို KNDO တပ်ရင်း ၆ Drone တပ်ဖွဲ့ ရဲဘော်များက ဧပြီလ ၂၄ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ တိုက်ခိုက်မှုအတွင်း BGF စစ်ကြောင်းမှူး ၂ဦး၊  ခမရ ၅၄၆ မှဗိုလ်ကြီး ၁ဦး၊ တပ်ကြပ်ကြီးအဆင့် ၁ဦး၊ တပ်သားအဆင့် ၇ ဦးသေဆုံးကာ ၇၀ နှင့်အထက်  ဒဏ်ရရှိခဲ့ကြောင်းလည်းထုတ်ပြန်ထားပါသည်။ ထိုမျှသာမက စက်သေ နတ်တပ်ဆင်ထားသည့် ယာဉ် ၁စီး၊ ဖောကား ၂စီး၊ သံချပ်ကာကား ၂စီး ပျက်စီးပြီး စစ်ကောင်စီတပ်သားများ ရာနှင့်ချီသေဆုံး‌သည်အထိ KNLA မှ တိုက်ခိုက်နိုင်ခဲ့သည်။

    အောင်ဇေယျစစ်ဆင်ရေးကို နိုင်ငံတော်အဆင့် စစ်ဆင်ရေးအဖြစ် သတ်မှတ်ပြီး စက်ယန္တရားများနှင့် လေယာဉ်များပါ အသုံးပြုပြီး စစ်သည်အင်အားမလုံလောက်သည့်အတွက် စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်ထဲရောက်ရှိခဲ့တဲ့ အပတ်စဉ် ( ) မှ စစ်သား သစ်များကိုပါ စေလွှတ်တိုက်ခိုက်ခိုင်းနေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်တွေကလည်း ပြောဆိုနေကြပါသည်။ အောင်ဇေယျ စစ်ကြောင်းသည် နိုင်ငံတော်အဆင့် စစ်ကြောင်း ဖြစ်သော်လည်း ယနေ့အချိန်ထိ သင်္ဃန်းညီနောင် ရောက်အောင်လာနိုင်ခြင်း မရှိ။

    Photo : Cobra Column

    (more…)

  • ကျိန်စာသင့်တိုင်းပြည်မှာ ကျုံးသွင်းခံရတဲ့ လူငယ်တွေရဲ့လက်ရှိဘဝ

    ကျိန်စာသင့်တိုင်းပြည်မှာ ကျုံးသွင်းခံရတဲ့ လူငယ်တွေရဲ့လက်ရှိဘဝ

    “စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစုတစည်းတည်း မတော်လှန်ခဲ့ကြတဲ့ ရလဒ်တခုလည်းဖြစ်သလို စစ်အာဏာရှင် အမြစ်မဖြတ်နိုင်သေးလို့ပဲ ဖြစ်တယ်။ အခုလိုအခြေအနေမှာတော့ ခရိုနီ၊ စစ်ဗိုလ်ချုပ်ကြီး မိသားစုတွေကလွဲရင် ကြားနေ၊ ခွထိုင်ဆိုပြီး မှိန်းနေလို့မရတော့ပေ”

    မောင်ဝိ – Wiper

    စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာတွေကို မေလ ၁ ရက်နေ့မှ စတင် ဆိုင်းငံ့ထားပြီး၊ “ထွက်ခွာခွင့် ကိစ္စများ ပိုမို အချိန်ယူစိစစ်နိုင်ရန်နှင့် အခြား အခြေအနေများအရ ယာယီအားဖြင့် ဆိုင်းငံ့ထားကြောင်း” ဆိုတဲ့ ဖြေရှင်းချက်ထုတ်ပြန်ထားရှိပါတယ်။

    အခုလို အမျိုးသားတွေ ပြည်ပအလုပ်လုပ်ခွင့်ပိတ်ပင်လိုက်တာဟာ၊ စစ်ကောင်စီရဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီအဓမ္မ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက်၊ လူငယ်အများအပြား ပြည်ပကို အလုပ်အကိုင်ဖြင့် ထွက်ခွာခဲ့ကြတဲ့အတွက် လက်ရှိ ၃ လ နီးပါးအကြာ မေလ ၁ ရက်နေ့မှာ အမျိုးသားများ ပြည်ပကို အလုပ်နဲ့ ထွက်ခွာခွင့် ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရတယ်။

    ပြည်ပအလုပ်လုပ်ခွင့် ရပ်ဆိုင်းလိုက်တာဟာ လူငယ်တွေ ပြည်ပကို ထွက်ခွာပြီးနောက်ပိုင်း၊ Disabled people (မသန်စွမ်းသူ)၊ Old age people (အသက်အရွယ်ကြီးသူ) တွေပဲ အများဆုံးကျန်တဲ့နောက်မှာ၊ စစ်တပ်အတွက် အင်အားဖြည့်တင်းဖို့ ခက်ခဲလာတာကြောင့် ဖြစ်ကြောင်း သုံးသပ်နိုင်သလို၊ ကျန်ရစ်တဲ့အမျိုးသမီး အင်အားတွေကလည်း လိုအပ်တဲ့ တိုက်ခိုက်ရေးအင်အား ဖြစ်မလာနိုင်တာကြောင့် ဖြစ်တယ်။ ဒါ့ကြောင့်ပဲ စစ်တပ်ဟာ အမျိုးသမီးစစ်သည်တွေကို ရုံးဌာနအများစုမှာပဲ နေရာပေးလေ့ရှိပြီး၊ တပ်ထဲဝင်ရောက်ပြီးသူ မသန်စွမ်းတဲ့ စစ်သားတွေကိုလည်း ဂိတ်စောင့်၊ ရုံးအစောင့် စတဲ့ နေရာတွေမှာသာ တာဝန်ပေးလေ့ရှိပါတယ်။

    တကယ်တမ်း တိုက်ခိုက်နိုင်တဲ့ စစ်သားအင်အားဟာ ပြည်တွင်းမှာ ကျန်ရှိနေတဲ့ လူငယ်လူရွယ်တွေပဲ ဖြစ်တယ်လို့ စစ်ကောင်စီယူဆထားပုံပါ။ လူငယ်တွေအနေနဲ့ ဆန္ဒပါသည် ဖြစ်စေ/ မပါသည် ဖြစ်စေ သေချာပေါက် စစ်ထဲဝင်ကြရမှာဖြစ်တယ်။ ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစုတစည်းတည်း မတော်လှန်ခဲ့ကြတဲ့ ရလဒ်တခုလည်းဖြစ်သလို စစ်အာဏာရှင် အမြစ်မဖြတ်နိုင်သေးလို့ပဲ ဖြစ်တယ်။ အခုလိုအခြေအနေမှာတော့ ခရိုနီ၊ စစ်ဗိုလ်ချုပ်ကြီး မိသားစုတွေကလွဲရင် ကြားနေ၊ ခွထိုင်ဆိုပြီး မှိန်းနေလို့မရတော့ပေ။ စစ်တပ်ဘက်က အခုကာလမှာ ဆုံးရှုံးနယ်မြေတွေကို ပြန်ပြီး ထိုးစစ်ဆင်နိုင်ဖို့ စစ်အင်အားကို ရသလောက်တည်ဆောက်မှာအသေအချာပါပဲ။

    ဓာတ်ပုံ :အဓမ္မစစ်မှုထမ်းရသည့်လူငယ်များ၏ စစ်ကောင်စီပြုလုပ်သောအခြေခံစစ်ပညာသင်တန်းမြင်ကွင်း

    (more…)

  • တော်လှန်ရေးမှာကျန်ခဲ့မယ့် သမိုင်းထဲက အမှန်တရား

    တော်လှန်ရေးမှာကျန်ခဲ့မယ့် သမိုင်းထဲက အမှန်တရား

    “မိမိစိုက်ပျိုးသမျှကိုသာ မိမိပြန်လည်ရိတ်သိမ်းရမှာဖြစ်တဲ့အတွက် ဓမ္မ နဲ့ အဓမ္မ အကျိုးပေးကွာခြားမှုဟာ စိုက်ပျိုးနေချိန်ထက် အသီးအပွင့် ခူးဆွတ်ရိတ်သိမ်းချိန်မှာ အငြင်းပွားစရာ မလိုတော့အောင် အဖြေထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်”

    ကေဂျီ

    အာဏာရှင်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လက်နက်ကိုင်နေတဲ့ အဖွဲအစည်းနဲ့ လူထုအတွက် နိုင်ငံအတွက် ယုံကြည်ချက်နဲ့ လက်နက်ကိုင်ရတဲ့ အဖွဲအစည်း နှစ်ခုရဲ့ အနှစ်သာရဟာ ဆီနဲ့ရေလို ကွာခြားလွန်းလှတဲ့အပြင် ရည်ရွယ်ချက်ခြင်းမတူညီသလို လားရာလည်း တူညီမှာမဟုတ်တာသေချာပါတယ်။ အဖွဲ့အစည်းတင် မဟုတ်ဘဲ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီမှာလည်း မှန်ကန်တဲ့ ခံယူချက်နဲ့ ပြတ်သားတဲ့ လုပ်ရပ်အပေါ် မှုတည်ပြီး တစ်ဦးနဲ့တစ်ဦးရဲ့ တန်းဖိုးဟာ ကွာခြားသွားကြတာပဲ ဖြစ်ပါတယ်။

    စစ်တပ်အာဏာသိမ်းပြီး တော်လှန်ရေးအစဦး အချိန်တုန်းကဆို မတရားမှုကို တွန်းလှန်တိုက်ခိုက်ခြင်တဲ့ ဒေသအနှံ့အပြားက ကြီး၊ ငယ်၊ လတ် အသက်အပိုင်းအခြား မရွေးသော ပြည်သူလူထူဟာ ဘယ်ရောက်လို့ ဘာဖြစ်မယ်တောင် ကြိုမသိနိုင်တဲ့ အနေအထားမျိုးကနေ တစ်ကြိမ်တစ်ခါမှ မရောက်ဘူးတဲ့ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင်အဖွဲ့တွေဆီကို ဆင်ကန်းတောတိုး အ‌ ရောက်သွား ပြီး စစ်သင်တန်း တက်ကြရပါတယ်။

    ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျောက်မှာ တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဘူးတဲ့ ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေမှာ ပင်ပန်းမှုတွေကို ကြုံတွေ့ကြရပေမယ့် တစ်ဦးနဲ့ တစ်ဦး ကူညီဖေးမကြရင်း သင်တန်းကာလကို အားပေးဖြတ်ကျော်ခဲ့ကြပါတယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ သမျှကိုလည်း နိုင်ငံနဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂါတ် တောက်ပကောင်းစားစေရေးအတွက် စစ်အာဏာရှင်စနစ်ကို ငါတို့ ခေါတ်မှာ အမြစ်ပြတ်တွန်းလှန်နိုင်ရမယ်ဆိုတဲ့ ခံယူချက်တွေနဲ့ နေတတ်စားတတ်လာအောင် ကြိုးစားနေထိုင်ရင်း စစ်ပညာကို တတ်မြောက်အောင် သင်ယူခဲ့ကြ ရပါတယ်။

    (more…)

  • ပြင်ဦးလွင်အနီး ထိုးဖောက်လာတဲ့ မန္တလေး PDFနဲ့ တိုက်ပွဲကြားက လူသားဆန်မှု

    ပြင်ဦးလွင်အနီး ထိုးဖောက်လာတဲ့ မန္တလေး PDFနဲ့ တိုက်ပွဲကြားက လူသားဆန်မှု

    “ခေါင်းပေါင်းဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး တင်ကိုဆိုရင် တတက- ၁၃ က ဌာနမှူးဖြစ်ပြီး၊ အောက်ခြေက လိုက်ပါလုပ်ဆောင်နေသူတွေက ထောက်ပို့ဘတ်၊ GE ဘတ် တံဆိပ်နဲ့ ဒီလူတွေပဲတွေ့ရတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အတွင်းထဲက နောက်ဆုံးအခြေအနေပဲ ဖြစ်တယ်။ ဒါက မန္တလေးတိုင်းအတွင်းကို သင်တန်းတက်ဖို့လာရောက်တဲ့ တပ်ပေါင်းစုံက စစ်သားတွေကို ကြုံသလိုစုပြီး ခံစစ်ပြင်ထားတာဖြစ်တယ်”

    မောင်ဝိ – Wiper

    စစ်ပုံကျနစွာ ယူနီဖောင်းအပြည့်အစုံနဲ့ အပြင်းအထန်ထိုးစစ်ဆင်နေကြပါတယ်။ သူတို့က တခြားသူတွေမဟုတ်၊ မြန်မာပြည်အလယ်ပိုင်းမှာ ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျနေတဲ့ စစ်ကောင်စီတပ်ရင်းတွေကို အားမာန်အပြည့်နဲ့ တိုက်ခိုက်နေတဲ့ မန္တလေး PDF ပါ။

    “ဟေ့ကောင်တွေ..နာရီဝက်အတွင်းလက်နက်ချပါ၊ မင်းတို့မှာ မိသားစုတွေရှိတယ်…”လို့ တိုက်ပွဲအတွင်းမှာကို ရန်သူ့ မိသားစုတွေ ဘဝတွေ၊ အသက်တွေအတွက် အခွင့်အရေးတွေ သူတို့ပေးနေတုန်းပါပဲ…။ အပြီးသတ်ချေမှုန်းမယ်ဆိုရင် ချေမှုန်းလို့ရပါတယ်။ မလုပ်ခဲ့ကြဘူး ရန်သူကရန်သူ၊ လူသားဆန်မှုက လူသားဆန်မှုပဲလေ။

    ဒဏ်ရာရလာတဲ့ စစ်သားတယောက်ကို တွဲကူရင်းထပ်ပြောတယ် “အကိုဒဏ်ရာရရင် ကျွန်တော်တို့ကုပေးမှာ အကိုတို့ကို ဘာမှမလုပ်ဘူး…” တဲ့။ ဒါကိုမြင်တော့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း လမ်းမပေါ်မှာ လက်နက်မဲ့ ဆန္ဒပြနေကြတဲ့ လူငယ်တွေကို ကားနဲ့ အသေတိုက် သတ်တာကို သတိရမိတယ်။ PDF တွေသာ ဒဏ်ရာရ စစ်သားနေရာမှာဆိုရင် ဘယ်လိုလုပ်မလဲပေါ့။ သူတို့စစ်သားတွေ လုပ်နေကြ အလုပ်တွေဖြစ်တဲ့ အသက်ကိုခြိမ်းခြောက်မယ်၊ မကြောက်တတ်ဘူး ထင်ရင် မိဘ၊သားသမီး ဒီလိုမျိုး မိသားစုဘဝတွေရဲ့ အညှာကိုကိုင် ရက်ရက်စက်စက် ပြုမူတာတွေပဲ မြင်ကြမှာပဲလေ။

    (more…)

  • နောက်ဆုံးထွက်သက်ထိ စစ်ဖိနပ်စီးပြီး စစ်ကျွန်ဖြစ်နေမယ့် စစ်အိုကြီးများ

    နောက်ဆုံးထွက်သက်ထိ စစ်ဖိနပ်စီးပြီး စစ်ကျွန်ဖြစ်နေမယ့် စစ်အိုကြီးများ

    “မရှုံးခံနိုင်ရိုးလား ခေတ်အဆက်ဆက် အာကာထွန်းဘောင်းဘီဝတ်၊ ခြင်းကျားလွယ်၊ မဖြစ်မနေဝတ်ခိုင်းတဲ့ ကျည်ကာအင်းင်္ကျီအလေးကြီးရယ်၊ ကျည်တတောင့်ပစ်ရင် တခါ missfire ဖြစ်တဲ့ MA သေနတ်ကြီးရယ်၊ ဗုံးသီးတွေနဲ့ တစ်တောဝင် တစ်တောင်ထွက် ငတ်ပြတ်နေတဲ့ အခြေအနေမှာ တောင်ပေါ်ကနေ ခဲနဲ့ထုရင် လဲကျမယ့် အခြေအနေဖြစ်တယ်။ အသက်တွေက ၅၀ ကျော်အရွယ်တွေ၊ ခေါင်းမှာလည်း ဆံပင်တွေ ဖြူနေပြီ၊ လက်မောင်းက အရစ်လေးတွေက ပြဲစုတ်နေတာတောင်၊ ကိုယ့်သားအရွယ် စစ်ဗိုလ်တွေ လက်ညှိုးညွှန်ရာ သွားရတဲ့ ဘဝ…”

    မောင်ဝိ

    စစ်ကောင်စီတပ်ထဲမှာနေတဲ့အချိန်က စစ်ဝတ်ရိက္ခာနဲ့ပတ်သတ်ရင် (၁၀၂၅) ဆိုတဲ့ စာရင်းနဲ့ စစ်ယူနီဖောင်း (PC)၊ စစ်ဆောင်၊ စစ်ခြင်ထောင် အပါအဝင် စစ်ဖိနပ် (No-1)၊ တောစီး စသဖြင့် နှစ်စဥ်ထုတ်ပေးတာရှိတယ်။ နှစ်တိုင်းရတဲ့ စစ်ဝတ်ပစ္စည်းတွေထဲက စစ်ဖိနပ်တွေကို ဘာလုပ်ကြသလဲဆိုတော့ ပုံမှန်ဆိုရင် ရောင်းစားကြတယ်။ ရောင်းတယ်ဆိုတာကလည်း ဖြတ်တာတောက်တာနဲ့ စစ်သားလစာလေးက မိသားစုသုံးဖို့ လုံလောက်မှုမှ မရှိတာကို။ ဒါနဲ့ပဲ စီးနေကြ အဟောင်းလေးနဲ့ပဲ စစ်သားအများစုက နှစ်ပါးသွားကြတာပေါ့။

    စစ်ဖိနပ်မှာလည်း ပုံစံမျိုးစုံရှိကြတယ်။ ကြိုးထိုးစရာမလို၊ ဖိနပ်ကို (kiwi) ဖိနပ်ဆေးနဲ့တိုက်စရာမလိုပဲ ပြောင်လက်နေတဲ့ ဈေးကြီး ဖိနပ်တွေလည်း ရှိကြတယ်။ ဒါကိုတော့ အထက်လူကြီးဆိုသူတွေ အစီးများကြတယ်။ နောက်တမျိုးက (issue) လို့ခေါ်တဲ့ စစ်တပ်က ထုတ်ပေးတဲ့ ဖိနပ်ပဲ ဖြစ်တယ်။ ဒါတွေကိုတော့ အခြားအဆင့်စစ်သားတွေအပါအဝင် အရာရှိငယ်တွေ အဓိက စီးကြရပါတယ်။ ဒါက စစ်တပ်ကဖိနပ် အကြောင်း သတိရမိတာလေးပါ။

    မနက်တန်းစီချိန်ဆိုရင် တပ်ရင်းတခုမှာ အကြီးဆုံးဖြစ်တဲ့ တပ်ရင်းမှူးက သူအနေနဲ့ကြိုက်တာစီးခွင့်ရှိပေမယ့်၊ အောက်ခြေကရဲဘော်တွေ ဈေးကြီးဖိနပ်ဝယ်စီးတာမျိုး၊ အမေရိကန်အီကွေးမန့် ဝတ်လာတာမျိုးဆိုရင် တန်းစီကွင်းမှာအထိုးခံရပြီပဲ။ ဒါက စစ်တပ်တခုမှာ စစ်ဖိနပ်လို့ပဲခေါ်ခေါ် ဟန်းကောလို့ပဲခေါ်ခေါ် သူတို့အချင်းချင်း အုပ်ချုပ်တဲ့ပုံစံပဲ။ အဲ့ဒီကနေ လစဥ်ထုတ်ပေးတဲ့ အာမီရမ်တောင်မှ အခြားအဆင့်အတွက် အာမီရမ်အရက်အတုပေါ်လာပြီး၊ ဗိုလ်ချုပ်တွေအတွက် နှစ်ချို့ အာမီရမ် အရက်တွေဆိုပြီး သီးသန့်ရှိသေးတယ်။

    (more…)