Red News Agency

Independent Journalism for Justice and Human Rights.

Category: သဘောထားအမြင်

  • ကယ်တင်ရှင် ဖြစ်ချင်နေသေးတဲ့ ချောင်ထဲက မြေခွေးမိုက်

    ကယ်တင်ရှင် ဖြစ်ချင်နေသေးတဲ့ ချောင်ထဲက မြေခွေးမိုက်

    “ရခိုင်ပြည်နယ်ရဲ့အတိတ်သမိုင်းမှာ ရိုဟင်ဂျာလူမျိုးနဲ့ ရခိုင်လူမျိုးတို့ ငြိမ်းချမ်းတဲ့လမ်းကြောင်း တခုပေါ် ရောက်ခဲ့ဖူးတယ်ဆိုတဲ့ သက်သေတွေပဲ။ သို့ပေမယ့် နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်တဲ့ အာဏာရှင်နေဝင်း လက်ထက်မှာတော့ သွေးခွဲအုပ်ချုပ်ဖို့ နည်းလမ်းတွေ ဖန်တီးခဲ့တယ်။ တည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာကိုတွေ ခိုးဝင်လူမျိုးတွေလိုပုံဖော်ခဲ့သလို၊ ရခိုင်လူမျိုးတွေကို ကာကွယ်ပေးတော့မလိုနဲ့ ရိုဟင်ဂျာတွေကို နှိပ်စက် အနိုင်ကျင့်ခဲ့တယ်။ ရိုဟင်ဂျာ ရွာတွေမှာ တိရိစ္ဆာန်သန်းခေါင်းစာရင်းအထိ ကောက်ယူခဲ့တယ်”

    ရန်နိုင် – Wiper 

    စစ်ခေါင်းဆောင်တွေထဲမှာ လက်ရှိမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ မျိုးဆက်က အညံ့ဆုံးမျိုးဆက်ဖြစ်ပြီး လက်ရှိအရေးအခင်းကို စစ်တပ်သုံးနိုင်သမျှနည်းလမ်းအစုံ သုံးပြီးပြီ ရှုံးနေဆဲပဲ။ တော်လှန်ရေးသမားအချင်းချင်း သွေးခွဲနည်း၊ ဗမာတော်လှန်ရေးသမားနဲ့ လူမျိုးစုတော်လှန်ရေးသမားသွေးခွဲနည်း၊ နိုင်ငံတကာ အင်အားစုတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို တည်ပေးခြင်း၊ နိုင်ငံခြား အကူအညီရှာဖွေတဲ့နည်း စတဲ့နည်းတွေ စုံနေပြီ အလုပ်မဖြစ်သေးဘူး။ ဒါ့ကြောင့် လူမျိုးရေးပဋိပက္ခကို ဖန်တီးတဲ့နည်းလမ်းဖြစ်တဲ့ ရိုဟင်ဂျာဆိုတဲ့ ဝှက်ဖဲကို သုံးလာခြင်းဖြစ်တယ်။

    လွတ်လပ်ရေးမရခင် ၁၉၄၂ က ဒေသတွင်း နယ်မြေလုမှုတွေရှိပြီး သိပ်အစေးမကပ်တဲ့ လူမျိုးစု ()ခုက အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ နယ်စပ်စောင့်တပ် BTF မှာ လူများစုတွေဖြစ်တဲ့ ရခိုင်လူမျိုးတွေက ရိုဟင်ဂျာလူမျိုးတွေကို အနိုင်ကျင့်မှုတွေရှိခဲ့တယ်။ နောက်ပိုင်းမှာ ရိုဟင်ဂျာစစ်သည် (မူဂျာဟစ်) တွေက လက်နက်ကိုင်ကြတော့ ဒေသတွင်း ပဋိပက္ခတွေဖြစ်ပွားခဲ့တယ်။ ဒေသတွင်းပဋိပက္ခတွေကို စစ်ရေးနဲ့ နှိမ်နင်းပေမယ့် အမြစ်မပြတ်ခဲ့တာကြောင့် ၁၉၄၉ ဇူလိုင်လ(၃၀)ရက်နေ့မှာ ဝန်ကြီးချုပ် ဦးနုက ()ဖက် အမျိုးသားတွေပါတဲ့ စုံစမ်းရေးကော်မရှင်ကိုဖွဲ့ပြီး ပြသနာရဲ့ ဇစ်မြစ်ကိုရှာဖွေခဲ့တယ်။ တိုင်းရင်းသား အချင်းချင်း တန်းတူအခွင့်အရေး မျှတမှုမရှိခြင်းဆိုတဲ့ ပြဿနာရဲ့ဇစ်မြစ်ကိုရှာဖွေတွေ့ ရှိခဲ့တယ်။

    ၁၉၅၄ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်နေ့ ညနေ ()နာရီမှာ နိုင်ငံတော်အသံလွှင့်ဌာနကတဆင့် စစ်တွေခရိုင်အတွင်း နေထိုင်ကြတဲ့ ပြည်ထောင်စုတိုင်းရင်းသားအများစုက ရိုဟင်ဂျာအမျိုးသား ဖြစ်ကြတယ်လို့ ကြေငြာခဲ့တယ်။ ၁၉၆၁ ခု၊ မေလ()ရက်နေ့မှာ အစိုးရကတ်ဘိနက်ရဲ့ တညီတညွတ် ဆုံးဖြတ်ချက်အရ ရိုဟင်ဂျာအများစု နေထိုင်တဲ့ မယုဒေသကို ဗဟိုအစိုးရကတိုက်ရိုက် အုပ်ချုပ်တဲ့ မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ တိုင်းရင်းသားတွေ တန်းတူရပိုင်ခွင့်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့ပြီး ကျောင်းသုံးစာအုပ်မှာ ဖော်ပြခြင်း၊ စွယ်စုံကျမ်းမှာ ဖော်ပြခြင်း၊ ၁၉၆၁ ခုနှစ်မှာ ရိုဟင်ဂျာဘာသာ စကားနဲ့ ဗမာအသံကနေ ရေဒီယိုအသံလွှင့်ခြင်း၊ အစိုးရ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တန်းတူညီမျှအလုပ်ခန့် ခြင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွေမှာ တက်ရောက်ခွင့်ပေးခြင်း၊ ရိုဟင်ဂျာရိုးရာ ယဉ်ကျေးမှုတွေကို အမြတ်တနိုးပြသခွင့်ပေးခြင်းစတဲ့ အခွင့်ရေးတွေကို ကန့်ကွက်မှုတမတ်တစေ့မှ မရှိပဲ တညီတညွတ်တည်း ဖော်ဆောင်ပေးခဲ့ကြတယ်။

    (more…)

  • မြန်မာစစ်တပ်ကင်းစင်တဲ့ ရခိုင်ပြည်နယ်အဖြစ် မြင်တွေ့ကြရတော့မလား …

    မြန်မာစစ်တပ်ကင်းစင်တဲ့ ရခိုင်ပြည်နယ်အဖြစ် မြင်တွေ့ကြရတော့မလား …

    “ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲတော့မယ်ဆိုတဲ့ ရာဇသံကို စစ်ကောင်စီထံ ပေးပို့လိုက်ပါတယ်။ ထိုနောက်မှာတော့ ကျောက်တော်၊ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ မင်းပြား၊ မြောက်ဦးစတဲ့မြို့တွေကို ကုလားတန်မြစ်ကြောင်းတစ်လျှောက်တိုက်ခိုက်သိမ်းပိုက်”

    ချမ်းမင်း – Wiper 

    နွေဦးတော်လှန်ရေးအကြောင်းပြောကြပြီဆိုရင် ကျွန်တော်တို့ဟာ အနောက်ဘက်က တိုင်းရင်းသားညီကိုတွေဖြစ်တဲ့ ရခိုင်တိုက်ပွဲတွေ၊ ရခိုင်စစ်မြေပြင်အကြောင်းတွေနဲ့ တော်လှန်ရေးရဲဘော် AAတပ်ဖွဲ့တွေရဲ့အကြောင်းကို ထည့်ပြောဖို့လည်း အရေးကြီးလှပါတယ်။ ရခိုင်ပြည်နယ်ဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ပြည်နယ်တစ်ခုဖြစ်တဲ့အပြင် သမိုင်းကြောင်းအရလည်း အစဥ်အလာကြီးမားကာ သယံဇာတပေါကြွယ်ဝတဲ့ပြည်နယ်တစ်ခုဖြစ်တယ်။ 

    မြန်မာနိုင်ငံမှာ သက်မှတ်ထားခဲ့ကြတဲ့ ပြည်နယ်ခုနှစ်ခုအနက် ရှားရှားပါးပါး ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားတဲ့ ပြည်နယ်ဖြစ်တာကြောင့်လည်း တွင်းထွက်သယံဇာတတွေ၊ သဘာဝ ဓာတ်ငွေ့တွေ၊ ပင်လယ်သယံဇာတတွေနဲ့ ပြည့်စုံတဲ့ပြည်နယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီလိုသဘာဝသယံဇာတတွေ၊ ပင်လယ်ပြင်နဲ့ တွင်းထွက်တွေပေါကြွယ်ဝနေပေမဲ့လည်း မြန်မာနိုင်ငံတွင်းက အခြားသောတိုင်းရင်းသားတွေကဲ့သို့ပဲ ရခိုင်ပြည်နယ်ရဲ့သယံဇာတအများစုကို စစ်အုပ်စုနဲ့ ခရိုနီလူတစ်စုကသာ အမြတ်ထုတ်ချယ်လှယ်ခဲ့ကြပါတယ်။ ဒါကြောင့်မို့ ၂၀၀၉ ခုနှစ်ကစပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ ခေတ်ပညာတက် ရခိုင်လူငယ်တွေဟာ ကချင်ပြည်နယ် လိုင်ဇာမှာစစ်ပညာသင်ပြီး စစ်အုပ်စုရဲ့အနိုင်ကျင့်ဗိုလ်ကျမှုကို လက်နက်ကိုင်ဆန့်ကျင်တဲ့ တော်လှန်ရေးကို စတင်ခဲ့ကြတာဖြစ်တယ်။

    ရခိုင့်တော်လှန်ရေးဟာလည်း အခြားသောတိုင်းရင်းသားတွေရဲ့ တော်လှန်ရေးတွေကဲ့သို့ပဲ အစောပိုင်းကာလတွေမှာ ခက်ခဲမှုတွေ၊ အဆင်မပြေမှုတွေများစွာနဲ့ ကြုံတွေ့ခဲ့ရပြီးပြည်မကလူတွေရဲ့အထင်အမြင်လွဲမှုတွေ၊ လစ်လျူရှုမှုတွေများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ရခိုင်လူငယ်ပညာတက်များက ဦးဆောင်ထားတဲ့တပ်ဖွဲ့ဖြစ်တဲ့အပြင် စစ်အုပ်စုရဲ့အနိုင်ကျင့်ဗိုလ်ကျမှု ကိုခံစားနေရတဲ့ ရခိုင်လူမျိုးတွေရဲ့တစ်ခဲနက်ထောက်ခံမှုတွေကြောင့်ပဲ အချန်တိုအတွင်းမှာ အင်အားကြီးမားလာပြီး စစ်တပ်ကိုကောင်းစွာခြိမ်းခြောက်နိုင်တဲ့ တပ်ဖွဲ့တစ်ခုဖြစ်လာပါတယ်။ 

    (more…)

  • ပညာရေးနဲ့ စစ်ပွဲကြား ဗျာများရအုံးမယ့် အနာဂတ်…

    ပညာရေးနဲ့ စစ်ပွဲကြား ဗျာများရအုံးမယ့် အနာဂတ်…

    “စစ်မီးပူနေတဲ့ မြို့ပေါ်မှာ ကျောင်းသားတွေကို ကျောင်းကိုလွှတ်ဖို့ ဆိုတာ မိဘတွေအတွက် စွန့်စားလွန်းရာကျသလို စစ်ပွဲတိုက်ရိုက်မဖြစ်ပွားနေတဲ့ မြို့တွေပေါ်ကို ကျောင်းပြောင်းဖို့ကိုလည်း ခွင့်ပြုမပေးတာကြောင့် ကျောင်းသားမိဘတွေအတွက် ရွေးချယ်ရခက်နေတယ်။ နယ်မြေအတွင်းမှာ စစ်ပွဲတွေဖြစ်ပြီးပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရတာကို ဖုံးကွယ်ချင်ယုံနဲ့ အဖြူအစိမ်း ကျောင်းသားငယ်တွေကို စာသင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကျောင်းတွေမှာ လူစုလူဝေးဖန်တီးချင်တာပဲ ဖြစ်တယ်”

    ရန်နိုင်  Wiper 

    မိုးဦးရာသီနဲ့အပြိုင် ကျောင်းသူ၊ ကျောင်းသားလေးတွေရဲ့ အဖြူအစိမ်း တူညီဝတ်စုံလေးတွေနဲ့ တင့်တယ်နေပုံက မြန်မာနိုင်ငံအတွက် မရိုးနိုင်တဲ့အလှအပ တခုပဲ။ သားသမီးတွေကို ရင်အုပ်မကွာ ထားတတ်တဲ့ မိဘတွေအတွက် ကိုယ့်ရဲ့ရင်သွေးလေးတွေကို ပညာတတ်ဖို့ဆိုတဲ့စိတ်နဲ့ စာသင်ကျောင်းဆိုတဲ့နေရာကို မပို့ချင်ပေမယ့်လည်း ပို့ကြရတယ်။ စိတ်မချတတ်တဲ့ မိဘတွေက မူလတန်းအရွယ် ကလေးမဟုတ်ပဲ အထက်တန်းကျောင်းသားကြီးတွေဖြစ်နေရင်လဲ ကျောင်းပေါက်ဝထိ လိုက်ပို့ပြီး ဆရာ၊ ဆရာမလက်ထဲ အပ်လိုက်ရမှာ စိတ်ချတတ်ကြတယ်။

    နိုင်ငံကိုအုပ်ချုပ်တဲ့ ခေါင်းဆောင်မကောင်းရင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေလဲ အန္တရာယ်တွေ ဝိုင်းနေတတ်တယ်။ အာဏာနဲ့လက်နက်ကို အားကိုးတတ်တဲ့ အုပ်ချုပ်သူ လူတန်းစားတရပ်ကြောင့် ပညာရေးနယ်မြေ၊ ဘာသာရေးနယ်မြေ၊ ကျန်းမာရေးနယ်မြေရယ်လို့ သတ်မှတ်ချက်မရှိပဲ အချိန်မရွေး လူသတ်လက်နက်တွေအသုံးပြုတဲ့နယ်မြေဖြစ်လာနိုင်တယ်။ ပညာသင်ကြားနေတဲ့ ကလေးငယ်ဖြစ်ဖြစ်၊ ကလေးမိဘပဲ ဖြစ်ဖြစ် အသက်အန္တရာယ် အချိန်မရွေးကျရောက်နိုင်တဲ့ စစ်ပွဲရဲ့ ကြမ်းတမ်းမှုကို ကြုံကြရမှာ စိတ်ပူမိတယ်။ 

    ဓာတ်ပုံ – စစ်ကောင်စီဝန်ခံထားသည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုအပြီး မြင်ကွင်း။

    ကျောင်းတတ်ရမယ့် အချိန်ရောက်လာပေမယ့်လည်း တနိုင်ငံလုံးစစ်ပွဲရဲ့အငွေ့အသက်တွေ လွှမ်းမိုးနေသလို ငြိမ်းချမ်းဖို့ဆိုတဲ့အနာဂတ်ကလည်း အလှမ်းဝေးနေဆဲပဲ။ မငြိမ်းချမ်းတဲ့ နိုင်ငံအတွင်းမှာ ပြည်သူလူထု အားလုံးလည်း လူမှုဒုက္ခတွေကို ဆိုးဆိုးဝါးဝါးကြုံနေကြရတယ်။ စစ်ပွဲတွေ ထူပြောနေတဲ့ တနိုင်ငံလုံးမှာ ကျောင်းသားအရွယ် ကလေးငယ်တွေလဲ စစ်ရှောင်ဘဝနဲ့ပြေးနေရသူတွေလည်း ပေါများနေဆဲပဲ။ စစ်ပွဲတွေ ဘာလို့များနေလဲ၊ စစ်ရှောင်တွေကို ဘယ်လိုဖြေရှင်းမလဲ မစဉ်းစားတတ်တဲ့ အာဏာရှင်အုပ်ချုပ်သူတွေက ကျောင်းသားတွေများရင် ပညာတတ်တွေများမယ်လို့ သတ်မှတ်ခဲ့တယ်။ တနှစ်တစ်တန်းအောင်ရင် လူသားရင်းမြစ်တွေ ဖွံ့ဖြိုးလာမယ်လို့ သတ်မှတ်ခဲ့တယ်။

    (more…)

  • စတန်းဒတ်(Standard ) အာမီလား ခြင်းကြား အာမီလား

    စတန်းဒတ်(Standard ) အာမီလား ခြင်းကြား အာမီလား

    “မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများတွင် ကျရှုံးလာမှုများလာသောအခါ စစ်တပ်အရာရှိများသည် ရှေ့တန်းမထွက်ရရေးအတွက် အရပ်ဘက်ဌာနများသို့ အလုံးအရင်းပြောင်းရွှေ့လာကြသဖြင့် အရပ်ဘက်ဌာနများအတွင်း အဂတိလိုက်စားမှုများနှင့် တစ်သွေးတစ်သန်တစ်မိန့်ဟူသော စစ်တပ်စည်းကမ်းများလွှမ်းမိုးလာပြီး စည်းပျက်ကမ်းပျက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများပိုမိုများပြားလာခဲ့ကြသည်”
    အညာသားရာဇဖွား
     
    ၂၀၁၈ ခုနှစ်စစ်တမ်းများအရ ကမ္ဘာ့အဆင့် ၃၅ နေရာတွင်ရှိသော အကြမ်းဖက်စစ်တပ်သည် နွေဦးတော်လှန်ရေး (၃) နှစ်ကျော်ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ EROs များနှင့် ရင်ဆိုင်တိုက်ပွဲများဆင်နွှဲလာရချိန်တွင် ကမ္ဘာ့အဆင့် ၃၇ သို့ နှစ်ဆင့်လျော့ကျသွားသည်ကိုတွေ့ရသည်။ အမှန်တကယ်လက်တွေ့မြေပြင်တွင်မူ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အဆင့်မှာ ကုန်းကောက်စရာမရှိလောက်အောင်ပင် ကျဆင်းနေပြီဖြစ်သည်။
     
    တွေ့ဆုံပွဲများနှင့် အင်တာဗျူးများတွင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ကမ္ဘာ့အဆင့်မှီ မြန်မာ့တပ်မတော်ဟုမည်မျှပင် ကြွားဝါနေစေကာမှူ အမှန်တကယ်မြေပြင်လက်တွေ့တွင်မူ စည်းကမ်းပျက်ပြားသော၊ စစ်ရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကိုပင် လေးစားဂရုပြုရကောင်းမှန်းပင်မသိဘဲ ပြည်သူလူထုအပေါ်၌ နိုင်လိုမင်းကျ ယုတ်မာရက်စက်အကြမ်းဖက်သော အဖွဲ့အစည်းတစ်ခုပင်ဖြစ်သည်။ ထိုမျှမကသေး ပြည်သူများပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကိုပင် ဖောက်ထွင်းခိုးယူခြင်း၊ လက်နက်ပြချိန်းခြောက်လုယူဓားပြတိုက်ခြင်းများအပြင် အမျိုးသမီးများအား မုဒိန်းကျင့် သတ်ဖြတ်ခြင်းများကိုပါ ကျူးလွန်နေသော စက်ဆုတ်ရွံရှာဖွယ် အဖွဲ့အစည်းတစ်ခုပင်ဖြစ်သည်။
     
    ထို့ကြောင့် စတန်းဒတ်(Standard) ဆိုသည်မှာ ဘာမှန်းမသိ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ စစ်စည်းကမ်းဥပဒေများကို လေးစားလိုက်နာကောင်းမှန်းမသိကြဘဲ ၎င်းတို့နားထဲသို့ ရိုက်သွင်းခံထားရသော ဝါဒမှိုင်းများဖြင့်သာရှင်သန်၍ ဂုဏ်သိက္ခာကင်းမဲ့သော လက်နက်ကိုင်ခိုးဆိုးလုနှိုက်အဖွဲ့သာဖြစ်သည်။ စစ်ကောင်စီတပ် ထိပ်ပိုင်းခေါင်းဆောင်များ မည်မျှပင် ရာထူးအာဏာများကိုအသုံးချ၍ ကြီးပွားချမ်းသာကာ ဇိမ်ခံယစ်မူးပြီး လက်အောက်ခံတပ်သားများအပေါ် ချနင်းထိုးကျွေးအသုံးချနေစေကာမူ ရိုက်သွင်းခံထားရသောဝါဒမှိုင်းများကိုသာ ဆင်ကန်းတောတိုးယုံကြည်ကာ နေ့စဉ်ရက်ဆက် မနားတမ်း တောတောင်များအတွင်း ရှေ့တန်းစခန်းများတွင် ခြင်းကြားများလွယ်ကာ သွားရောက်၍ ဆက်လက်မိုက်တွင်းနက်နေကြဆဲဖြစ်သည်။

    (more…)

  • AA ရဲ့ မဟာဗျူဟာမြောက် ထိုးစစ်တွေအောက်မှာ စစ်တပ် ကျရှုံးသွားပြီလား?

    AA ရဲ့ မဟာဗျူဟာမြောက် ထိုးစစ်တွေအောက်မှာ စစ်တပ် ကျရှုံးသွားပြီလား?

    “စစ်ကောင်စီရဲ့တပ်ရင်းတွေကို တိုက်တော့မယ်ဆိုရင် ရာဇသံပေးတာ AA ပဲတွေးဖူးပါသေးတယ်။ မတိုက်ခင် ဒေသခံတွေ ရှောင်ခိုင်းတယ်။ ပြီးမှ တိုက်မယ့်တပ်ရင်းတွေကို စားနပ်ရိက္ခာပိတ်ဆို့ဖြတ်တောက်တယ်။ အင်အားနည်းနေပြီလို့ထင်မှ သာလွန်အင်အားနဲ့ ဝင်လုံးပါတယ်။ နောက်ပြီးတော့ AA တပ်တော်ကအမာကိုရှောင်ပြီး အပျော့ကိုတိုက်တဲ့ဗျူဟာကိုသုံးတယ်”

    ရခိုင်ပြည်နယ်မှာ AA သိမ်းပြီးတဲ့မြို့တွေက ပလက်ဝ၊ ကျောက်တော်၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ မင်းပြား၊ မြောက်ဦးဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ ပထမဆုံး အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်လာတဲ့ပုံစံလေးကို အရင်ကြည့်ရပါမယ်။ ဒါကတော့ ပထမဆုံး ပလက်ဝဒေသတခုလုံးကိုတိုက်တယ်၊ အဲ့ကနေ တဆင့် ကုလားတန်မြစ်ကြောင်းအတိုင်းဆင်းလာပြီးတော့ မြောက်ဦး၊ မင်းပြား၊ ပြီးရင်ပေါက်တော၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ ဆက်ပြီးတိုက်လာတယ်။ ဒီပုံစံမျိုး မြောက်ပိုင်း ကနေတောင်ပိုင်းကို ဆင်းလာပြီး မဟာဗျူဟာမြောက် စစ်တိုက်သွားတာတွေ့ရတယ်။

    အဲ့ဒီလို တိုက်တဲ့အချိန်မှာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွေ၊ စစ်ကောင်စီတပ်ရင်းတွေ ဗျူဟာကုန်းတွေအနေနဲ့ ပလက်ဝကစပြီး ဘာတခုမှ မတုန့်ပြန်နိုင်တာတွေ့ရတယ်။ ပလက်ဝ တိုက်ပွဲမှာဆိုရင် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူးအဆင့်က စပြီးကျတယ်။ ဗျူဟာမှူးဆိုတာ တပ်ရင်း ၃ ရင်းလောက်ကို ကွပ်ကဲရတဲ့ စစ်ဘုရင်တယောက်ဘဲ ဒီလူတွေကိုယ်တိုင် ဦးဆောင်ပြီး ကျတယ်။ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူး စသဖြင်အကျအရှုံးတွေများကြတယ်။ ဒီလူတွေက ရှေ့တန်းတပ်ရင်းတွေရဲ့ စစ်ဘုရင်ဖြစ်သလို၊ ရာထူးအဆင့်အတန်းအရဆိုရင် အထက်နဲ့အောက်တပ်တွေကို ထိန်းညှိပေးရတဲ့ ခါးဆက်တွေဖြစ်တယ်။ ဆိုတော့ စစ်တပ်က ခါးဆက်တွေပျက်ကုန်တယ်။ ဒါကစစ်တပ်ရဲ့လက်ရှိအခြေအနေပါ။

    အဲဒီနောက် စစ်တပ်က သူ့ဂုဏ်သိက္ခာအတွက် ပြင်နေတာတွေ့ရတယ်။ ဒါကတော့ လက်ရှိ ရထားတဲ့နယ်မြေတွေ ထပ်မပေးရအောင် အရင်ခံစစ်ပြင်တာပါ။ အဲ့ဒီအတွက် ပထမဆုံး စစ်တိုက်နိုင်တဲ့ စစ်သားအင်အားတွေကို ရဟတ်ယာဥ်/ စစ်သင်္ဘောတွေနဲ့ ရခိုင်ကိုပို့ပါတယ်။ အဲ့လို ပို့ဖို့ဆိုရင် အခြားပြည်နယ်နဲ့တိုင်းအလိုက်က ဆေး၊ ဆက်၊ ဘီအီး အပါအဝင်၊ ကကထုတ်၊ ကကယာ၊ ကပစ စတဲ့ အထိုင်တပ်ရင်းတွေကနေ ထုတ်နုတ်ပြီး ရခိုင်ကိုပို့ရမှာပါ။ တခြားမကြည့်နဲ့ စစ်မတိုက်ရတဲ့ မိတ္ထီလာလေတပ်က လေတပ်သားတွေကိုတောင် လုံခြုံရေးအကြောင်းပြပြီး ရှေ့တန်းကိုလွှတ်တယ်လို့ တပ်တွင်းကနေ သိရပါတယ်။

    (more…)

  • စစ်အုပ်စုတွေကြောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့တန်းက အမျိုးသမီးများ

    စစ်အုပ်စုတွေကြောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့တန်းက အမျိုးသမီးများ

    “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းအပေါ်ဦးဆောင်လျှောက်လှမ်းနေသူတစ်ဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အမျိုးသမီးတစ်ဦးဖြစ်တယ်။ သူဘဝရဲ့ သက်တမ်း တဝက်ကျော်ဟာ စစ်အုပ်စုကို အံတုရင်း၊ အကျယ်ချုပ်၊ အကျဥ်းထောင် စတာတွေနဲ့ပဲ ပေးဆပ်ခဲ့ရတာဖြစ်တယ်။ လက်နက်မဲ့ အမျိုးသမီးကြီးတယောက်ကို လက်နက်ကိုင်စစ်အုပ်စုက ကြောက်ရွံတယ်ဆိုတာ သမိုင်းက သက်သေရှိပါတယ်”

    နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲတွေမှာ အဓိကတိုက်နေကြတာဟာ အမျိုးသားတွေလို့ ဆိုရပေမယ့်၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကတည်းက အမျိုးသမီးတွေဟာ ရှေ့ဆုံးမှာပါဝင်ခဲ့ကြတယ်။အမျိုးသမီးတွေဟာ တော်လှန်ရေးရဲ့ အဓိက ဦးဆောင်သူတွေအဖြစ်လည်း ရပ်တည်နေပါတယ်။ အခန်းကဏ္ဍအနေနဲ့ အမျိုးသမီးတွေဟာ စစ်အတွင်း ဘဝပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ၊  ဖော်ထုတ်ရေး၊ စီမံရေး၊ တင်ပြရေး၊ ရေးသားရေးအလုပ်တွေမှာပါ အဓိကနေရာကပါဝင်နေတာတွေ့ရပါတယ်။ အခုချိန်မှာ ရှေ့တန်းထွက်နေတဲ့ အမျိုးသမီးများရှိသလို နောက်တန်းမှာလည်း အမျိုးသမီးများရဲ့ စီမံခန့်ခွဲမှုတွေကလည်း မရှိမဖြစ် အရေးပါလှပါတယ်။ 

    နောက်တခုက စစ်ပွဲအတွင်းမှာဖြစ်စေ၊ အခြားသော ဘဝရပ်တည်ရေးဖြစ်စေ၊ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းမှာ မိသားစုတွေအတွက် အဓိကစောင့်ရှောက်သူတွေအဖြစ် အမျိုးသမီးတွေပရဲ့ အခန်းကဏ္ဍ ရှိနေပြီး လူမှုအသိုင်းအဝိုင်းမှာ ကူညီမှု၊ မေတ္တာတရား၊ သံယော ဇဉ်တွေကို လှုံ့ဆော်ပေးပါတယ်။ တော်လှန်ရေးရဲ့ အဓိက အသားတင်ချက်တွေဖြစ်တဲ့ ခံနိုင်ရည်ရှိမှု၊ စည်းလုံးမှုတွေကို အမျိုးသမီးတွေနဲ့ လူမှုအသိုင်းအဝိုင်းက ထောက်ပံ့ပေးပါတယ်။

    လက်ရှိတော်လှန်ရေးအတွင်းမှာဆိုရင် လက်ညှိုးထိုးမလွဲတဲ့ အမျိုးသမီး ဦးဆောင်သူတွေကို မြင်တွေ့ရတယ်။ မှတ်မှတ်ရရဆိုရင်နှမ်းတစ်စေ့တည်းနဲ့ ဆီဖြစ်မလား၊ ရေကာတာတစ်ခု ကျိုးပေါက်ဖို့အတွက် အက်ကြောင်းတစ်ခုပဲလိုတယ်လို့ ကိုယ်ကျင့်တရားပျက် လူ့အဖွဲ့အစည်းတွေကို ၂၀၂၀ ခုနှစ်က တည်းက ထောက်ပြခဲ့ဖူးတဲ့၊ လက်ရှိ NUG ရဲ့ ဒုဝန်ကြီး အိသဥ္ဇာမောင်တို့လို။ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်နက်ကိုင်ရဲဘော်တစ်ဦး ဖြစ်ခဲ့တဲ့ဟန်နီနွေဦးတို့အပြင်၊ အဖွဲ့အစည်းတွေကို ဦးဆောင်နေတဲ့ အမျိုးသမီးတွေ လက်ညှိုးထိုးမလွဲပါပဲ။

    (more…)

  • လူမျိုးပေါင်းစုံပြည်သူလူထုနှင့် အာရက္ခနိုင်ငံသစ်

    လူမျိုးပေါင်းစုံပြည်သူလူထုနှင့် အာရက္ခနိုင်ငံသစ်

    “မြေပြန့်မြန်မာ ဖိနှိပ်ခံလူတန်းစားတွေအပါအဝင် လူမျိုးစုအားလုံးက အာရက္ခတပ်တော်ကို ထောက်ခံဖို့ တိုက်တွန်းချင်တာပါ။ ရိုဟင်ဂျာလူမျိုးတွေလည်း အာရက္ခတပ်တော်ကို ထောက်ခံပံ့ပိုးဖို့လိုပါတယ်။ ဒီတော်လှန်ရေးကာလမှာ အာရကန်ဘက်ကဝင်ကူပြီး တိုက်ပေးတဲ့ ရိုဟင်ဂျာတွေရှိရင် နောင်ဖြစ်လာမယ့် နိုင်ငံသစ်မှာ လူနည်းစုအခွင့်အရေး အပြည့်အဝရရှိဖို့ တောင်းဆိုရတာ ခက်ခဲမယ်မထင်ဘူး”
    အာရကန်လူမျိုးတွေ တော်လှန်ရေးလုပ်ရတဲ့အကြောင်းအရင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ နိုင်ငံတနိုင်ငံ ထူထောင်နိုင်ဖို့အထိ ရည်ရွယ်ပါတယ်။ နှစ်ပေါင်းများစွာ သူတပါးလက်အောက်ခံဘဝနဲ့ နေထိုင်လာခဲ့ရတာကို အာရကန်လူမျိုးတွေက စိတ်ပိုင်းဆိုင်ရာအရ နာကြည်းခါးသီးနေခဲ့တာပါ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့အတွက် အာရက္ခတပ်တော် ( ULA / AA) ကို အားကောင်းအောင် တည်ဆောက်ပြီး အာရက္ခပြည် လုံးဝလွတ်မြောက်ရေးကို ဦးတည်တိုက်ပွဲဝင်နေပါတယ်။
    ဒီအခြေအနေတွေကို ကျနော် နားလည်ထားသလို သုံးသပ်ရရင် လက်ရှိ ပြည်သူအားလုံး မုန်းတီးနေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုပြိုလဲသွားမှသာ အာရက္ခနိုင်ငံသစ်ကို တည်ထောင်နိုင်မှာဖြစ်တယ်။ မင်းအောင်လှိုင် စစ်အုပ်စုကို အာရက္ခပြည်ထဲကနေ မောင်းထုတ်ရုံသာမက ဘေးပတ်ဝန်းကျင်ဒေသတွေကနေ ပြန်လည်ထိုးဖောက်ဝင်ရောက်မလာနိုင်အောင်လည်း တိုက်နိုင်ဖို့လိုတယ်။
    ပြည်ထောင်စုတည်ဆောက်မယ် စဥ်းစားထားတဲ့ လူမျိုးစုတော်လှန်ရေးအင်အားစုအားလုံးရဲ့ နယ်မြေမှာ စစ်ကောင်စီကင်းစင်ဖို့ လိုတယ်။မြေပြန့်ဒေသမှာလည်း စစ်ကောင်စီရပ်တည်လို့မရအောင် အဆုံးသတ်တိုက်ထုတ်ဖို့ လိုတယ်။ဗမာ့နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အလုံးစုံကို ထပ်ပြီး မကြီးစိုး မခြယ်လှယ်တော့အောင် ပြတ်ပြတ်သားသား တိုက်ပွဲဆင်နွှဲရမယ်။

    (more…)

  • အဆင့်မြင့်လက်နက်တွေမနိုင်တဲ့ ပြည်သူ့လက်သုံးချောင်း

    အဆင့်မြင့်လက်နက်တွေမနိုင်တဲ့ ပြည်သူ့လက်သုံးချောင်း

    “တော်လှန်ရေး စတင်ချိန်ကတည်းက အကြမ်းဖက်စစ်တပ်က အင်အားကြီးမှန်းကို သိပေမယ့် စုစည်းရသလောက် လက်နက်ခဲယမ်းတွေနဲ့ မတွန့်မဆုတ်တိုက်ခိုက်ခဲ့တယ်။ လက်နက်ခဲယမ်းတွေကို ဖင်ခုထိုင်ထားတဲ့ အကြမ်းဖက်စစ်ကတော့ လက်နက်သာရှိပြီး ယုံကြည်ချက်ကင်းမဲ့နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေကို ရင်ဆိုင်မတိုက်ရဲခဲ့ကြဘူး”
     
    နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းတွေက အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်ချင်တာကြောင့် ဘတ်ဂျက်အနည်းဆုံး လက်နက်တွေဖြစ်တဲ့ တူမီးလိုလက်နက်လေးတွေနဲ့စတင်လာခဲ့တာ ခုဆိုရင် နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်း ကျော်အထိ စစ်ရေးအရ ထိန်းချုပ်ထားနိုင်ပြီ။ အကြမ်းဖက်စစ်တပ်ကတော့ နိုင်ငံတော် ဘဏ္ဍာတွေကို မတရားသုံးစွဲပြီး ကာကွယ်ရေးအတွက်၊ လက်နက်အင်အား နည်းပညာအင်အား အဆင့်မြင့်ဆုံးတွေ သုံးထားပေမယ့် အောင်ပွဲဆိုတာ ကင်းမဲ့နေပြီး နယ်မြေတွေအားလုံးနီးပါး ထိန်းချုပ်မရတော့ဘူး။
     
    လက်နက်မဲ့ပြည်သူတွေကို သေနတ်မောင်းတင်ပြီး သေရဲရင်ထွက်ခဲ့လို့ ပြောခဲ့သူတွေက အခုချိန်မှာတော့ မောင်းပြန်ကိုင်ထားတဲ့ ရဲဘော်တွေရှေ့ မျက်နှာအောက်ချပြီး အရှက်မရှိတောင်းပန်နေကြတယ်။ လက်နက်အသာနဲ့ စိန်ခေါ်ရဲတဲ့ အကြမ်းဖက်စစ်တဲ့ တပ်ဖွဲ့ဝင်တွေက လက်နက်အင်အားတူလာချိန်မှာတော့ စိတ်ဓါတ် စွမ်းရည်အရ မယှဉ်နိုင်ဘူးဆိုတာ သိသာလှတယ်။
     
    ပြည်သူလူထုရဲ့ အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တိုက်ထုတ်ဖို့ဆိုတဲ့ လမ်းစဉ်ကိုရွေးပြီးတဲ့ နောက်တော့ တနိုင်ငံလုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စီးပွားရေးဒေါက်တိုင်တွေ၊ အုပ်ချုပ်ရေးဒေါက်တိုင်တွေကို ဦးတည် တိုက်ခိုက်လာတာကြောင့် စစ်သည်အင်အား ၄ သိန်းရှိတဲ့ဆိုတဲ့စစ်တပ်က တနိုင်ငံလုံးကိုအင်အားတွေ ဖြန့်ထုတ်နှိမ်နင်းနေရတယ်။ တော်လှန်ရေးစကတည်းက စစ်တပ်ကိုနားချိန်မပေးပဲ ဗျူဟာမြောက်စွာနဲ့ တနိုင်ငံလုံးက နေ့စဉ်တိုက်ပွဲတွေဆင်နွှဲနေလို့ အကြမ်းဖက်စစ်တပ် ဖိအားတွေ များလာတယ်။

    (more…)

  • လူမျိုးရေး ဘာသာရေး ပဋိပက္ခမီးမွှေးပြီး စစ်ရေး နိုင်ငံရေး အသာစီးယူချင်နေသော အကြမ်းဖက် စစ်ကောင်စီ

    လူမျိုးရေး ဘာသာရေး ပဋိပက္ခမီးမွှေးပြီး စစ်ရေး နိုင်ငံရေး အသာစီးယူချင်နေသော အကြမ်းဖက် စစ်ကောင်စီ

    “အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်တိုက်ခိုက်ရုံတင်သာမက တိုင်းစစ်ဌာနချုပ် အမ်းမြို့ကိုတောင် ခြိမ်းခြောက်ထားနိုင်တဲ့အဆင့်ထိ ရောက်ရှိနေပြီး စစ်တပ်ရဲ့ပထမဦးဆုံး တိုင်းစစ်ဌာနချုပ်တစ်ခု စတင်ဆုံးရှုံးရတော့မလားဆိုပြီး စစ်ရေးစောင့်ကြည့်သူတွေကြား နာမည်ကြီးခဲ့ရတဲ့အထိပင် စွမ်းဆောင်ထားနိုင်ခဲ့”

    “ရခိုင်ပြည်နယ်အရေးနဲ့ပတ်သတ်ပြီး စစ်ကောင်စီအနေဖြင့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးလာနိုင်တာကြောင့် မိမိတို့အနေဖြင့်အထူးဂရုပြူနေရတယ်” ဆိုတဲ့ အာရက္ခတပ်တော် -AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ပြောကြားထားတဲ့ video file လေးတစ်ခုကို မနေ့က တွေ့မိလိုက်ပါတယ်။ အားလုံးသိတဲ့အတိုင်း ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ခြောက်လအတွင်းမှာကို မြို့နယ် ၁၀ ခုလောက်ကို အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။
     
    အာရက္ခတပ်တော် အနေဖြင့် စစ်ဦးဘီလူးဆိုတဲ့ခေါင်းစဥ်အတိုင်း စကစရဲ့ အခြေချဗျူဟာတွေ၊ အခိုင်အမာစစ်စခန်းတွေနဲ့ ပြည်နယ်ချင်းဆက် မြို့တွေကိုပါ အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်တိုက်ခိုက်ရုံတင်သာမက တိုင်းစစ်ဌာနချုပ် အမ်းမြို့ကိုတောင် ခြိမ်းခြောက်ထားနိုင်တဲ့အဆင့်ထိ ရောက်ရှိနေပြီး စစ်တပ်ရဲ့ပထမဦးဆုံး တိုင်းစစ်ဌာနချုပ်တစ်ခု စတင်ဆုံးရှုံးရတော့မလားဆိုပြီး စစ်ရေးစောင့်ကြည့်သူတွေကြား နာမည်ကြီးခဲ့ရတဲ့အထိပင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
     
    အခု တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်းလောက်ကစပြီး ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ လူ့အခွင့်အရေး အကာအကွယ်ပေးသူ အဖွဲ့အစည်းတွေကြား အထူးအလေးထားစောင့်ကြည့်ခဲ့ရတဲ့ ပြည်နယ်ဖြစ်ပြီး စစ်တပ်ရဲ့ခြေလျင်စစ်ကြောင်းတွေဟာ ရိုဟင်ဂျာလူမျိုးတွေကို ရက်ရက်စက်စက်ဖြင့် ချေးမှုန်းခဲ့ကြတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ထိုစဥ်က စစ်တပ်အနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ခေါင်းစဥ်ဖြင့် ရိုဟင်ဂျာလူမျိုးတွေကို စစ်ဆင်ရေးကြီးတစ်ခုသဖွယ်ရှင်းလင်းခဲ့ကြပြီး အဆိုပါလုပ်ရပ်ကြောင့်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

    (more…)

  • သူငယ်ချင်းထံ ပေးစာ

    သူငယ်ချင်းထံ ပေးစာ

    “ငါတို့ရပ်ကွက်အစွန်က အရက်ပုန်းရောင်းတဲ့ စာမတတ်၊ ပေမတတ်ကောင်က အခုရပ်ကွက်ရဲ့ အတွင်းရေးမှူးဆိုလားပဲ၊ အရင်ကမှုးလာရင် ဒီမိုကရေစီခေတ်မှာ လွတ်လပ်ခွင့်ရှိတယ်ဆိုပြီး သူ့မိန်းမသူ အော်ကြီး ဟစ်ကျယ်ဆဲတတ်တဲ့ ရပ်ကွက်ထဲ နှစ်လုံးပတ်ရောင်းနေတဲ့ တပ်ထွက်ဆိုတဲ့ ဘဲကြီးကလည်း အခုတော့ အုပ်ကြီးဖြစ်ပြီး ကြူကြူလှတောင် သူ့လုပ်စာ စားနေတဲ့ စတိုင်ကြီးနဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်လိုချင်ရင် သိန်း ၄၀ ပေးဖို့တောင်းသေးတာ”
    **************************
    သူငယ်ချင်းရေ အကောင်းဆုံးဖြစ်အောင် တာဝန်ကျေကြမယ်ဆိုတဲ့ “ကတိ” တွေထားပြီး ငါတို့နဲ့ မြို့လေးကို မင်းခွဲပြီးထွက်သွားခဲ့တာ ၃ နှစ်တောင်ကျော်သွားခဲ့ပြီကွ။ မတရားမှုကို ရွံ့မုန်းတဲ့စိတ်ရှိပြီး ကိုယ်ချင်းစာနာတတ်တဲ့ နှလုံးသား၊ အားကြီးနေတဲ့ အဓမ္မကို တွန်းလှန်ရဲတဲ့ သတ္တိ၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မင်းပိုင်တဲ့ဘဝနဲ့ အသက်ကို ရင်းနှီးပေးဆပ်ရဲခဲ့တာ ငါတို့ ချီးကျူးလို့ကို မဆုံးနိုင်ပါဘူးကွာ။ “ဂုဏ်ယူပါတယ်”ဆိုတာထက် အများကြီးပိုပါတယ် သူငယ်ချင်းရေ။

    အကောင်းဆုံးထောက်ပံ့မယ်ဆိုတဲ့ ကတိနဲ့ ငါတို့လည်းကြိုးစားနေပါတယ် သူငယ်ချင်းရေ။ မင်းမသွားခင်တုန်းက အခြေအနေနဲ့ အခုလက်ရှိအခြေအနေမှာ အခက်အခဲတွေကလည်း ပေါများလွန်းလှပါတယ်ကွာ။ ဒေါ်လာဈေး လေးထောင်ကျော်တာထက် ဆန်ကြမ်းတောင်တစ်အိတ် တစ်သိန်းကျော် ပေးစားနေရတဲ့ ခေတ်ရဲ့အခြေအနေမှာ အလုပ်အကိုင်တွေကလည်း ရှားပါးလာတယ်ကွ။ လက်ဖက်ရည် တစ်ခွက် ၂၅၀၊ ၃၀၀ ကနေ ၁၀၀၀၊ ၁၂၀၀ ဖြစ်သွားလို့ အရင်လို တနေ့ နှစ်ခေါက်သုံးခေါက်မထိုင်နိုင်တော့တဲ့အပြင် ရက်ကျော်သောက်နေရပြီလေ။

    တစ်ရက်လုံးပေါင်းလို့ ၆ နာရီပြည့်အောင် မလာတော့တဲ့ လျှပ်စစ်မီးနဲ့ အရင်က တစ်ပေပါကို ၁သိန်း ၈သောင်းပဲ ပေးရပေမယ့် အခုချိန်မှာ ၆ သိန်းကျော်ပေးဝယ်နေရတဲ့ ဒီဇယ်ဈေးမှာ ငါတို့ဘယ်လို အလုပ်ဖြစ်နိုင်မှာလည်းကွာ။ အာဏာသိမ်းခါစကထက် သုံးလေးဆ ခုန်တက်သွားတဲ့ ကုန်ဈေးနှုန်းကို နှစ်ဆတက်မလာတဲ့ ဝင်ငွေနဲ့ ခုခံရတဲ့ စီးပွားရေးတိုက်ပွဲတွေကြားမှာ ငါတို့လည်း ခက်ခက်ခဲခဲ ဆင်နွှဲနေရတယ် သူငယ်ချင်းရေ။ ထမင်း ငတ်လို့ မသေဘူးလို့ပြောပြောနေတဲ့ ငါတို့နိုင်ငံမှာ အာဟာရပြတ်လို့ သေရတာတွေတော့ ဖြစ်လာတော့မယ် ထင်ရတယ်ကွ။

    (more…)