RNA Editor

434 Posts
နေပြည်တော် ဥတ္တရသီရီမြို့နယ် လမ်းပိုင်းတစ်နေရာကို OPRF – PLA ရဲဘော်များက (၃) နာရီကျော်ကြာထိန်းချုပ်မှုအတွင်း ဗိုလ်မှူးဖြိုးမင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့

နေပြည်တော် ဥတ္တရသီရီမြို့နယ် လမ်းပိုင်းတစ်နေရာကို OPRF – PLA ရဲဘော်များက (၃) နာရီကျော်ကြာထိန်းချုပ်မှုအတွင်း ဗိုလ်မှူးဖြိုးမင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့

RNA_ဧပြီ(၂၁)၊၂၀၂၅ခုနှစ်။ နေပြည်တော် ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတစ်နေရာကို ဧပြီလ ၁၉ ရက်နေ့က အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု/ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (OPRF - PLA) ရဲဘော်များ (၃) နာရီကျော်ကြာ ထိန်းချုပ်ထားမှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးဖြိုးမင်းကျော်အပါအဝင် (၃)သုံးဦးအား ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ ဥတ္တရသီရီမြို့နယ် လမ်းပိုင်းတစ်နေရာကို ထိန်းချုပ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူး ဖြိုးမင်းကျော် (အမှတ် (၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံဌာနချုပ်)၊ တပ်ကြပ် အောင်ဇော်နိုင် (အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၃) တပ်ခွဲ) နှင့် ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သော်လည်း ထိန်းချုပ်နေရာမှ ပြန်လည်ရုတ်သိမ်းပြီးအပြန်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်းများ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုက…
Read More
လေကြောင်းတိုက်ခိုက်ခံရပြီး အသားစများ ကောက်ယူနေသည့် မြင်ကွင်း

လေကြောင်းတိုက်ခိုက်ခံရပြီး အသားစများ ကောက်ယူနေသည့် မြင်ကွင်း

RNA_ဧပြီ(၂၀)၊၂၀၂၅ခုနှစ်။   မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ဧပြီလ ၁၀ ရက်နေ့ နေ့လယ် (၁) နာရီခန့်က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ကလေးငယ်များ အနည်းဆုံး (၈)ဦးအပါအဝင် ပြည်သူ (၁၅) ဦးအထက် သေဆုံးခဲ့ရပြီး သေဆုံးသွားသူများ၏ အရိုးစ အသားစများကို လိုက်လံကောက်ယူနေသည့် မြကွင်းတချို့ဖြစ်သည့် ရုပ်သံကို သပိတ်ကျင်းမြို့နယ် ပကဖကယနေ့ ရေထွက်ကျေးရွာပြည်သူများ၏ အသံနှင့်အတူ အသိပေးထားသည်။ #RedNewsAgency #REDNEWS #RNA
Read More
ငလျင်ဘေးကြောင့် အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ/သား (၂၀) အပါအဝင် (၃၀) ထက်မနည်းသေဆုံး

ငလျင်ဘေးကြောင့် အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ/သား (၂၀) အပါအဝင် (၃၀) ထက်မနည်းသေဆုံး

RNA_ဧပြီ(၂၀)၊၂၀၂၅ခုနှစ်။ မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော် ငလျင်ဘေးကြောင့် နိုင်ငံရေးအကျဉ်းသား (၁၀)ဦး၊ နိုင်ငံရေးအကျဉ်းသူ (၁၀) ဦးတို့အပါအဝင် အကျဉ်းသူ/အကျဉ်းသား စုစုပေါင်း (၃၀) ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၈၀) ဦးကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများနှင့် သက်ဆိုင်သော အဖွဲ့အစည်း (၇) ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကိုင်းငလျင်ကြေင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် အင်းလေးဒေသစသည်တို့တွင် ထိခိုက်ပျက်စီးမှုများစွာရှိခဲ့သော်လည်း စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့တွင် ငလျင်ကြောင့် ဆုံးသူ (၃၇၀၆) ဦး၊ ဒဏ်ရာရရှိသူ (၅၀၂၇) ဦးနှင့် ပျောက်ဆုံးသူ (၁၃၀) ဦးရှိသည်ဟု ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီထုတ်ပြန်ချက်ထက်ပိုများနိုင်ပြီး၊ အိုးဘိုထောင်တွင်းနှင့်ပတ်သက်ပြီး…
Read More
တော်လှန်ရေး အောင်မြင်ဖို့ ဘာတွေလိုအပ်သလဲ

တော်လှန်ရေး အောင်မြင်ဖို့ ဘာတွေလိုအပ်သလဲ

"တော်လှန်ရေးတပ်သားတွေကြားမှာ စည်းကမ်းသေဝပ်တွေ၊ အမိန့်နာခံမှုတွေ၊ တိုက်ခိုက်ရေးစွမ်းရည်တိုးတက်မှုတွေ၊ တော်လှန်ရေးအပေါ် ခိုင်မာယုံကြည်တဲ့စိတ်တွေ၊ အချင်းချင်းကြား ညီညွတ်မှုတွေ၊ လေးစားမှုတွေ၊ စစ်ရေးအသိဉာဏ်ပွင့်လင်းမှုတွေ " ကျော်ကြီး “အတိတ်ဟာ ပစ္စုပ္ပန်ရဲ့ အစဖြစ်တယ်”လို့ ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ဝီလျှံရှိတ်စပီးယားက ပြောဖူးပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်သူလူထုတစ်ရပ်လုံး ကိုယ်တိုင်တွေ့ကြုံဖြတ်သန်းခဲ့ကြရတဲ့ အတိတ်ကဖြစ်ရပ်အကြောင်းအရာတွေဟာ သမိုင်းဖြစ်စဉ်တစ်ခုအဖြစ် ပြောင်းလဲသွားကြသလို အဲ့ဒီအတိတ်သမိုင်းဖြစ်စဉ်အတွင်းက နိုင်ငံတစ်ခုရဲ့ အောင်မြင်မှု၊ ကျဆုံးမှု၊ ချွတ်ယွင်းမှု၊ ကောင်းမွန်မှုဆိုတဲ့ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေအပေါ် နောင်အနာဂါတ်ခေတ်အဆက်ဆက်က ပြည်သူလူထုဟာ လေ့လာဆင်ခြင်သုံးသပ်ခွင့်ရနိုင်တာကြောင့် အတိတ်သမိုင်းဖြစ်ရပ်တွေဟာ သင်ကြားလေ့လာနိုင်တဲ့ အဖိုးတန်သင်္ခန်းစာတစ်ခုအဖြစ် တည်ရှိနေပါတယ်။ ဒီလိုနိုင်ငံတစ်ခုရဲ့ အတိတ်သမိုင်းဖြစ်ရပ်တွေကို လေ့လာသင်ယူသုံးစွဲခြင်းကနေ လက်ရှိပစ္စုပ္ပန်နဲ့ အနာဂါတ်မှာ အတိတ်ကထက် ပိုမိုကောင်းမွန်တည်ငြိမ်ပြီး တန်ဖိုးရှိတဲ့နိုင်ငံသစ်တစ်ခုဖြစ်လာဖို့ ပြင်ဆင်တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း အတိတ်ဆိုတာ…
Read More
ကျိုက်ထီးရိုးတောင်ခြေတွင် ဖမ်းဆီးရမိသည့် ပျူများ ပြစ်မှုများစွာ ကျူးလွန်ထား

ကျိုက်ထီးရိုးတောင်ခြေတွင် ဖမ်းဆီးရမိသည့် ပျူများ ပြစ်မှုများစွာ ကျူးလွန်ထား

RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်းရေတံခွန်မှာ ဧပြီလ ၁၅ ရက်နေ့က ဖမ်းဆီးရမိခဲ့သော ပျူများသည် ရက်ရက်စက်စက်ကျူးလွန်သော ပြစ်မှုများစွာ ပြုလုပ်ထားသည့်အတွက် အရေးယူမည်ဟု အမှတ် (၂၇) စစ်ဗျူဟာ တာဝန်ခံက ပြည့်ပြည့်စုံစုံပြောပြထားသည်။ #RedNewsAgency #REDNEWS #REDNEWS
Read More
မြို့သိမ်းတိုက်ပွဲပြန် PDF ရဲဘော်များကို ပြည်သူများကြိုဆို

မြို့သိမ်းတိုက်ပွဲပြန် PDF ရဲဘော်များကို ပြည်သူများကြိုဆို

RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ပြင်ဦးလွင်ခရိုင်၊ တပ်ရင်း (၅၀၉ ၊ ၅၁၀ ၊ ၅၁၂ )၊ ပြင်ဦးလွင် ရင်း ၁၊ ရင်း ၂ မှအောင်ပွဲရ ရဲဘော်များ သင်္ကြန်ကာလအတွင်း မိခင်းတပ်ရင်းထံပြန်သည့် လမ်းတစ်လျှောက်မှ ပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ဟု PDF - 512 က ယနေ့ အသိပေးထားသည်။ (more…)
Read More
ရှမ်းပြည် (တောင်ပိုင်း)ဒေသခံတော်လှန်ရေးအဖွဲ့များ KNDF၏ အမိန့်ပေးကွပ်ကဲမှုစနစ်ဖြင့် ဆက်လက်တိုက်ပွဲဝင်မည်

ရှမ်းပြည် (တောင်ပိုင်း)ဒေသခံတော်လှန်ရေးအဖွဲ့များ KNDF၏ အမိန့်ပေးကွပ်ကဲမှုစနစ်ဖြင့် ဆက်လက်တိုက်ပွဲဝင်မည်

RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစုမှ 1005၊ 1008၊ SSLRU၊ SODF (၄) ဖွဲ့သည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် (၉)တွင် SSNDF B - 101၊ B - 102၊ B - 103နှင့် Drone အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး KNDF၏ အမိန့်ပေးကွပ်ကဲမှုစနစ်ဖြင့် (COC)ဖြင့် ဆက်လိုက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
စခန်းသိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များကို အောင်သပြေများဖြင့် ပြည်သူများကြိုဆို

စခန်းသိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များကို အောင်သပြေများဖြင့် ပြည်သူများကြိုဆို

RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစပ်တွင် စစ်ဆင်ရေးများအတွင်း စခန်းများသိမ်းနိုင်ခဲ့ပြီး မိခင်တပ်ရင်းထံ ဧပြီလ (၁၅) ရက်နေ့က ပြန်ရောက်လာသော ABSDF အမှတ် (၃) စစ်ကြောင်း ရဲဘော်များကို အောင်သပြေများဖြင့် ဒေသခံပြည်သူများက ဝမ်းသာအားရ ကြိုဆိုခဲ့ကြသည်။ (more…)
Read More
မကွေးထောင် တိုက်ခိုက်ခံရပြီးနောက် ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများ မတရားနှိပ်စက်ခံနေရ

မကွေးထောင် တိုက်ခိုက်ခံရပြီးနောက် ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများ မတရားနှိပ်စက်ခံနေရ

RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။ မကွေးဗဟိုအကျဉ်းထောင် (ဒေါင်းနေထောင်) တိုက်ခိုက်ခံရပြီးနောက် အကျဉ်းထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ နှိပ်စက်ခံရမှုများရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ မကွေးမြို့နှင့် ရေနံချောင်းသွားသည့်လမ်းမဘေးရှိ မကွေးထောင် (ဒေါင်းနေထောင်) နှင့် မျက်နှာချင်းဆိုင် (လမ်းသာခြား)ရှိ စစ်ကောင်စီ၏ အမှတ် (၂၅) ရဲတပ်ရင်းကို ဧပြီလ ၁၃ ရက်နေ့ ညဦးပိုင်းတွင် တိုက်ခိုက်ခံရပြီးနောက် အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို ဧပြီလ ၁၄ ရက်နေ့ကတည်းက ပြင်ပအဖွဲ့အစည်းနှင့်အဆက်အသွယ်ရှိသည်ဟု ထောင်အာဏာပိုင်များက ယူဆကာ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ရိုက်နှက်စစ်ဆေးနေခြင်းဖြစ်သည်။ (more…)
Read More
မြို့သိမ်းတိုက်ပွဲပြန် 96 Soldiers-PDF အညာဒေသတပ်ခွဲ ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

မြို့သိမ်းတိုက်ပွဲပြန် 96 Soldiers-PDF အညာဒေသတပ်ခွဲ ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်မဟာမိတ်များနှင့်အတူ မြို့သိမ်းတိုက်ပွဲဝင် 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ရဲဘော်များ မိခင်တပ်ရင်းထံ ယနေ့ ပြန်ရောက်ရာတွင် ဒေသခံပြည်သူများက ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ရဲဘော်တစ်ဦး တပ်ခွဲမှူး ရဲဘော် ၁၀ ( ၁၀ ဆိုသည်မှာ ရဲဘော်၏အမည်) ကျဆုံးပြီး ရဲဘော် ၄ ဦးထိခိုက်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ရဲဘော်များထဲမှ (၂)ဦးသည် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည်ဟု 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ထုတ်ပြန်ထားသည်။ (more…)
Read More