Author: RNA Editor

  • ညောင်ဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး PDA ရဲဘော် (၂) ဦးမြင့်မြတ်စွာကျဆုံး

    ညောင်ဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး PDA ရဲဘော် (၂) ဦးမြင့်မြတ်စွာကျဆုံး

    RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။

    မန္တ​လေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဂန့်ဂါရွာမှ ထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ဒေသခံပြည်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းနေစဉ် တိုက်ပွဲဖြစ်ပြီး ပြည်သူ့ဒီမိုကရက်တစ်တပ်တော် – People’s Democratic Army – PDA ရဲဘော် (၂) ဦး ဇူလိုင်လ ၂၈ ရက်နေ့ ညနေ (၅) နာရီခန့်က ကျဆုံးခဲ့ရကြောင်း သိရသည်။

    ပြည်သူ့ဒီမိုကရက်တစ်တပ်တော်၏ လှုပ်ရှားဒေသတွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ခုခံရင်ဆိုင်ရင်း ရဲဘော် အသေးလေး (ခ) နေတိုးအောင်နှင့် ရဲဘော် အောင်ကြီး(ခ) အောင်ပြည်စုံတို့ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရပြီး၊ MA 1 (၁)လက်၊ BA 94 (၁)လက်တို့ ဆုံးရှုံးခဲ့ရသည်ဟု People’s Democratic Army ကထုတ်ပြန်ထားသည်။

    (more…)

  • ၂၁ ရာစု ဦးနှောက်နဲ့ ကျော်ဖြတ်လိုက်ကြရအုံးမယ့် စစ်တပ်ရဲ့ဝါဒဖြန့်ယန္တရား

    ၂၁ ရာစု ဦးနှောက်နဲ့ ကျော်ဖြတ်လိုက်ကြရအုံးမယ့် စစ်တပ်ရဲ့ဝါဒဖြန့်ယန္တရား

    “စစ်ကောင်စီရဲ့ ဝါဒဖြန့်ယန္တရားက သာမန်ပြည်သူတွေရဲ့မသိစိတ်ထဲကို အကြောက်တရားတွေပုံစံအမျိုးမျိုးနဲ့ ရောက်အောင် ဝါဒဖြန့်ကြတယ်။ Symbolism & Imagery ဆိုတဲ့ မသိစိတ်ထဲကိုစွဲမြဲစေမယ့်ပုံတွေ၊ သင်္ကေတတွေ၊ သီချင်းတွေနဲ့ လူအများရဲ့စိတ်ထဲကို ထိန်းချုပ်နည်းတွေသုံးကြတယ်”

    ရန်နိုင်

    စစ်အာဏာရှင်တွေရဲ့ ခေတ်အဆက်ဆက် ဖိနှိပ်ခဲ့တဲ့နည်းလမ်းဟောင်းတွေက မရိုးနိုင်ပေမယ့်အခုချိန်ထိ အလုပ်ဖြစ်နေတာကိုတော့ အသိအမှတ်ပြုရမှာပါ။ စစ်တပ်သဘောကို နောကျေနေတယ်ဆိုပေမယ့် တကယ်တမ်းမှာ စိတ်ဓါတ်စစ်ဆင်ရေးနည်းလမ်းနဲ့ ဝါဒဖြန့်နေတာကိုတော့သိသိရက်နဲ့ ခံနေရတုန်းပါပဲ။ ဂျပိုးကိုလိပ်ဖြစ်အောင် လုပ်ကြံပြောတတ်တဲ့ စစ်အာဏာရှင်တွေက အမှားတွေကိုဝါဒဖြန့်နေပေမယ့် အမှားဖြစ်တယ်လို့ ဝန်ခံလေ့မရှိကြဘူး။

    ပြည်သူကို လော်ဘီအားနဲ့ အမြဲတမ်းလိမ်ညာနေတဲ့ စစ်အာဏာရှင်တွေက ထူးထူးခြားခြား “မှားပါတယ်” လို့ ဝန်ခံခဲ့တဲ့ဖြစ်ရပ် တခုတော့ရှိခဲ့ပါတယ်။ တစ်နှစ်ကျော်လာတဲ့အထိ အပစ်ပေးအရေးယူခြင်းမရှိသေးတဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ရဲ့ နာယက ဆရာတော်၊ ရွှေကျင်ဂိုဏ်းရဲ့ဗဟိုအလုပ်အမှုဆောင် ဆရာတော်ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ပါ။ PDF တွေပစ်ခတ်တာလို့ စစ်တပ်လော်ဘီတွေက ဝိုင်းလိမ်ခဲ့ပေမယ့် ဖုံးမရပဲအဖြစ်မှန်ပေါ်လာချိန်မှာတော့ သေဆုံးသူဆရာတော်၊ အတူပါလာတဲ့ဆရာတော်နဲ့ ကားသမားတို့ရဲ့အမှားအဖြစ် ပုံဖော်ကြတယ်။

    (more…)

  • တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ NORINCO အား နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်မှုအတွက် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန်တောင်းဆို

    တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ NORINCO အား နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်မှုအတွက် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန်တောင်းဆို

    RNA_ ဇူလိုင်(၂၅)၊၂၀၂၅ခုနှစ်။

    မန္တလေးပြည်သူ့ကာကွယ်ရေးတပ်က သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအရ မြန်မာစစ်အုပ်စုအား လက်နက်ရောင်းချထောက်ပံ့ရာတွင် တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ China North Industries Co. Ltd (NORINCO) ၏ ဆက်လက်ကြံရာပါဖြစ်နေမှုကို အတည်ပြုနိုင်သည့် အတွက် NORINCO ကုမ္ပဏီအား မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်မှုအတွက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်သည်ဟု Justice For Myanmar ထုတ်ပြန်တောင်းဆိုထားသည်။

    မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာ နှင့် မြကန်သာကျေးရွာတို့ရှိ စစ်ကောင်စီ တပ်စခန်းများအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် မဟာမိတ်များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း ဇူလိုင် ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

    (more…)

  • အကြမ်းဖက်စစ်အုပ်စုကိုအရေးယူဆောင်ရွက်ရန် အမေရိကန်က မေ့လျော့မနေဟု NUG လူ့အခွင့်အရေးဝန်ကြီးပြော

    အကြမ်းဖက်စစ်အုပ်စုကိုအရေးယူဆောင်ရွက်ရန် အမေရိကန်က မေ့လျော့မနေဟု NUG လူ့အခွင့်အရေးဝန်ကြီးပြော

    RNA_ဇူလိုင်(၂၅)၊၂၀၂၅ခုနှစ်။

    အမေရိကန် အစိုးရအပြောင်းလဲဖြစ်ပြီးနောက် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အာစုံရိုက်မှုများ လျော့ကျလာခဲ့ပေမဲ့ BRAVE Burma Act၊ Burma GAP Act၊ No New Burma Funds Act စသည့် ဥပဒေကြမ်းများ အတည်ပြုလိုက်သည့်အတွက် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်ရန် အမေရိကန်လွှတ်တော်က မေ့လျော့မနေဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

    မြန်မာနိုင်ငံနှင့်ပတ်သက်သည့် မြန်မာစစ်ကောင်စီကို အရေးယူမည့် မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့ အရေးယူမည့် BRAVE Burma Act (H.R.3190) ဥပဒေကြမ်း၊ မြန်မာနိုင်ငံအတွင်း လူမျိုးတုန်းသတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် မြန်မာစစ်တပ်ကို ဒဏ်ခတ်မည့် Burma Genocide Accountability and Protection Act (Burma GAP Act- H.R.4140) ဥပဒေကြမ်း၊ ဘဏ္ဍာရန်ပုံငွေ မရောက်ရှိရေး No New Burma Funds Act (H.R.4423) ဥပဒေကြမ်းတို့ကို အမေရိကန်အောက်လွှတ်တော်ကော် ရေးရာကော်မတီများက ဇူလိုင် ၂၂ ရက်နေ့က အတည်ပြုလိုက်သည်။

    (more…)

  • ပြည်သူ့တော်လှန်ရေးတပ်ဦးမှ မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ရဲဘော်စိုင်းနောင် (ခ) ရဲဘော်ထွန်းခ ဈာပန

    ပြည်သူ့တော်လှန်ရေးတပ်ဦးမှ မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ရဲဘော်စိုင်းနောင် (ခ) ရဲဘော်ထွန်းခ ဈာပန

    RNA_ဇူလိုင်(၂၃)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းတိုက်ပွဲတွင် မြင့်မြတ်စွာကျဆုံးခဲ့ရသော ပြည်သူ့တော်လှန်ရေးတပ်ဦး၏ တပ်စု၂၊ တပ်စုမှူး၊ အမှတ် (၈) စစ်ကြောင်း၏ တပ်စိတ်မှူး ရဲဘော်စိုင်းနောင်(ခ)ရဲဘော်ထွန်းခ (အသက် ၁၉ နှစ်)၏ ဈာပနအခမ်းအနားကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၏ ယာယီဌာနချုပ် တနေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


    ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းကို အမှတ် (၈) စစ်ကြောင်းရဲဘော်များနှင့် မဟာမိတ်များပူးပေါင်းပြီး ဇူလိုင်လ (၁၇) ရက်နေ့က တိုက်ခိုက်ခဲ့ကြသည့် တိုက်ပွဲတွင် ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)မှ ရဲဘော် စိုင်းနောင် (ခ) ရဲဘော် ထွန်းခနှင့် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ / ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၏ စစ်ဦးစီး‌ရေးချုပ် တာဝန်ဖြင့်လည်းကောင်း၊ အမှတ် (၈) စစ်ကြောင်း၏ သက်တမ်းသုံးကြိမ်လုံးတွင် စစ်ကော်မရှင် အဖွဲ့ဝင်အဖြစ်လည်ကောင်း တာဝန်ထမ်းဆောင်နေသော ရဲဘော် နဂါးတို့ ကျဆုံးခဲ့ရပြီး၊ ရဲဘော် စိုင်းနောင် (ခ) ရဲဘော်ထွန်းခ၏ ဈာပနကို ဇူလိုင် (၁၉) ရက်နေ့က ကျင်းပခဲ့သည်။

    (more…)

  • အထူးစစ်ဆင်ရေးတပ်ဖွဲ့ တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပ

    အထူးစစ်ဆင်ရေးတပ်ဖွဲ့ တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပ

    RNA_ဇူလိုင်(၂၂)၊၂၀၂၅ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းများ၌ ဇူလိုင်လ ၂၁ ရက်နေ့က တစ်ပြိုင်တည်း ကျင်းပခဲ့သည်ဟု သိရသည်။

    (more…)

  • သမဂ္ဂကျောင်းသူ မဝတ်ရည်အောင် စျာပန မြင်ကွင်း

    သမဂ္ဂကျောင်းသူ မဝတ်ရည်အောင် စျာပန မြင်ကွင်း

    RNA_ဇူလိုင်(၂၂)၊၂၀၂၅ခုနှစ်။

    စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရပြီး ထောင်ဒဏ် (၇) နှစ် ချမှတ်ခံထားရသော ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂဗဟိုအလုပ်မှုဆောင် မဝတ်ရည်အောင်၏ စျာပနအခမ်းအနားကို ယနေ့ ( ဇူလိုင်လ ၂၂ ရက်) နံနက် (၁၁) နာရီက ရေဝေသုဿာန်၌ ကျင်းပခဲ့သည်။

    (more…)

  • ကျေးရွာ (၃) ရွာမှ စစ်ကောင်စီတပ် စခန်းများကို မန္တလေး PDF သိမ်းပိုက် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

    ကျေးရွာ (၃) ရွာမှ စစ်ကောင်စီတပ် စခန်းများကို မန္တလေး PDF သိမ်းပိုက် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

    RNA_ဇူလိုင်(၂၁)၊၂၀၂၅ခုနှစ်။
    မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာ နှင့် မြကန်သာကျေးရွာတို့ရှိ စစ်ကောင်စီ တပ်စခန်းများအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် မဟာမိတ်များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။

    (more…)

  • လက်ဆည်ရဲစခန်းတိုက်ပွဲတွင် ရဲဘော် (၂)ဦး မြင့်မြတ်စွာကျဆုံး

    လက်ဆည်ရဲစခန်းတိုက်ပွဲတွင် ရဲဘော် (၂)ဦး မြင့်မြတ်စွာကျဆုံး

    RNA_ဇူလိုင်(၂၁)၊၂၀၂၅ခုနှစ်။
    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ရဲအင်အား (၂၅) ဦးခန့်အထိုင်ချတပ်စွဲထားသော လက်ဆည်ရဲစခန်းတိုက်ပွဲတွင် အမှတ် ( ၈ ) စစ်ကြောင်းမှ ရဲဘော် (၂) ဦး မြင့်မြတ်စွာကျဆုံးခဲ့သည်ဟု အမှတ် ၈၊ စစ်ကြောင်းက ယနေ့ ထုတ်ပြန်ထားသည်။
    ဒေသတွင်း တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ဇူလိုင် ၁၇ ရက်နေ့ နံနက် တိုက်ပွဲတွင် လက်ဆည်ရဲစခန်းရှိ ဘန်ကာများကို တဆင့်ချင်း တိုက်ခိုက်ချေမှုန်းခဲ့ရာ ရန်သူ့စခန်းတွင်းမှ ရဲတန်းလျား (၄)ဆောင်၊ ဘန်ကာ(၄)ခု အထိသိမ်းပိုက်နိုင်ခဲ့ပြီး၊ ပင်မ အဆောက်အဦ (၁)ဆောင်နှင့် ဘန်ကာ (၂) ခုသာ သိမ်းပိုက်ရန်ကျန်ရှိနေချိန် စစ်ကောင်စီတပ်စစ်ကူများရောက်ရှိလာသည့်အတွက် ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု သိရသည်။

    (more…)

  • နွားထိုးကြီးမြို့ ဗိုလ်ချုပ်ကြေးရုပ်တွင် PDF ရဲဘော်များ အာဇာနည်နေ့အခမ်းအနားကျင်းပ

    နွားထိုးကြီးမြို့ ဗိုလ်ချုပ်ကြေးရုပ်တွင် PDF ရဲဘော်များ အာဇာနည်နေ့အခမ်းအနားကျင်းပ

    RNA_ဇူလိုင်(၁၉)၊၂၀၂၅ ခုနှစ်။

    မန္တလေးတိုင်း၊ နွားထိုးကြီးမြို့၊ နန္ဒဝန်ပန်းခြံရှိ ဗိုလ်ချုပ်‌အောင်ဆန်းကြေးရုပ်ရှေ့တွင် ယနေ့ကျရောက်သော (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း ရဲဘော်များ ကျင်းပခဲ့သည်ဟု ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

    #RedNewsAgency #REDNEWS #RNA