RNA Editor

541 Posts
ကျောက်ကြီးမြို့နယ်အတွင်း ယနေ့တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၂၂) ဦးကို ဖမ်းဆီးရမိ

ကျောက်ကြီးမြို့နယ်အတွင်း ယနေ့တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၂၂) ဦးကို ဖမ်းဆီးရမိ

RNA_ဇွန်(၂၆)၊၂၀၂၅ခုနှစ်။ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ(၂၅)တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)တို့ပူးပေါင်းပြီး စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို ယနေ့ (ဇွန်လ ၂၆ ရက်) တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ (၂၂) ဦးကိုအရှင်ဖမ်းဆီးရမိသည်ဟု တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲက ထုတ်ပြန်ထားသည်။ (more…)
Read More
ရာမညမွန်တပ်တော် ရဲဘော်များမှ မွန်ပြည်သူများအတွက် အသက်စွန့်တိုက်ပွဲဝင်မည်ဟု သစ္စာဓိဋ္ဌာန်ပြု

ရာမညမွန်တပ်တော် ရဲဘော်များမှ မွန်ပြည်သူများအတွက် အသက်စွန့်တိုက်ပွဲဝင်မည်ဟု သစ္စာဓိဋ္ဌာန်ပြု

RNA_ဇွန်(၂၆)၊၂၀၂၅ခုနှစ်။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး) ရာမညမွန်တပ်တော်၏ အခြေခံစစ်ပညာ အပတ်စဉ် (၄) သင်တန်းဆင်းပွဲကို မွန်ပြည်နယ်လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဇွန်လ ၂၄ ရက်နေ့က အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး၊ သင်တန်းဆင်း ရဲဘော်များမှ မွန်ပြည်နယ်နှင့် မွန်ပြည်သူလူထုအတွက် အသက်စွန့် တိုက်ပွဲဝင်သွားမည်ဟု သစ္စာဓိဋ္ဌာန်ပြုခဲ့ကြကြောင်း သိရသည်။ (more…)
Read More
ပေါက်တောင်ပိုင်းမှသည် မကွေးတိုင်း တစ်တိုင်းလုံးဆီသို့

ပေါက်တောင်ပိုင်းမှသည် မကွေးတိုင်း တစ်တိုင်းလုံးဆီသို့

RNA_ဇွန်(၂၅)၊၂၀၂၅ခုနှစ်။ မကွေးတိုင်းအတွင်း တစ်ခုတည်းသော တိုက်ပွဲဝင်ဆေးတပ်ဖြစ်သည့် ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ (SPMNF) တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ ဆေးရုံ ဆေးခန်းနှင့် ဆေးတပ်သားများအပေါ် အငြိုးအတေးများကြားမှ "ပေါက်တောင်ပိုင်းမှသည် မကွေးတိုင်း တစ်တိုင်းလုံးဆီသို့" ဆိုသည့် ရည်ရွယ်ချက်အတိုင်း လျှောက်လှမ်းနေသည်ဟု စသဖြင့် ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ (SPMNF) တာဝန်ခံ ရဲဘော်မင်းခေါင်က ပြောပြသည်။ #RedNewsAgency #RNA #RedNews
Read More
တော်ဝိကျေးရွာ အထိုင်ချထားသော တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

တော်ဝိကျေးရွာ အထိုင်ချထားသော တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

RNA_ဇွန်(၂၅)၊၂၀၂၅ခုနှစ်။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့ကြား၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တော်ဝိကျေးရွာတွင် စစ်ကောင်စီတပ်အင်အား (၅၀) ဖြင့် အထိုင်ချတပ်စွဲထားသော စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဇွန်လ ၂၅ ရက်) နံနက် ၁ နာရီခန့်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ တော်ဝိကျေးရွာတပ်စွဲထားသော စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၃) ဦးသေဆုံးပြီး (၃) ဦးအရှင်ဖမ်းဆီးရမိကြောင်း၊ ယင်းစခန်းကို တော်ဝင်ဒေါင်းတပ်ရင်းနှင့် တောကျီးကန်းတပ်ရင်း ပူးပေါင်းအဖွဲ့ ရဲဘော်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထွက်ပြေးသွားသည့်အတွက် စခန်းသိမ်းရှင်းလင်းစဉ် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု တော်ဝင်ဒေါင်းတပ်ရင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသော ရဲဘော် (၄) ဦးကျဆုံး

တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသော ရဲဘော် (၄) ဦးကျဆုံး

RNA_ဇွန်(၂၅)၊၂၀၂၅ခုနှစ်။ ပဲခူးတိုင်း (အနောက်ခြမ်း)၊ မင်းလှမြို့နယ်၊ တောင်ပြတ်ကျေးရွာတိုက်ပွဲတွင် သာယာဝတီခရိုင်တပ်ရင်း - ၃ (Myanmar Defense Force) ၃၈၀၃ မှ ရဲဘော် (၄) ဦးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရပြီးနောက် ကျဆုံးသွားပြီဟု သိရသည်။ ဆင်အာချောင်းပေါက်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် စစ်ကြောင်း (၃) ကြောင်းခွဲကာ တော်လှန်ရေးအင်အားစုများရှိသည့် တောင်ပြတ်ကျေးရွာကို ဇွန်လ (၂၀) ရက်နေ့ နံနက်စောစောပိုင်းတွင် စစ်ကြောင်းထိုးလာပြီး အနီးကပ် တိုက်ပွဲဖြစ်ပွားချိန် သာယာဝတီခရိုင်တပ်ရင်း - ၃ - ၃၈၀၃ မှ ရဲဘော် (၄) ဦး ဖမ်းဆီးခံလိုက်ရကြောင်း၊ တပ်ရင်း ၃၇၀၁ တပ်ခွဲ (၅) မှရဲဘော်…
Read More
TNLA နှင့် SSA တို့ မိုးမိတ်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး အပြန်အလှန်စွပ်စွဲ

TNLA နှင့် SSA တို့ မိုးမိတ်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး အပြန်အလှန်စွပ်စွဲ

RNA_ဇွန်(၂၅)၊၂၀၂၅ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာတောင်ဘက်တွင် တအာင်းတပ်မတော်-TNLA နှင့် ရှမ်းပြည်တပ်မတော် - SSA တို့ ဇွန်လ ၂၃ ရက်နေ့က ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်အပြန်အလှန်စွပ်စွဲ ထုတ်ပြန်ထားကြသည်။ မိုးဟောက်ကျေးရွာအနီး ပစ်ခတ်မှုဖြစ်စဉ်တွင် TNLA ကင်းလှည့်စဉ် SSA တပ်က (၂) ကြိမ်ခြုံခိုပစ်ခတ်သည်ဟု TNLA ကပြောကြားထားပြီး၊ SSA ဘက်ကလည်း TNLA မှစစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် ခုခံကာကွယ်ခဲ့ရသည်ဟု ပြောကြားထားကြသည်။ (more…)
Read More
ဆင်းရဲချမ်းသာမကွာဟသည့် လူတန်းစားသစ် လောကသစ်ကို မြင်ချင်သည်ဟု ရဲဘော်နီနီကျော်ပြော

ဆင်းရဲချမ်းသာမကွာဟသည့် လူတန်းစားသစ် လောကသစ်ကို မြင်ချင်သည်ဟု ရဲဘော်နီနီကျော်ပြော

RNA_ဇွန်(၂၄)၊၂၀၂၅ခုနှစ်။ "ဗိုလ်ချုပ်အောင်ဆန်းလည်း မြင်ချင်ခဲ့တာ တိုင်းရင်းသားပေါင်းစုံလည်း တန်းတူအခွင့်အရေးရရမယ် ဆင်းရဲသားနင်းပြားတွေအကုန်လုံးလည်း လုံးဝ လွတ်မြောက်ပြီးတော့ လူတန်းစေ့နေနိုင်တဲ့ လူမျိုးပေါ့ ဆင်းရဲချမ်းသာ မကွာဟတဲ့ လူတန်းစားသစ် လောကသစ်ကို မြင်ချင်တာ အဲဒီထိသွားချင်တယ်ပေါ့နော်" ဟု စနစ်အပြောင်းအလဲနှင့် လက်တွေ့ကြုံတွေ့နေရသည့် အခြေအနေစသည်တို့ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောပြထားသည်။ Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
Read More
လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပလဖ ဒုတာဝန်ခံနှင့် အရပ်သား (၄) ဦးကျဆုံး

လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပလဖ ဒုတာဝန်ခံနှင့် အရပ်သား (၄) ဦးကျဆုံး

RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ် (တောင်ပိုင်း)၊ သက္ကယ်ကျင်း၊ ဘို့မယ်၊ လက်ပံလှ၊ ကင်းမ၊ ဝန်ခြုံးစသည့် ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းတစ်ခုတို့ကို ယနေ့ (ဇွန်လ ၂၃ ရက်) နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ပေါက်မြို့နယ် ပလဖ ဒုတာဝန်ခံနှင့် အရပ်သား (၄)ဦး စုစုပေါင်း (၅) ဦးကျဆုံးခဲ့ရပြီး၊ စစ်ဘေးရှောင်များပါ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ဒေသခံထံမှသိရသည်။ သေဆုံးသည့် အရပ်သားများထဲတွင် သက္ကယ်ကျင်းကျေးရွာမှ ဦးခင်မောင်ညွန့် (အသက် ၅၆ နှစ်) နှင့် ဒေါ်မြို့တင် (အသက် ၅၇ နှစ်)၊ ရေကျော်ကျေးရွာမှ ဦးကျော်သူထွေး (အသက် ၃၈ နှစ်)ဖြစ်ပြီး၊ ဘို့မယ်ကျေးရွာမှ ပလဖ ဒုတာဝန်ခံနှင့် ဇနီးတို့ ကျဆုံးခဲ့ရသည်။…
Read More
အပြောင်းအလဲအတွက် တိုက်ယူမှရလိမ့်မည်

အပြောင်းအလဲအတွက် တိုက်ယူမှရလိမ့်မည်

RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။   မကွေးထောင်ကိုသာ ဖောက်နိုင်ခဲ့ပါက တော်လှန်ရေးအပြောင်းအလဲ အဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ရဲဘော်ထူးလေးကပြော Red News Agency နှင့်အင်တာဗျူးတွင် ပြောပြထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။   "ကျွန်တော်တို့နိုင်မှလွတ်တာထက် ကျွန်တော်တို့လွတ်အောင်လုပ်နိုင်လို့ရှိရင် သူတို့မြန်မြန်ပိုပြီး လွတ်မြောက်လိမ့်မယ်လို့ကျွန်တော်ကခံယူတယ်။ တစ်ချို့ကပြောကြတယ် ငါတို့နိုင်မှအတွင်းထဲကလူတွေကလွတ်မှာ အဲဒီဟာကလည်း ကျွန်တော်တို့ တိုက်ယူမှရလိမ့်မယ် ကျွန်တော်တို့ လုပ်မှရလိမ့်မယ်။ ကျွန်တော်တို့လုပ်ယူမှလည်း ကျွန်တော်တို့တိုက်ယူမှလည်း လွတ်မှာဖြစ်တယ်" ဟု ရဲဘော်ထူးလေးက ပြောသည်။ (more…)
Read More
ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်တပ် ဘာ့ကြောင့်ကြောက်တာလဲ

ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်တပ် ဘာ့ကြောင့်ကြောက်တာလဲ

RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။   ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်တပ်ဘာ့ကြောင့်ကြောက်တာလဲ၊ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် NUG ဆက်ဆံရေး အခြေအနေတစ် ချို့ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က Red News Agnecy နှင့် အင်တာဗျူးတွင်ပြောကြားထားသည်။   Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1   #RedNewsAgency #REDNEWS #RNA #PLA #ဗမာပြည်ကွန်မြူနစ်ပါတီ
Read More