ဖားကန့် ညောင်ပင်ကုန်းစခန်း ပြန်ရရေးတိုက်ပွဲတွင် KPDF ရဲဘော်တစ်ဦး ကျဆုံး

RNA_ဩဂုတ်(၅)၊၂၀၂၅ခုနှစ်။

ကချင်ပြည်နယ်၊ ရှရော်ခကျေးရွာအနီး၊ ညောင်ပင်ကုန်းတပ်စခန်း ပြည်လည်သိမ်းပိုက်နိုင်ရေးတိုက်ပွဲတွင် KPDF ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီး ညောင်ပင်ကုန်းစခန်းကို KIA/KPDF ရဲဘော်များက ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ညောင်ပင်ကုန်းစခန်းကို KIA/KPDF များက ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်၏ထိုးစစ်ကြောင့် ဩဂုတ်လ ၂ ရက်နေ့က လက်လွှတ်ခဲ့ရခြင်းဖြစ်ကြောင်း၊ KIA/KPDF ရဲဘော်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် စခန်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ယမန်နေ့က ကျဆုံးရဲဘော်အလောင်းကို ယနေ့မှသာ ပြန်ရခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

ဖားကန့်ရှိစစ်ကောင်စီတပ်သည် ဖားကန့်ဗျူဟာ မကျဆုံးရေးအတွက် အနီးအနားတစ်ဝိုက်ရှိ ကျေးရွာ ရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်နေသည့်အတွက်လည်း ကလေးငယ်များအပါအဝင် သေဆုံးမှုများရှိကြောင်း၊ စစ်ကောင်စီတပ်အားလည်း KIA/KPDF ရဲဘော်များက တိုက်ခိုက်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

#RedNewsAgency #RedNews

By RNA Editor