RNA_ဩဂုတ်(၉)၊၂၀၂၅ခုနှစ်။
မင်းအောင်လှိုင်သည် ဥက္ကဋ္ဌ၊ ယာယီသမ္မတ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးရာထူးများယူထားပြီး စစ်ကျွန်ဇာတ်သွင်းထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစိုးရအဖွဲ့သစ်ကိုလည်း အမြစ်ဖြုတ်ဖြိုခွင်းနှိမ်နှင်းရမည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ပြောကြားထားသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ပါတီဗဟိုဋ္ဌာနချုပ်က ယနေ့ကျရောက်သော (၇၇) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ကရင်နီမျိုးသားခုခံတော်လှန်ရေးအကြောင်း၊ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရမည့်အပြင် အတုအယောင်ရွေးကောက်ပွဲစသည်တို့ကို ဆန့်ကျင်ရမည်ဖြစ်ကြောင်း၊ အာဏာရှင်အစိုးရများနှင့် စစ်အဏာရှင်များသည့် မဟာလူမျိုးကြီးဝါဒဖြင့် ကရင်နီအမျိုးသားများ ပပျောက်ရေးအတွက် စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေးနှင့် နိုင်ငံရေးသည်များကို အဖက်ဖက်မှ ချုပ်ခြယ်ပြီး ကရင်နီမျိုးနွယ်စုများအကြား သွေးကွဲစေရန် နည်းလမ်းမျိုးစုံငြဖ့် ဆောင်ရွက်ခဲ့သည်ဟု စသဖြင့် ဖော်ပြထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုတစ်ရပ်လုံးနှင့် တော်လှန်ရေးအင်အားစုများမှ အပြီးတိုင်ဖျက်သိမ်းပြီးဖြစ်သဖြင့် ယင်းကို အပြန်လည်အသက်သွင်းရန်ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်တိုက်ဖျက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီးတရားမျှတမှုမရှိသည့် စစ်တပ်၏ နိုင်ငံရေးလှည့်စားမှုဖြစ်သည့် အတုအယောင်ဟန်ပြရွေးကောက်ပွဲ ကျင်းပရန်ကြိုးပမ်းနေမှုများအား ကန့်ကွက်တားဆီးရမည်ဖြစ်သည့်အပြင် လက်ရှိ အကြမ်းဖက် မင်းအောင်လှိုင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းလိုက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ကာ ယင်းတွင် မင်းအောင်လှိုင်ကသာ ဥက္ကဋ္ဌအဖြစ်လည်းကြောင်း၊ ယာယီသမ္မတ (တာဝန်)ဖြစ်လည်းကောင်း၊ စစ်တပ် ဦးစီးချုပ်အဖြစ်လည်းကောင်း၊ ဗိုလ်မှူးကြီးရာထူးဖြင့် ရာထူးနေရာများ ဆက်လက်ရယူထားသည့် စစ်ကျွန်ဇာတ်သွင်းမည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစိုးရအဖွဲ့သစ်ကိုလည်း အမြစ်ဖြုတ် ဖြိုခွဲနှိမ်နှင်းရမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်နီအများသား ခုခံတော်လှန်ရေးနေ့သည် လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူမှုကို လိုလားသော ကရင်နီမျိုးနွယ်စုများအားလုံးသာမက ကရင်နီပြည်တွင် မှီတင်းနေထိုင်ကြသော ပြည်သူ ပြည်သားတို့အားလုံးနှင့် သက်ဆိုင်သော နေ့တစ်နေ့ဖြစ်ကြောင်း၊ သမိုင်းအစဉ်အလာအရ ကရင်နီပြည်သည် သီးခြားလွတ်လပ်ခဲ့သော တိုင်းပြည်တစ်ပြည်ဖြစ်ပြီး ထိုသီးခြား လွတ်လပ်မှုနှင့်အညီ ကိုယ့်မင်းကိုယ့်ချင်းဖြင့် မိမိကြမ္မာကို ဖန်တီးခဲ့ကြကြောင်း၊ သို့ရာတွင် ကရင်နီပြည်၏ သီးခြားလွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဗမာပြည် ဖဆပလ အစိုးရမှ ၁၉၄၈ ခုနှစ် ဩဂုတ်လ (၉) ရက်နေ့တွင် လာရောက်ကျူးကျော်တိုက်ခိုက်သည့်နေ့မှစ၍ ကရင်နီတစ်မျိုးသားလုံး ပြန်လည်ခုခံတွန်းလှန်ရာမှ ခုခံတော်လှန်ရေးနေ့ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားထာသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA