Author: RNA Editor
-

ဗိုလ်ချုပ်ထွန်းမြတ်နိုင် မောင်တောမြို့ ရိုဟင်ဂျာများနှင့်တွေ့ဆုံ
RNA_စက်တင်ဘာ(၁၆)၊၂၀၂၅ခုနှစ်။အာရက္ခပြည်၊ မောင်တော့မြို့ရှိ ရိုဟင်ဂျာများနှင့် အာရက္ခတပ်တော် – AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံကာ စက်တင်ဘာ (၁၂) ရက်နေ့က ၁၃ နှစ်ကြာ ပိတ်ထားခဲ့သော မောင်တောဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟု Arankan Princess Media က သတင်းထုတ်ထားသည်။ -

တိုက်ပွဲအတွင်း ကသည်းသူပုန်အပါအဝင် စစ်ကော်မရှင်လက်အောက်ခံ (၇) ဦးဖမ်းဆီးရမိ
RNA_စက်တင်ဘာ(၁၁)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ထိုးစစ်စင်လာသော စစ်ကော်မရှင်အဖွဲ့အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သည့်တိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်ကော်မရှင်လက်အောက်ခံ (၇) ဦးကို ဖမ်းဆီးရမိခဲ့ပြီး အလောင်း (၄) လောင်းနှင့်အတူ လက်နက် (၅) လက်လည်း သိမ်းဆည်းရမိသည်ဟု အမှတ် (၁) စစ်ဒေသက ယနေ့ ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်ကော်မရှင်တပ်လက်အောက်ခံ ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ မှ ဗိုလ်မှူး ရဲမျိုးမင်းနှင့် ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးသည့် ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ SNA၊ အိန္ဒိယနိုင်ငံသားများဖြစ်သည့် ကသည်း (ULFA)နှင့် နာဂ (NSAC) သူပုန်တပ်ဖွဲ့ အင်အား (၁၃၀) ခန့်စစ်ကြောင်းထိုးလာသည့်အတွက် စက်တင်ဘာ (၂) ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
-

မကြားနိုင်တဲ့ “အသံ”၊ မမြင်နိုင်တဲ့ “အလင်း”
“စစ်ရာဇဝတ်မှုတွေကြားက စစ်ဘေးရှောင်တွေ၊ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသူတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြားက မြန်မာပြည်သူတို့အသံ ကမ္ဘာက ကြားပါစေ”
ရန်နိုင်
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းအရပ်သား သုံးသန်းကျော်နစ်နာနေတယ်လို့ UN ရဲ့ ၂၀၂၄ မတ်လထုတ် အစီရင်ခံစာက ထုတ်ပြန်ထားတယ်။ အဆိုးရွားဆုံးထိခိုက်ခံစားရတဲ့လူမျိုးစုက ရခိုင်ဒေသမှာရှိတဲ့ လူနည်းစု မွတ်စလင်တွေပါလို့ ကမ္ဘာတဝန်းကသိခဲ့ကြတယ်။ အနစ်နာဆုံးလူမျိုးစု ဖြစ်တာကြောင့် လိုအပ်တဲ့ အထောက်အပံ့တွေ UN ဆီက အများအပြားရရှိခဲ့တယ်။
ရခိုင်ပြည်နယ်က မွတ်စလင် လူမျိုးစုတွေအပြင် ဒီကနေ့ တနိုင်ငံလုံးက စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကလည်း နစ်နာသူ လူမျိုးစုတွေအဖြစ် ကမ္ဘာတဝန်းက သိရှိသွားဖို့လိုပါတယ်။ စစ်တပ်ဗုံးကြဲလို့ ကျေးရွာအချို့မရှိတော့တဲ့ စစ်ကိုင်းတိုင်းက ပဇီကြီးရွာဖြစ်စဉ်လို ဂျက်ဖိုက်တာနဲ့ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ အနီးကပ် ပစ်တာကိုခံလိုက်ရလို့ သေဆုံးသွားကြတဲ့ ပြည်သူ ၁၇၀ ကျော်ရဲ့ နစ်နာရတဲ့အဖြစ်တွေကိုလည်း ကမ္ဘာတဝန်းက သိသွားဖို့လို နေပါပြီ။
-

ဗိုလ်နဂါးဦးဆောင်သည့် BNRAသည် ထူးခြားသည့် ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု KNU ပြော
RNA_စက်တင်ဘာ(၉)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အခြေစိုက်၊ ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) သည် ထူးခြားသည့် ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ကပြောကြားထားသည်။
BNRA သည် ၂၀၂၃ ခုနှစ် စက်တင်ဘာ (၉) ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့်အတွက် ယနေ့ စက်တင်ဘာ (၉) သည် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည့်အတွက် တည်ထောင်ခြင်း (၂) နှစ်ပြည့်တွင် KNU ကသဝဏ်လွှာပေးပို့ရာတွင် ထူးခြားသည့် ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ပြောကြားထားဖြစ်သည်။
-

လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦးက (၁၁) နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်
RNA_စက်တင်ဘာ(၈)၊၂၀၂၅ခုနှစ်။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ၊ ကျေးရွာစာသင်ကျောင်း အနောက်တောင်ဘက်ရှိ ကန်ဘောင်ပေါ်တွင် စက်တင်ဘာ (၅) ရက်နေ့ နံနက် (၉) နာရီခန့်က လက်နက်ကိုင်တပ်ဖွဲ့ဝင် မျိုးကိုသည် အသက် (၁၁) နှစ်အရွယ် မိန်းကလေးငယ် မရတနာ (အမည်လွှဲ) အား အလိုမတူပဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။၁၁ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သည့် မျိုးကိုသည် ရွာသာကြီး လင်းမြွေ ဦးဆောင်သော (Local) အဖွဲ့ဝင်ဖြစ်ကြောင်း၊ နံနက်စာ သွားဝယ်ချိန် ယူနီဖောင်းဝတ်ဆင် သေနတ်ကိုင်ထားပြီး အဓမ္မပြုကျင့်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ -

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်မပေးပါက ယုံကြည်စိတ်ချရသည့် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော
RNA_စက်တင်ဘာ(၆)၊၂၀၂၅ခုနှစ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်မပေးပါက ယုံကြည်စိတ်ချရသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာမဟုတ်ဘူးဟု အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထန်းလင်း (ခ) Kim Aris နှင့် အွန်လိုင်းမှ တွေ့ဆုံစဉ်ပြောကြားခဲ့သည်ဟု သိရသည်။
“မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်အ။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်း (ခ) Kim Aris ကလူမှုကွန်ရက်မှတဆင့် ယနေ့ အသိပေးထားသည်။
AA စစ်ဦးစီးချုပ်နှင့် တပ်များသည် အချိန်တိုအတွင်း ရရှိခဲ့သည့် အအောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုကြောင်း၊ ရခိုင်ပြည်သူများကြုံတွေ့နေရသည့် ပဋိပက္ခနှင့် စစ်ဘေးရှောင်များ ရင်ဆိုင်နေရသည့် အခက်အခဲများကို ပိုမိုသိရှိခဲ့ရသည် ကိုထိန်းလင်း (ခ) Kim Aris ကပြောကြားထားသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ကိုထိန်းလင်း (ခ) Kim Aris တို့သည် ယုံကြည်ရသည့် မိတ်ဆွေများအဖြစ် ရှိနေပြီး၊ တစ်ဦးကို တစ်ဦး ပံ့ပိုကူညီရန်နှင့် လူတိုင်း ဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံ ဖြစ်လာအောင် ဆက်လက် ကြိုးပမ်းသွားရန် သဘောတူခဲ့ကြသည်ဟု ကိုထိန်းလင်း (ခ) Kim Aris ကအသိပေးထားသည်။
#RedNewsAgency #REDNEWS #RNA
-

မွန်ပြည်တော်လှန်ရေးတပ်အနေဖြင့် စစ်ဆင်ရေးမှာ အရှိန်မြှင့်ဖော်ဆောင်နေ
RNA_စက်တင်ဘာ(၂)၊၂၀၂၅ခုနှစ်။
မွန်ပြည်တော်လှန်ရေးတပ် – MSRF အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်( တောင်ပိုင်းနှင့်မြောက်ပိုင်း)၊ တနင်္သာရီတိုင်းအတွင်းရှိ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲနှင့် သရက်ချောင်းမြို့နယ်အထိ ဖြန့်ကျက်ကာ တော်လှန်ရေးပူးပေါင်းမဟာမိတ်အဖွဲ့များနှင့် စစ်ဆင်ရေးများကို အရှိန်မြှင့်ဖော်ဆောင်နေသည်ဟု သိရသည်။
မွန်ပြည်တော်လှန်ရေးတပ် စစ်ဆင်ရေးသုံးနှစ်ပြည့် ( ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်) အစီရင်ခံစာတွင် စစ်ဆင်ရေးများ အရှန်မြှင့်ဖော်ဆောင်လျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ ၃၃ နှင့် ညီနောင်တပ်ဖွဲ့ အဖြစ် ဖွဲ့နိုင်ခြင်းများ၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ အထိ တိုက်ပွဲပေါင်း ၃၁ ပွဲ ဖော်ဆောင်နိုင်မှုအခြေအနေစသည့် စစ်ရေးအခြေအနေများများကို ဖော်ပြထားသည်။
-

အကြမ်းဖက်စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်သာဖြစ်သည့်အတွက် ပဋိပက္ခပိုမိုပြင်းထန်လာနိုင်
RNA_ဩဂုတ်(၂၆)၊၂၀၂၅ခုနှစ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့်ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရေးအတွက်သာဖြစ်ပြီး လက်ရှိနိုင်ငံရေးအကြပ်အတည်း၏ အဖြေမဟုတ်ကြောင်း၊ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်းပဋိပက္ခကို မိုပိုပြင်းထန်လာစေရုံသာမက ဒေသတွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်ပေါ်စေမည်ဟု KNU က ပြောကြားလိုက်သည်။
-

စစ်မှုထမ်းဟောင်းတစ်ဦး မတရားဖမ်းဆီးခံရပြီး စစ်မှုထမ်းခိုင်းသည့်အတွက် PDF ထံအလင်းဝင်
RNA_ဩဂုတ်(၂၆)၊၂၀၂၅ခုနှစ်။
အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် လူငယ်များကို အဓမ္မစစ်မှုထမ်းရှေ့တန်းပို့နေသည့်အပြင် စစ်မှုထမ်းဟောင်းကိုပါ မတရားဖမ်းဆီးပြီး စစ်မှုပြန်ထမ်းခိုင်းပြီး ရှေ့တန်းပို့သည့်အတွက် အခြားအဓမ္မစစ်မှုထမ်းခဲ့ရသူတစ်ဦးနှင့်အတူ PDF ထံ အလင်းဝင်လိုက်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကျောက္ကာဘက်ကို အဓမ္မစစ်မှုထမ်းပြည်သူ့စစ်အများအပြားအသုံးပြုပြီး ၂၀၂၅ ခုဩဂုတ်လအစပိုင်းမှစတင်ကာ စစ်ကြောင်းထိုးလာသည့်အတွက် ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ ယင်းတိုက်ပွဲများအတွင်း စစ်မှုထမ်းဟောင်းတစ်ဦးအား မတရားဖမ်းဆီးပြီး ပြန်လည်စစ်မှုထမ်းခိုင်းသည့်အတွက် အခြားမတရားဖမ်းဆီး စစ်မှုထမ်းခဲ့ရသူတစ်ဦးနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင်တပ်ရင်း(၂)တပ်ခွဲ(၃) ထံ အလင်းဝင်ခဲ့သည်ဟု သိရသည်။
-

နွားထိုးကြီးမြို့နယ်တိုက်ပွဲမှာ PDF ရဲဘော် (၄) ဦးမြင့်မြတ်စွာကျဆုံး
RNA_ဩဂုတ်(၂၆)၊၂၀၂၅ခုနှစ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ဩဂုတ်လ ၂၃ ရက်နေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးထိမှန်ပြီး မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းမှ ရဲဘော် ပေါက်စ(ခ)စွမ်းထက်အောင်၊ ရဲဘော် တရုတ်လေး(ခ)ရဲနောင်၊ ရဲဘော် လင်းယုန်(ခ)အေးမင်းအောင် နှင့် ရဲဘော်မြွေဟောက်(ခ)ပြည့်ပြည့်မောင်တို့ မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု သိရသည်။
အကြမ်းဖက်စစ်ကော်မရှင်တပ်သည် ဩဂုတ်လ ၂၀ ရက်နေ့က တိုက်ခိုက်ခံရပြီး အထိနာသည့်အတွက် နောက်ပြန်ဆုတ်ကာ မြင်းခြံမှ တပ်အင်အားများဖြည့်တင်းပြီး နွားထိုးကြီးမြို့နယ်၊ ကံလျှားရှည်ကျေးရွာ၊ ချင်းယား+လက်သမားကန်ကျေးရွာနှင့် လက်ဝဲ+မြင်းနီကျေးရွာအနောက်ဘက် တောတိုက်အတွင်း ရောက်ရှိနေသည်ဟု သတင်းကြားသည့်အတွက် ဩဂုတ်လ ၂၃ ရက်နေ့က မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းနှင့်အတူ မဟာမိတ်တပ်ရင်းများပူးပေါင်း၍ စစ်ကြောင်း(၃)ကြောင်းခွဲကာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြသည့်တိုက်ပွဲအတွင်း ရဲဘော် ၄ ဦးကျဆုံးရပြီး ရဲဘော် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။