စစ်ကော်မရှင်တပ်

ကျားဖြန့်နှိမ်နင်းမယ်ဆိုပြီး မြဝတီက စစ်ကော်မရှင်တပ်ယာဉ်တန်း ရွှေကုက္ကိုဘက်သွား

ကျားဖြန့်နှိမ်နင်းမယ်ဆိုပြီး မြဝတီက စစ်ကော်မရှင်တပ်ယာဉ်တန်း ရွှေကုက္ကိုဘက်သွား

RNA_နိုဝင်ဘာ(၁၈)၊၂၀၂၅ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် အာဏာသိမ်းစစ်ကော်မရှင်တပ် ယာဉ်တန်းသည် ယနေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်းက ကျားဖြန့်နှိမ်နင်းရေးအတွက်ဟုဆိုကာ ရွှေကုက္ကိုဘက် ထွက်သွားကြောင်း မြဝတီဒေသခံထံမှ သိရသည်။ ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်ရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်များကို အထူးစစ်ဆင်ရေး တစ်ရပ်အဖြစ် နှိမ်နင်းသွားမည်ဟုလည်း ယမန်နေ့ (နိုဝင်ဘာ ၁၇ ရက်) နေ့က ကရင်နယ်ခြားစောင့်တပ် - BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောထားသည်။ (more…)
Read More
အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ်တို့တွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေ

အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ်တို့တွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေ

RNA_အောက်တိုဘာ(၁၁)၊၂၀၂၅ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း သိမ်းရန်ကျန်ရှိနေသော မြို့များကို အာရက္ခတပ်တော်မှ ဆက်လက်သိမ်းပိုက်ရန် ကြိုးစားနေသည်နှင့်တစ်ပြိုင်နက် အာရက္ခဒေသနှင့် နယ်မြေချင်းထိစပ်နေသော မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း)နှင့် ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြို့နယ်အတွင်း) တို့အတွင်း စစ်ကော်မရှင်တပ်၏ တန်ပြန်ထိုးစစ်ကြောင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေသည်ဟု အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။ လက်ရှိအချိန်တွင် အာရက္ခတပ်တော် နှင့် စစ်ကော်မရှင်တို့ နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာကျသော နေရာ (၅) ခု၌ အပြန်အလှန်ထိုးစစ်များနှင့်အတူ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေခဲ့ကြသည်မှာ ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင်စစ်ကော်မရှင်မှ အာရက္ခတပ်တော် ထိန်းချုပ်ထားရာနေရာများထဲမှ အချို့သောနေရာများအား ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုး ဆက်လက်ပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်ဟု ပြောကြားထားသည်။ (more…)
Read More
အာရက္ခတပ်တော်နှင့် မိနစ် ၃၀ ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ အနည်းဆုံး ၂၀ ခန့်သေဆုံး

အာရက္ခတပ်တော်နှင့် မိနစ် ၃၀ ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ အနည်းဆုံး ၂၀ ခန့်သေဆုံး

RNA_ဩဂုတ်(၁၆)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ မြောက်ဘက် မီတာ (၃၀၀၀) ကျော်အကွာအဝေးရှိ အာရက္ခတပ်တော် တပ်ဖွဲ့များရှိရာသို့ အကြမ်းဖက်စစ်ကော်မရှင်တပ် တပ်မ (၉၉) လက်အောက်ခံတပ်များ ဩဂုတ်လ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီ ၅၄ မိနစ်ခန့်က ထိုးစစ်ဆင်လာသည့်အတွက် မိနစ် (၃၀) ခန့်တိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ အနည်းဆုံး ၂၀ ခန့်သေဆုံးသည်ဟု အာရက္ခတပ်တော်က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More