မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း

နွားထိုးကြီးမြို့နယ်တိုက်ပွဲမှာ PDF ရဲဘော် (၄) ဦးမြင့်မြတ်စွာကျဆုံး

နွားထိုးကြီးမြို့နယ်တိုက်ပွဲမှာ PDF ရဲဘော် (၄) ဦးမြင့်မြတ်စွာကျဆုံး

RNA_ဩဂုတ်(၂၆)၊၂၀၂၅ခုနှစ်။ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ဩဂုတ်လ ၂၃ ရက်နေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးထိမှန်ပြီး မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းမှ ရဲဘော် ပေါက်စ(ခ)စွမ်းထက်အောင်၊ ရဲဘော် တရုတ်လေး(ခ)ရဲနောင်၊ ရဲဘော် လင်းယုန်(ခ)အေးမင်းအောင် နှင့် ရဲဘော်မြွေဟောက်(ခ)ပြည့်ပြည့်မောင်တို့ မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု သိရသည်။ အကြမ်းဖက်စစ်ကော်မရှင်တပ်သည် ဩဂုတ်လ ၂၀ ရက်နေ့က တိုက်ခိုက်ခံရပြီး အထိနာသည့်အတွက် နောက်ပြန်ဆုတ်ကာ မြင်းခြံမှ တပ်အင်အားများဖြည့်တင်းပြီး နွားထိုးကြီးမြို့နယ်၊ ကံလျှားရှည်ကျေးရွာ၊ ချင်းယား+လက်သမားကန်ကျေးရွာနှင့် လက်ဝဲ+မြင်းနီကျေးရွာအနောက်ဘက် တောတိုက်အတွင်း ရောက်ရှိနေသည်ဟု သတင်းကြားသည့်အတွက် ဩဂုတ်လ ၂၃ ရက်နေ့က မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းနှင့်အတူ မဟာမိတ်တပ်ရင်းများပူးပေါင်း၍ စစ်ကြောင်း(၃)ကြောင်းခွဲကာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြသည့်တိုက်ပွဲအတွင်း ရဲဘော် ၄ ဦးကျဆုံးရပြီး…
Read More