အာရက္ခတပ်တော်နှင့် မိနစ် ၃၀ ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ အနည်းဆုံး ၂၀ ခန့်သေဆုံး

RNA_ဩဂုတ်(၁၆)၊၂၀၂၅ခုနှစ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ မြောက်ဘက် မီတာ (၃၀၀၀) ကျော်အကွာအဝေးရှိ အာရက္ခတပ်တော် တပ်ဖွဲ့များရှိရာသို့ အကြမ်းဖက်စစ်ကော်မရှင်တပ် တပ်မ (၉၉) လက်အောက်ခံတပ်များ ဩဂုတ်လ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီ ၅၄ မိနစ်ခန့်က ထိုးစစ်ဆင်လာသည့်အတွက် မိနစ် (၃၀) ခန့်တိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ အနည်းဆုံး ၂၀ ခန့်သေဆုံးသည်ဟု အာရက္ခတပ်တော်က ယနေ့ ထုတ်ပြန်ထားသည်။

စစ်ရှုံးဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံတပ်များမှ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်၊ နေ့လယ် (၂) နာရီ (၅၄) မိနစ်အချိန်မှစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မိနစ် (၃၀) ခန့်ကြာတိုက်ပွဲအတွင်း စစ်ရှုံး ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ အလောင်း (၂၀) ခန့်နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာ စာမျက်နှာများတွင် အလူးအလဲ အထိနာနေသည့် စစ်ရှုံးဖက်ဆစ်စစ်ကောင်စီတပ်မှ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေသော သူများကို အာရက္ခတပ်တော်မှ လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်း၊ အာရက္ခတပ်တော်အနေဖြင့် မျှော်မှန်းထားသော စစ်ရေးရည်မှန်းချက်များ အလုံးစုံ အထမြောက်စေရန်အတွက် တိုက်ပွဲများရပ်တန့်ခြင်းမရှိ အပြီးသတ်မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲမည်ဟု သိရသည်။

ရက္ခိုင်-မကွေးတိုင်းအစပ်၊ ရက္ခိုင်-ပဲခူးတိုင်းအစပ်၊ ရက္ခိုင်- ဧရာဝတီတိုင်း အစပ်များနှင့် အာရက္ခတပ်တော် လှုပ်ရှားအခြေပြုရာ အခြားသောနေရာများ၌ ရှုံးနိမ့်နေသော စစ်ရှုံးဖက်ဆစ်စစ်ကောင်စီတပ်ဖွဲ့များနှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲများမှာ တစ်နှစ် နှင့် ကိုးလကျော်ကြာသည့်တိုင် ရပ်တန့်ခြင်းမရှိသေးဘဲ ယနေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA #အာရက္ခတပ်တော် #AA

By RNA Editor