RNA_ဇူလိုင်(၃၁)၊၂၀၂၅ခုနှစ်။
အကြမ်းဖက်အာဏာသိမ်း စစ်တပ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) ကိုဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ပြုလုပ်သည့် ကာလုံအစည်းအဝေးအပြီး ထုတ်ပြန်ကြေညာထားသည်။
ယနေ့ ပြုလုပ်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖွဲ့စည်းရာတွင်လည်း မင်းအောင်လှိုင်က ဥက္ကဋ္ဌ တာဝန်ယူထားပြီး၊ ဒုဥက္ကဋ္ဌ စိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ညိုစောကို တာဝန်ပေးထားပြီး၊ အဖွဲ့ဝင်များအဖြစ် ဦးအောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးသန်းဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ကျောင်စွာလင်း နှင့် အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ ဖြစ်သည်။
မင်းအောင်လှိုင်အနေဖြင့် ယာယီသမ္မတာဝန်အပြင် ယနေ့ ဖွဲ့စည်းလိုက်သော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်မှာလည်း ဥက္ကဋ္ဌတာဝန်ယူထားကြောင်း၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ဒုတိယဥက္ကဋ္ဌတာဝန်ပေးထားပြီး ညိုစောကို ဝန်ကြီးချုပ်အသစ်အဖြစ် တာဝန်ပေးထားသည်ကို တွေ့ရှိရသည်။
#RedNewsAgency #REDNEWS #RNA