ဗိုလ်ချုပ်မှူးကြီး

စစ်ကျွန်ဇာတ်သွင်းထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အမြစ်ဖြုတ်ဖြိုခွင်းရမည်ဟု KNPP ပြော

စစ်ကျွန်ဇာတ်သွင်းထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အမြစ်ဖြုတ်ဖြိုခွင်းရမည်ဟု KNPP ပြော

RNA_ဩဂုတ်(၉)၊၂၀၂၅ခုနှစ်။ မင်းအောင်လှိုင်သည် ဥက္ကဋ္ဌ၊ ယာယီသမ္မတ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးရာထူးများယူထားပြီး စစ်ကျွန်ဇာတ်သွင်းထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစိုးရအဖွဲ့သစ်ကိုလည်း အမြစ်ဖြုတ်ဖြိုခွင်းနှိမ်နှင်းရမည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ပြောကြားထားသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ပါတီဗဟိုဋ္ဌာနချုပ်က ယနေ့ကျရောက်သော (၇၇) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ကရင်နီမျိုးသားခုခံတော်လှန်ရေးအကြောင်း၊ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရမည့်အပြင် အတုအယောင်ရွေးကောက်ပွဲစသည်တို့ကို ဆန့်ကျင်ရမည်ဖြစ်ကြောင်း၊ အာဏာရှင်အစိုးရများနှင့် စစ်အဏာရှင်များသည့် မဟာလူမျိုးကြီးဝါဒဖြင့် ကရင်နီအမျိုးသားများ ပပျောက်ရေးအတွက် စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေးနှင့် နိုင်ငံရေးသည်များကို အဖက်ဖက်မှ ချုပ်ခြယ်ပြီး ကရင်နီမျိုးနွယ်စုများအကြား သွေးကွဲစေရန် နည်းလမ်းမျိုးစုံငြဖ့် ဆောင်ရွက်ခဲ့သည်ဟု စသဖြင့် ဖော်ပြထားသည်။ (more…)
Read More