15
Oct
RNA_အောက်တိုဘာ(၁၅)၊၂၀၂၆ခုနှစ်။ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအုပ်စုအတွင်း၌ စစ်အုပ်စုစစ်ကြောင်းများ အထိုင်ချတပ်စွဲထားပြီး ဒေသခံပြည်သူအချို့ကို ဖမ်းဆီးနှိပ်စက်မှုများကြောင့် ခရီးသွားလာရေးနှင့် စိုက်ပျိုးရေးအခက်အခဲကြုံနေရကြောင်း မိုးကောင်းဒေသခံတစ်ဦးထံက သိရသည်။ ရွှေဘို-မြစ်ကြီးနား ကားလမ်းမနှင့် ရထားလမ်းမအနီးတို့၌ရှိသည့် ဆားမှော်ရွာ၊ ထီးချိုင့်ရွာနှင့် ကညင်မြိုင်ရွာတို့၌ စစ်အုပ်စုတပ်ဖွဲ့များနှင့် လက်အောက်ခံ ရှမ်းနီအမျိုးသားတပ် (SNA) တို့ တစ်လနီးပါး အထိုင်ချတပ်စွဲထားခြင်းဖြစ်ပြီး ဒေသခံပြည်သူများ အခက်အခဲကြုံနေရခြင်းဖြစ်ကြောင်း သိရသည်။ “သူတို့က ဆားမှော်၊ ထီးချိုင့်နဲ့ ကညင်မြိုင်ရွာတွေမှာ အထိုင်ချတပ်စွဲထားတာ။ SNA အဖွဲ့လည်းရှိတယ်။ ထီးချိုင့်က အိမ်ခြေ (၁၅၀) လောက်ပဲရှိတာ။ ရွာအပြင်ထွက်ရင် လက်မှတ်ထိုးထွက်ရတယ်။ ပြီးတော့ စပါးရိတ်ရမယ့်အချိန် သူတို့က ခွင့်မပြုတော့ ရိတ်သိမ်းလို့ရမ ဖြစ်နေတာ” ဟု မိုးကောင်းဒေသက Red…