Author: RNA Editor

  • စလင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

    စလင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

    RNA_ဧပြီ(၂၂)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    ဆင်ဖြူကျွန်းမြို့နယ်၊ နွယ်တမယ်ကျေးရွာမှ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက အင်အား ၁၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ကျီးသိုက်ကျေးရွာဝန်းကျင်နှင့် မြောင်းခွကျေးရွာအနီးတို့တွင် နံနက် (၈) နာရီ၊ နံနက် ၁၀ နာရီ ၃၀ မိနစ်၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်ကောင်စီတပ် အသေအဆုံးများ အထိနာသည့်အတွက် လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် (၇) ကြိမ်အထိ လာရောက်ပစ်ကူပေးခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ -စလင်း (စလင်း-ပကဖ) ကအသိပေးထားသည်။

    (more…)

  • “တော်လှန်ရေးအောင်မြင်ဖို့ ဘာတွေလိုအပ်သလဲ”

    “တော်လှန်ရေးအောင်မြင်ဖို့ ဘာတွေလိုအပ်သလဲ”

    RNA_ဧပြီ(၂၁)၊၂၀၂၅ခုနှစ်။
     
    “ရခိုင်ပြည်နယ်အတွင်းက အောင်မြင်မှုတွေ၊ ကချင်ပြည်နယ်အတွင်းက အောင်မြင်မှုတွေ၊ ကိုးကန့်ဒေသအတွင်းက အောင်မြင်မှုတွေ၊ တအာင်းဒေသတွင်းက အောင်မြင်မှုတွေဟာ မျက်ဝါးထင်ထင်မြင်တွေ့နေရတာဖြစ်ပါတယ်။ ဒီအပြင် NUG အစိုးရရဲ့လက်အောက်ခံ PDF တွေရဲ့ အောင်မြင်မှုတွေဟာလည်း ထင်ထင်ရှားရှားရှိနေတာဖြစ်ပါတယ်။ စစ်ရေးအရ၊ လူထုယုံကြည်မှုအရ စနစ်တကျတွက်ကြည့်ရင်တော့ စစ်ကောင်စီက စစ်ရှုံးနေပြီဆိုတာ သေချာပါတယ်”
    #RedNewsAgency #REDNEWS #RNA #revolution #Myanmar #China #Burma
  • တိုက်ပွဲ (၂၃) ကြိမ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် (၆၃) ဦးသေဆုံးပြီး ဗိုလ်ကြီး (၂) ဦးအပါအဝင် (၁၈) ဦးအရှင်ဖမ်းဆီးရမိ

    တိုက်ပွဲ (၂၃) ကြိမ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် (၆၃) ဦးသေဆုံးပြီး ဗိုလ်ကြီး (၂) ဦးအပါအဝင် (၁၈) ဦးအရှင်ဖမ်းဆီးရမိ

    RNA_ဧပြီ(၂၁)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ပဒါန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ရဲဘော်များပါဝင်သော မဟာမိတ်များနှင့် တိုက်ပွဲ (၂၃) ကြိမ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် (၆၃) ဦးသေဆုံးပြီး၊ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် (၁၈) ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


    ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၂၃) ကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီး၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ (၆၃) ဦးသေဆုံးပြီး အရှင် (၁၈) ဦးဖမ်းဆီးရမိခဲ့သည်ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ကယနေ့ ထုတ်ပြန်ထားသည်။
    (more…)

  • နေပြည်တော် ဥတ္တရသီရီမြို့နယ် လမ်းပိုင်းတစ်နေရာကို OPRF – PLA ရဲဘော်များက (၃) နာရီကျော်ကြာထိန်းချုပ်မှုအတွင်း ဗိုလ်မှူးဖြိုးမင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့

    နေပြည်တော် ဥတ္တရသီရီမြို့နယ် လမ်းပိုင်းတစ်နေရာကို OPRF – PLA ရဲဘော်များက (၃) နာရီကျော်ကြာထိန်းချုပ်မှုအတွင်း ဗိုလ်မှူးဖြိုးမင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့

    RNA_ဧပြီ(၂၁)၊၂၀၂၅ခုနှစ်။

    နေပြည်တော် ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတစ်နေရာကို ဧပြီလ ၁၉ ရက်နေ့က အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု/ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (OPRF – PLA) ရဲဘော်များ (၃) နာရီကျော်ကြာ ထိန်းချုပ်ထားမှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးဖြိုးမင်းကျော်အပါအဝင် (၃)သုံးဦးအား ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။


    ဥတ္တရသီရီမြို့နယ် လမ်းပိုင်းတစ်နေရာကို ထိန်းချုပ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူး ဖြိုးမင်းကျော် (အမှတ် (၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံဌာနချုပ်)၊ တပ်ကြပ် အောင်ဇော်နိုင် (အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၃) တပ်ခွဲ) နှင့် ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သော်လည်း ထိန်းချုပ်နေရာမှ ပြန်လည်ရုတ်သိမ်းပြီးအပြန်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်းများ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

    (more…)

  • လေကြောင်းတိုက်ခိုက်ခံရပြီး အသားစများ ကောက်ယူနေသည့် မြင်ကွင်း

    လေကြောင်းတိုက်ခိုက်ခံရပြီး အသားစများ ကောက်ယူနေသည့် မြင်ကွင်း

    RNA_ဧပြီ(၂၀)၊၂၀၂၅ခုနှစ်။
     
    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ဧပြီလ ၁၀ ရက်နေ့ နေ့လယ် (၁) နာရီခန့်က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ကလေးငယ်များ အနည်းဆုံး (၈)ဦးအပါအဝင် ပြည်သူ (၁၅) ဦးအထက် သေဆုံးခဲ့ရပြီး သေဆုံးသွားသူများ၏ အရိုးစ အသားစများကို လိုက်လံကောက်ယူနေသည့် မြကွင်းတချို့ဖြစ်သည့် ရုပ်သံကို သပိတ်ကျင်းမြို့နယ် ပကဖကယနေ့ ရေထွက်ကျေးရွာပြည်သူများ၏ အသံနှင့်အတူ အသိပေးထားသည်။
    #RedNewsAgency #REDNEWS #RNA
  • ငလျင်ဘေးကြောင့် အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ/သား (၂၀) အပါအဝင် (၃၀) ထက်မနည်းသေဆုံး

    ငလျင်ဘေးကြောင့် အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ/သား (၂၀) အပါအဝင် (၃၀) ထက်မနည်းသေဆုံး

    RNA_ဧပြီ(၂၀)၊၂၀၂၅ခုနှစ်။

    မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော် ငလျင်ဘေးကြောင့် နိုင်ငံရေးအကျဉ်းသား (၁၀)ဦး၊ နိုင်ငံရေးအကျဉ်းသူ (၁၀) ဦးတို့အပါအဝင် အကျဉ်းသူ/အကျဉ်းသား စုစုပေါင်း (၃၀) ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၈၀) ဦးကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများနှင့် သက်ဆိုင်သော အဖွဲ့အစည်း (၇) ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

    စစ်ကိုင်းငလျင်ကြေင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် အင်းလေးဒေသစသည်တို့တွင် ထိခိုက်ပျက်စီးမှုများစွာရှိခဲ့သော်လည်း စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့တွင် ငလျင်ကြောင့် ဆုံးသူ (၃၇၀၆) ဦး၊ ဒဏ်ရာရရှိသူ (၅၀၂၇) ဦးနှင့် ပျောက်ဆုံးသူ (၁၃၀) ဦးရှိသည်ဟု ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီထုတ်ပြန်ချက်ထက်ပိုများနိုင်ပြီး၊ အိုးဘိုထောင်တွင်းနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိကြောင်း တွေ့ရှိရသည်။

    (more…)

  • တော်လှန်ရေး အောင်မြင်ဖို့ ဘာတွေလိုအပ်သလဲ

    တော်လှန်ရေး အောင်မြင်ဖို့ ဘာတွေလိုအပ်သလဲ

    “တော်လှန်ရေးတပ်သားတွေကြားမှာ စည်းကမ်းသေဝပ်တွေ၊ အမိန့်နာခံမှုတွေ၊ တိုက်ခိုက်ရေးစွမ်းရည်တိုးတက်မှုတွေ၊ တော်လှန်ရေးအပေါ် ခိုင်မာယုံကြည်တဲ့စိတ်တွေ၊ အချင်းချင်းကြား ညီညွတ်မှုတွေ၊ လေးစားမှုတွေ၊ စစ်ရေးအသိဉာဏ်ပွင့်လင်းမှုတွေ “

    ကျော်ကြီး

    “အတိတ်ဟာ ပစ္စုပ္ပန်ရဲ့ အစဖြစ်တယ်”လို့ ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ဝီလျှံရှိတ်စပီးယားက ပြောဖူးပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်သူလူထုတစ်ရပ်လုံး ကိုယ်တိုင်တွေ့ကြုံဖြတ်သန်းခဲ့ကြရတဲ့ အတိတ်ကဖြစ်ရပ်အကြောင်းအရာတွေဟာ သမိုင်းဖြစ်စဉ်တစ်ခုအဖြစ် ပြောင်းလဲသွားကြသလို အဲ့ဒီအတိတ်သမိုင်းဖြစ်စဉ်အတွင်းက နိုင်ငံတစ်ခုရဲ့ အောင်မြင်မှု၊ ကျဆုံးမှု၊ ချွတ်ယွင်းမှု၊ ကောင်းမွန်မှုဆိုတဲ့ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေအပေါ် နောင်အနာဂါတ်ခေတ်အဆက်ဆက်က ပြည်သူလူထုဟာ လေ့လာဆင်ခြင်သုံးသပ်ခွင့်ရနိုင်တာကြောင့် အတိတ်သမိုင်းဖြစ်ရပ်တွေဟာ သင်ကြားလေ့လာနိုင်တဲ့ အဖိုးတန်သင်္ခန်းစာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

    ဒီလိုနိုင်ငံတစ်ခုရဲ့ အတိတ်သမိုင်းဖြစ်ရပ်တွေကို လေ့လာသင်ယူသုံးစွဲခြင်းကနေ လက်ရှိပစ္စုပ္ပန်နဲ့ အနာဂါတ်မှာ အတိတ်ကထက် ပိုမိုကောင်းမွန်တည်ငြိမ်ပြီး တန်ဖိုးရှိတဲ့နိုင်ငံသစ်တစ်ခုဖြစ်လာဖို့ ပြင်ဆင်တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း အတိတ်ဆိုတာ ပစ္စုပ္ပန်ရဲ့အစဖြစ်ပြီး တန်းဖိုးရှိတဲ့နိုင်ငံသစ်တစ်ခုကို တည်ဆောက်ကြတဲ့အခါမှာ အတိတ်သမိုင်းဖြစ်ရပ်ကို သိမြင်နားလည် အသုံးချနိုင်ခြင်းဟာ အရေးပါတဲ့အတွက် နိုင်ငံသစ်တစ်ခုရဲ့ အသိမှတ်ဉာဏ်အဖြစ် ဒါမှမဟုတ် ဦးနှောက်အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေတယ်လို့တောင် တင်စားဖွဲ့ဆိုနိုင်ပါတယ်။

    (more…)

  • ကျိုက်ထီးရိုးတောင်ခြေတွင် ဖမ်းဆီးရမိသည့် ပျူများ ပြစ်မှုများစွာ ကျူးလွန်ထား

    ကျိုက်ထီးရိုးတောင်ခြေတွင် ဖမ်းဆီးရမိသည့် ပျူများ ပြစ်မှုများစွာ ကျူးလွန်ထား

    RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်းရေတံခွန်မှာ ဧပြီလ ၁၅ ရက်နေ့က ဖမ်းဆီးရမိခဲ့သော ပျူများသည် ရက်ရက်စက်စက်ကျူးလွန်သော ပြစ်မှုများစွာ ပြုလုပ်ထားသည့်အတွက် အရေးယူမည်ဟု အမှတ် (၂၇) စစ်ဗျူဟာ တာဝန်ခံက ပြည့်ပြည့်စုံစုံပြောပြထားသည်။

    #RedNewsAgency #REDNEWS #REDNEWS

  • မြို့သိမ်းတိုက်ပွဲပြန် PDF ရဲဘော်များကို ပြည်သူများကြိုဆို

    မြို့သိမ်းတိုက်ပွဲပြန် PDF ရဲဘော်များကို ပြည်သူများကြိုဆို

    RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ပြင်ဦးလွင်ခရိုင်၊ တပ်ရင်း (၅၀၉ ၊ ၅၁၀ ၊ ၅၁၂ )၊ ပြင်ဦးလွင် ရင်း ၁၊ ရင်း ၂ မှအောင်ပွဲရ ရဲဘော်များ သင်္ကြန်ကာလအတွင်း မိခင်းတပ်ရင်းထံပြန်သည့် လမ်းတစ်လျှောက်မှ ပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ဟု PDF – 512 က ယနေ့ အသိပေးထားသည်။

    (more…)

  • ရှမ်းပြည် (တောင်ပိုင်း)ဒေသခံတော်လှန်ရေးအဖွဲ့များ KNDF၏ အမိန့်ပေးကွပ်ကဲမှုစနစ်ဖြင့် ဆက်လက်တိုက်ပွဲဝင်မည်

    ရှမ်းပြည် (တောင်ပိုင်း)ဒေသခံတော်လှန်ရေးအဖွဲ့များ KNDF၏ အမိန့်ပေးကွပ်ကဲမှုစနစ်ဖြင့် ဆက်လက်တိုက်ပွဲဝင်မည်

    RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။

    ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစုမှ 1005၊ 1008၊ SSLRU၊ SODF (၄) ဖွဲ့သည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် (၉)တွင် SSNDF B – 101၊ B – 102၊ B – 103နှင့် Drone အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး KNDF၏ အမိန့်ပေးကွပ်ကဲမှုစနစ်ဖြင့် (COC)ဖြင့် ဆက်လိုက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
    (more…)