Author: Editor

  • တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ

    တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ

    “ဗိုလ်လေးကို ထမ်းထုတ်ခဲ့တဲ့ ရဲဘော်သုံးယောက်အခုသူတို့ကိုပြန်ထမ်းထုတ်နေရပြီ။ ကျနော်တို့အကုန်မှိုင်တွေကုန်ကြတယ်၊ သွေးတွေကအိုင်လို့ အသားစတွေက ပြန့်ကျဲ နေရာတစ်ခုလုံးလုံးဝအနိဌာရုံတွေပါပဲ”

    တာမခန် ၁၂ ရက် (အပိုင်း – ၁)

    ၂၆ ၂ ၂၀၂၄ ။ နေ့လည် ၂ နာရီခန့် တပ်ပေါင်းစုစစ်ကြောင်းဟာ တာမခန်နဲ့မနီးမဝေးတစ်နေရာမှာ တပ်ဖျောက်ပြီးနားနေပါတယ်။ ဟန်းကောကိုယ်စီနဲ့ ထမင်းချက်စားတဲ့အဖွဲ့ကချက်စား စကားပြောတဲ့သူကပြောနဲ့ မကြာခင် တိုက်ပွဲဝင်ရတော့မယ်ဆိုတဲ့အသိက ကျနော်တို့အားလုံးကို တက်ကြွနေစေတယ်။

    ကျနော်တို့တပ်စိတ်ရဲ့ ကွန်မန်ဒါဖြစ်တဲ့ ဗိုလ်ကြီးက ခဲလုံးလေးတွေဟိုရွေ့သည်ရွေ့လုပ်ရင်း နေရာယူရမယ့်ပုံစံကိုရှင်းပြနေတယ်။

    “အဖွဲ့လေးဖွဲ့နဲ့ ဝိုင်းမယ် ငါတို့က ညာဖက်အစွန်ဆုံးက ကုန်းမှာနေရာယူမယ် ငါတို့ရဲ့ ဘယ်ဖက်မှာ လက်နက်ကြီးအဖွဲ့ရှိလိမ့်မယ်” မြေပုံတဖက်ကိုင်ထားပြီး ခဲလုံးလေးတွေတဖက်ကရွေ့ရင်း ဗိုလ်ကြီးကရှင်းပြတယ်။

    အတော်လေးကြာတဲ့အချိန်ကျမှ “ရွာသားတွေမရှိတော့ဘူး အကုန်ရှောင်သွားပြီ” ဆိုတဲ့သတင်းရောက်လာတယ်။ အဲ့နောက်မှ တပ်ပေါင်းစု စစ်ကြောင်းက ဆက်လက်ချီတက်ခဲ့တယ်။ ရန်သူက ပြင်ဆင်ပြီးစောင့်နေလောက်ရောပေါ့။

    (more…)

  • အနှစ်ကျန်သော နည်းဗျူဟာနှင့် မစစ်မှန်သော မူဝါဒ

    အနှစ်ကျန်သော နည်းဗျူဟာနှင့် မစစ်မှန်သော မူဝါဒ

    “လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို ကိုင်စွဲထားသည့် စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားနှင့် စစ်အစိုးရကို ဖြိုချဖျက်ဆီးနေသော ယနေ့မြန်မာနိုင်ငံ၏ ပဋိပက္ခများကို တရုတ်နိုင်ငံကပြည်တွင်းစစ်အဖြစ် ပေါပေါပဲပဲ ခေါင်းစဉ်တပ်လိုက်ခြင်းသာ ဖြစ်သည်”

    ကေဂျီ (KinderGarten)

    ဘယ်အချိန် တိုက်ရမလဲ၊ ဘယ်အချိန်မတိုက်ရဘူးလဲ ဆိုသည်ကို သိသောသူက နိုင်လိမ့်မည်ဟု တရုတ်ပြည်ဂန္ထဝင်မြောက် စစ်ရေးသေနင်္ဂဗျူဟာပညာရှင် ဆွန်ဇူး၏ စစ်ပညာကျမ်းတွင် ဖော်ပြထားသည်။ ထိုအချက်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ကောင်းစွာ အသုံးချပြခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးဖြင့် သန်မာဟန် အယောင်ဆောင်နေသော စစ်တပ်၏ အပေါ်ယံ အရေခွံကို ချွတ်ပြနိုင်ခဲ့ပြီး အနှစ်မရှိတော့သည်ကို ထင်ရှားစေခဲ့သည်။ နွေဦးတော်လှန်ရေး ကာလတစ်လျှောက်တွင် ၁၀၂၇ စစ်ဆင်ရေးသည် စစ်ရေးပိုင်း၌ အကြီးမားဆုံးသော ချိန်ခွင်လျှာ အပြောင်းအလဲတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။

    ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်၏ ခေတ်အဆက်ဆက် သမိုင်းတလျှောက်တွင် မကြုံဖူးသော ဒကစ (လောက်ကိုင်) ပထမဆုံးအကြိမ်အဖြစ် ကျရှုံးခဲ့ရသည်။ ကျရှုံးရပုံကလည်း ရိုးရိုးလေးပင်မဟုတ် အင်ပြည့်အားပြည့်ဖြင့် စိတ်ဓာတ်ကျကာ လက်နက်ချ အညံခံလိုက်ကြခြင်း ဖြစ်သည်။ ယင်းအချက်ကပင် စစ်ကောင်စီတပ် နိုင်ငံအနှံ့ အရှုံးများစွာ ကြုံတွေ့ချိနဲ့နေရသည့် လမ်းစဖြစ်လာခဲ့သည်။ ဒလိမ့်ကောက်ကွေး အကျနာကာ အဖတ်ပြန်ဆည် မရနိုင်တော့လောက်အောင် အခြေဖြတ်၍ အရိုက်ခံလိုက်ရခြင်းမျိုးဟုလည်း ဆိုနိုင်သည်။ အကျိုးဆက်အနေဖြင့် လက်ရှိကာလတွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်၍ ထိန်းချုပ်ထားသည့် မြို့ပေါင်း ၇၈ မြို့ခန့်နီးပါး ရှိလာခဲ့ပြီး နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့် မန္တလေးမြို့သည်ပင် စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ရန် ဟန်တပြင်ပြင်ဖြစ်နေသည့် အခြေအနေရှိလာသည်။ စစ်ရှုံး၍ အထိနာနေသော အနေအထားတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများဖြင့် ဒေသအနှံ့က မြို့ရွာများအပေါ် နေ့မအား၊ ညမနား ဗုံးကြဲနေရုံသာ တတ်နိုင်တော့သည့်အတွက် အရပ်သားပြည်သူများ ထိခိုက်သေဆုံးရသည့် အရေအတွက်နှင့် မြို့ရွာပျက်ဆီး ဆုံးရှုံးမှုများသာ ပိုများလာခဲ့သည်။ 

    (more…)

  • ဓလေ့ထုံးတမ်းများ နောက်ကွယ်က ကျား/မ အခြေပြု အကြမ်းဖက်မှုများ

    ဓလေ့ထုံးတမ်းများ နောက်ကွယ်က ကျား/မ အခြေပြု အကြမ်းဖက်မှုများ

    RNA_စက်တင်ဘာ(၂၂)၊၂၀၂၄ ခုနှစ်။

    အညဒေသက ဓလေ့ထုံးတမ်းများ နောက်ကွယ်မှာ ကြုံတွေ့နေရတဲ့ ကျား/မ အခြေပြု အကြမ်းဖက်မှုများကို လက်တွေ့ကြုံတွေ့နေရသည့် အခြေအနေများနှင့်ပတ်သက်ပြီး တင်ဆက်ထားခြင်းဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=v3t_IV8YuT0[/embedyt]

    Red News Agency

  • ရန်ကုန်စစ်ဒေသခွဲ ရဲဘော်များ၏တိုက်ခိုက်မှုကြောင့် တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတဦးသေဆုံး

    ရန်ကုန်စစ်ဒေသခွဲ ရဲဘော်များ၏တိုက်ခိုက်မှုကြောင့် တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတဦးသေဆုံး

    RNA_စက်တင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။

    ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ (၁၀၇) ရက်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအတွင်း ချီတာစစ်ဆင်ရေး (Cheetah Operation) အဖြစ် Anonymous Force (ရန်ကုန်စစ်ဒေသခွဲ – PRF) ရဲဘော်များက စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူးကြည်ထွန်းနှင့် ရာအိမ်မှူး ဆွေမြင့်အောင်တို့ သေဆုံးခဲ့ကြောင်း သိရသည်။

    (more…)

  • MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းခြင်း လုံးဝပြုလုပ်မည်မဟုတ်သည့်အပြင် ချက်ချင်းအပစ်ရပ်ပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းမည်ဟု ကြေညာ

    MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းခြင်း လုံးဝပြုလုပ်မည်မဟုတ်သည့်အပြင် ချက်ချင်းအပစ်ရပ်ပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းမည်ဟု ကြေညာ

    RNA_စက်တင်ဘာ(၁၉)၊၂၀၂၄ ခုနှစ်။

    MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်း စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်းနှင့် ချက်ချင်းအပစ်ရပ်ပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာ ဖြေရှင်းသွားမည်ဟု ပြောကြားထားသည်။

    (more…)

  • ရေကြီးမှုများနှင့် ထိခိုက်ပျက်စီးမှုများအတွက် အမေရိကန် ကူညီမည်

    ရေကြီးမှုများနှင့် ထိခိုက်ပျက်စီးမှုများအတွက် အမေရိကန် ကူညီမည်

    RNA_စက်တင်ဘာ(၁၈)၊၂၀၂၄ ခုနှစ်။

    မြန်မာနိုင်ငံမှ တိုင်ဖွန်းယာဂီအတွင်း ပြင်းထန်သော ရေကြီးမှုနှင့် ထိခိုက်ပျက်စီးမှုများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ဆက်လက်ပေးအပ်နိုင်ရန် အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးက ထုတ်ပြန်ထားသည်။

    နိုင်ငံတကာအသိုက်အဝန်းမှ ပံ့ပိုးကူညီသည့် လူသားချင်းစာနာမှုအကူအညီများအပါအဝင် သန့်ရှင်းသောရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများနှင့် အခြား အရေးပါသည့်ကယ်ဆယ်ရေးပစ္စည်းများကို အကူအညီအလိုအပ်ဆုံးဖြစ်သည့် အသိုက်အဝန်းများဆီသို့ ပေးပို့ရာတွင် ချောမွေ့မှုရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း တောင်းဆိုထားသည်။

    #RedNewsAgency #RNA

  • ရေကြီးရေလျှံမှုအတွင်း လူသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီလိမ်ညာထုတ်ပြန်

    ရေကြီးရေလျှံမှုအတွင်း လူသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီလိမ်ညာထုတ်ပြန်

    RNA_စက်တင်ဘာ(၁၈)၊၂၀၂၄ ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော ရေဘေးအတွင်း ပြည်သူများသေဆုံးမှု စာရင်းများကို စစ်ကောင်စီက ဖုံးကွယ်ထားပြီီးလိမ်လည်ထုတ်ပြန်နေကြောင်း တွေ့ရှိရသည်။

    ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာတွင် ပျက်စီးဆုံးရှုံးမှုများခဲ့သော်လည်း စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်း၏ ပြောကြားချက်ကို စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီသတင်းစာ၌ ထည့်သွင်းဖော်ပြရာတွင် သပြေပင်ကျေးရွာ၌ ပြည်သူ (၈) ဦးသာသေဆုံးခဲ့သည်ဟု လိမ်လည်ပြောကြားထားသည်။

    (more…)

  • အင်းစိန်အကျဉ်းထောင်တွင် တိုင်းစစ်ဌာနချုပ် ဗျူဟာမှူးအဆင့် တာဝန်ယူဦးဆောင်ပြီး လုံခြုံရေးတင်းကြပ်

    အင်းစိန်အကျဉ်းထောင်တွင် တိုင်းစစ်ဌာနချုပ် ဗျူဟာမှူးအဆင့် တာဝန်ယူဦးဆောင်ပြီး လုံခြုံရေးတင်းကြပ်

    RNA_စက်တင်ဘာ(၁၇)၊၂၀၂၄ ခုနှစ်။

    ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်းထောင်တွင် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ဗျူဟာမှူးအဆင့်ထိ ရောက်ရှိပြီီးလုံခြုံရေး အထူးတင်းကြပ်ထားသည်ဟု အင်းစိန်အကျဉ်းထောင်နှင့်နီးစပ်သူထံမှ သိရသည်။

    အင်းစိန်အကျဉ်းထောင်တွင်း ဝန်ထမ်းများကို၏ အဝင်အထွက်များကိုလည်း တင်းကြပ်ထားကြောင်း၊ စက်တင်ဘာ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် သွားရောက်ခဲ့သည်ဟု သိရသည်။

    #RedNewsAgency #RNA

  • ရေးဘီလူးတပ်ဖွဲ့ လုံခြုံရေးစစ်ဆေးမှုကို စစ်ကောင်စီလော်ဘီတွေ မခံမရပ်နိုင်ဖြစ်နေ

    ရေးဘီလူးတပ်ဖွဲ့ လုံခြုံရေးစစ်ဆေးမှုကို စစ်ကောင်စီလော်ဘီတွေ မခံမရပ်နိုင်ဖြစ်နေ

    RNA_စက်တင်ဘာ(၁၇)၊၂၀၂၄ခုနှစ်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ ရွာထိပ် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ရှိသည့်တံတားအနီး ရေးဘီလူးတပ်ဖွဲ့ ရဲဘော်များ ယမန်နေ့က နယ်မြေလုံခြုံရေး စစ်ဆေးမှုများအပေါ်  စစ်ကောင်စီလော်ဘီများမခံမရပ်နိုင် ဖြစ်နေကြောင်း တွေ့ရှိရသည်။

    ရေးဘီလူးတပ်တပ်ဖွဲ့ နယ်မြေလုံခြုံရေး စစ်ဆေးခဲ့သည့် ကျောင်ရွာတွင် စစ်ကောင်စီတပ် ၂ တပ်ရှိပြီး စစ်ကောင်စီလော်ဘီတွေဖြစ်သည့် “နန်းငယ်” တယ်လီဂရန်နှင့်အခြားသော စစ်ကောင်စီလော်ဘီချန်နယ်များတွင် “ရေးတပ်နယ် က လုံခြုံရေးတာဝန်ရှိသူတွေ မရှက်ကြဘူးလား” ခေါင်းစဉ်ဖြင့် ” ?သစ္စာမဲ့နေတာလား? ? သူရဲဘောကြောင်နေလား? ?လောက်ကောင်တွေလား?” စသည့်မေးခွန်းများဖြင့် စွပ်စွဲပြောဆိုကာ မခံမရပ်နိုင်ဖြစ်နေကြကြောင်း တွေ့ရှိရသည်။

     

    #RedNewsAgency #RNA

  • ဆိပ်မူကို စစ်တပ်က‌ လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးဖြင့်တောက်လျောက်ပစ်ခတ်နေသည့်အတွက် ရပ်သားသေဆုံးမှုရှိ

    ဆိပ်မူကို စစ်တပ်က‌ လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးဖြင့်တောက်လျောက်ပစ်ခတ်နေသည့်အတွက် ရပ်သားသေဆုံးမှုရှိ

    RNA_ဖားကန့်၊ စက်တင်ဘာ (၁၆)၊ ၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ lucky men ဟိုတယ်ကို အခြေပြုတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KIA/KPDF တို့ ယနေ့နံနက်ပိုင်းကတည်းက တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူ တောက်လျောက်ပေးနေခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့သည်။

    ယနေ့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဆိပ်မူကို ဗုံးကြဲသွားခဲ့ပြီး၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် လေယာဉ်နှစ်စီးဖြင့် ဆိပ်မူကျေးရွာနှင့် ဖားပြင်ကျေးရွာ ဆုတောင်းကုန်းတို့အား ဗုံးကြဲသွားခဲ့ကြောင်း သိရသည်။

    (more…)