AAPP

မင်းအောင်လှိုင်အား အာဆီယံထိပ်သီးအစည်းအဝေး မဖိတ်ကြားရန်အတွက် အတည်ပြုချက်ပေးရန် SAC-M နှင့် APHR တို့ တောင်းဆို

မင်းအောင်လှိုင်အား အာဆီယံထိပ်သီးအစည်းအဝေး မဖိတ်ကြားရန်အတွက် အတည်ပြုချက်ပေးရန် SAC-M နှင့် APHR တို့ တောင်းဆို

RNA_နိုဝင်ဘာ(၉)၊၂၀၂၆ခုနှစ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား မဖိတ်ကြားရန်အတွက် အတည်ပြုချက်ထုတ်ပြန်ပေးရန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) နှင့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) တို့က ယနေ့ (နိုဝင်ဘာ ၉ ရက်) ထုတ်ပြန်ထားသည်။ အာဆီယံထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ (၁၆) ရက်မှ (၁၈) ရက်နေ့အထိ ကျင်းပရန်ရှိနေပြီး စစ်ရာဇဝတ်မှု ကျူးလွန်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ထိပ်ပိုင်းတာဝန်ရှိသူများအား အစည်းအဝေးသို့ ဖိတ်ကြားခြင်းမပြုရန်အတွက် အတည်ပြုချက် ချက်ချင်းထုတ်ပြန်ရန် SAC-M နှင့် APHR တို့က တောင်းဆိုထားခြင်း ဖြစ်သည်။ (more…)
Read More
ကျောက်တော်မြို့နယ် ယိုးချောင်းတံတား ဗုံးကြဲခံရပြီး ပြည်သူ (၇) ဦးထက်မနည်းသေဆုံး

ကျောက်တော်မြို့နယ် ယိုးချောင်းတံတား ဗုံးကြဲခံရပြီး ပြည်သူ (၇) ဦးထက်မနည်းသေဆုံး

RNA_နိုဝင်ဘာ(၁)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းတံတားကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်မှ ယနေ့ (နိုဝင်ဘာ ၁ ရက်) ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ (၇) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများကြောင်း ကိုဝေဟင်အောင်ထံမှ သိရသည်။ ယိုးချောင်းတံတားသည် ကျောက်တော်မြို့နယ်၊ ဝါးတောင်ရပ်ကျေးရွာနှင့် ပန်းဖဲချောင်းရပ်ကျေးရွာကြား စစ်တွေ-ရန်ကုန် အဝေးပြေးလမ်းမပေါ်တွင်ရှိပြီး၊ ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် လမ်းသွားလမ်းလာများအပါအဝင် ပြည်သူ (၇) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ (more…)
Read More
မဲဆောက် နိုင်ငံရေးအသိုင်းအဝန်းမှ မောင်ကြီးမင်းမင်း(ခ) မင်းမင်း အာဏာသိမ်းစစ်တပ်ဘက်ပြောင်း

မဲဆောက် နိုင်ငံရေးအသိုင်းအဝန်းမှ မောင်ကြီးမင်းမင်း(ခ) မင်းမင်း အာဏာသိမ်းစစ်တပ်ဘက်ပြောင်း

RNA_စက်တင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ နိုင်ငံအရေးအသိုင်းအဝန်းတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ခဲ့သော မောင်ကြီးမင်းမင်း (ခ)၊ မင်းမင်း သည် အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဘက် ပြောင်းသွားသည်ဟု မဲဆောက်နိုင်ငံရေးအသိုင်းအဝန်းနှင့် လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်နေသည်။ မောင်ကြီးမင်းမင်း (ခ) မင်းမင်းသည် အင်္ဂလန်နိုင်ငံတွင် နေထိုင်ခဲ့သူဖြစ််််််ပြီး၊ နွေဦးတော်လှန်ရေးဖြစ်ပွားစဉ် ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိလာပြီးနောက် AAPP နှင့် NUG အတွင်းဝန်ရုံး တို့တွင် တာဝန်ထမ်းဆောင်ခဲ့သေးကြောင်း၊ ထို့နောက် မဲဆောက်တွင် ထမင်းဆိုင်ဖွင့်ပြီး နိုင်ငံရေးအသိုင်းအဝန်းတွင်လည်း ဝင်ဆန့်နေသူဖြစ်ကြောင်း၊ ယခု ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ကတည်းက မောင်ကြီးမင်းမင်း ပြည်တွင်းရောက်သွားသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်ကို သိရှိရသည်။ "ပြည်တွင်းကို…
Read More
စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် (၁၂) နှစ်အရွယ် မောင်ဇွဲနိုင်ဝင်း သေဆုံးခဲ့

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် (၁၂) နှစ်အရွယ် မောင်ဇွဲနိုင်ဝင်း သေဆုံးခဲ့

RNA_စက်တင်ဘာ (၂၄)၊၂၀၂၂ခုနှစ်။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ရွှေပေါ်ကျွန်းစေတီပေါ်တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်၏ စက်တင်ဘာ ၂၂ ရက်နေ့က လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် မိုးစစ်ကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲကာ အသက် (၁၂) နှစ်အရွယ် မောင်ဇွဲနိုင်ဝင်း သေဆုံးခဲ့ရပြီး အမျိုးသမီးတဦး ခြေထောက်ပြက်ကာ အခြားရွာသားများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု AAPP က ထုတ်ပြန်ထားသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ အကြမ်းဖက် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့အထိ ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၃၁၆) ဦး ရှိခဲ့ပြီး၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ…
Read More