RNA_နိုဝင်ဘာ(၁)၊၂၀၂၆ခုနှစ်။
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းတံတားကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်မှ ယနေ့ (နိုဝင်ဘာ ၁ ရက်) ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ (၇) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများကြောင်း ကိုဝေဟင်အောင်ထံမှ သိရသည်။
ယိုးချောင်းတံတားသည် ကျောက်တော်မြို့နယ်၊ ဝါးတောင်ရပ်ကျေးရွာနှင့် ပန်းဖဲချောင်းရပ်ကျေးရွာကြား စစ်တွေ-ရန်ကုန် အဝေးပြေးလမ်းမပေါ်တွင်ရှိပြီး၊ ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် လမ်းသွားလမ်းလာများအပါအဝင် ပြည်သူ (၇) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။



Photo : ONN
အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများ သေဆုံးမှုများရှိနေကြောင်း၊ အာဏာသိမ်းစစ်တပ်သည် ကရင်နီ၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းစသည်တို့တွင်လည်း နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် နေ့စဉ် ပြည်သူများ သေဆုံးနေရသည်။
မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့အထိ အမျိုးသမီး ၂၃၉၆ ဦး၊ ကလေးသူငယ် ၁၁၃၉ ဦး၊ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူ ၂၃၇၆ ဦးအပါအဝင် စုစုပေါင်း သေဆုံးသူ ၈၆၂၇ ဦးရှိပြီဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသည်။
Red News Agency , Red News