RNA_နိုဝင်ဘာ(၁၀)၊၂၀၂၆ခုနှစ်။
မြန်မာစစ်ရေးပဋိပက္ခအတွင်း လုံခြုံရေးအန္တရာယ် ဆိုးရွားနေသည့် ဒေသတွင်းအခြေအနေများကြောင့် အမေရိကန်နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ခရီးမသွားရန် အကြံပြုတားမြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ရေးရာနှင့် လုံခြုံရေးဌာနက နိုဝင်ဘာ (၉) ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၂၃) နိုင်ငံကို ခရီးသွားရန်အန္တရာယ်အရှိဆုံး လုံခြုံရေးအဆင့် (၄) အဖြစ် သတ်မှတ်ထားပြီး လုံးဝခရီးမသွားရန်နှင့် အမေရိကန်အစိုးရအနေဖြင့် ၎င်းတို့၏ နိုင်ငံသားများအား ကူညီကယ်ဆယ်ရန် အကန့်အသတ်ရှိနေကြောင်း လုံးဝခရီးမသွားရန် တားမြစ်ထားသည်။
အမေရိကန်အစိုးရ ပိတ်ပင်ထားသည့် နိုင်ငံများထဲတွင် အရှေ့တောင်အာရှမှ မြန်မာနိုင်ငံမှ ပါဝင်ပြီး နှစ်နိုင်ငံ စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းနှင့် ရုရှားနိုင်ငံလည်း ပါဝင်နေသည်။ ထို့ပြင် အာဖဂန်နစ္စတန်၊ အီရန်၊ အီရတ်၊ မြောက်ကိုရီးယား၊ ဆီးရီးယားတို့အပါအဝင် နိုင်ငံပေါင်း (၂၃) နိုင်ငံ ပါဝင်နေခြင်း ဖြစ်သည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက လုံခြုံရေးအခြေအနေအရ မြန်မာနိုင်ငံသို့ ခရီးမသွားရန် အမေရိကန်အစိုးရက တားမြစ်ခဲ့ခြင်းဖြစ်ပြီး (၆) နှစ်ကျော်ကာလ ဆက်တိုက် လုံခြုံရေးအဆင့် (၄) သတ်မှတ်ထားခြင်း ဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များနှင့် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေအများစုကို ထိန်းချုပ်ထားပြီး စစ်အုပ်စုက ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများကို ပြန်လည်ရယူနိုင်ရန်အတွက် အင်အားအများအပြားဖြင့် မြေပြင်စစ်ကြောင်းထိုးမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် လုပ်ဆောင်နေသည်။
#RedNewsAgency #RedNews #RNA