ပွင့်ဖြူ

လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော

လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော

RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်းအခြေစိုက် People's Revolution Alliance - လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား မိန့်ခွန်းတွင် လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော ဟာကြူလီက ပြောကြားခဲ့သည်။ “ ရဲဘော်တို့ ငါတို့တပ်တော်ဟာ လူထုကမွေးဖွားလာပြီး လူထုကိုသစ္စာခံတဲ့ တပ်တော်တခုဖြစ်တယ်၊ ငါတို့ဟာ လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေရတာဖြစ်တယ်၊ လူထုသာ မထောက်ခံရင် မထောက်ပံ့ရင် ဒီနေ့လို အခြေအနေကို ရောက်လာစရာအကြောင်းမရှိဘူး အဲဒါကြောင့် ငါတို့အားလုံးမှတ်ထားရမှာက ငါတို့ဟာ လူထုရဲ့ အစေခံတွေဖြစ်တယ်။ လူထုသာ ငါတို့ဘက်က မရှိရင် ငါတို့မရှိနိုင်ဘူးဆိုတာကို အမြဲတွေးနေရမယ်” ဟု People's Revolution Alliance…
Read More
NLD ပါတီဝင် ဦးဝင်းဌေးကို ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက သတ်ဖြတ်

NLD ပါတီဝင် ဦးဝင်းဌေးကို ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက သတ်ဖြတ်

ပွင့်ဖြူမြို့ NLD ပါတီဝင် ဦးဝင်းဌေးကို ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက သတ်ဖြတ်   RNA_ဒီဇင်ဘာ(၆)၊၂၀၂၂ ခုနှစ်။   မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD ပါတီဝင် ဦးဝင်းဌေးကို ကြံ့ခိုင်ရေးပါတီဝင် ကျောင်းကုန်းကြီးရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများက ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရသည်။   ဦးဝင်းဌေးနှင့်မိသားစုသည် ဒီဇင်ဘာလ ၄ ရက်နေ့က မကွေး-မင်းဘူးသွားပြီး ဆေးခန်းပြအပြန် ပွင့်ဖြူမြို့အဝင် ထွေအုပ်ရုံးရှေ့ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံပြီးနောက် သစ်ချိုကုန်းရွာထိပ်တွင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများက စောင့်ဆိုင်းကာ မိသားစုကို ပြန်လွှတ်ပြီး ဦးဝင်းဌေးကိုသာ ဖမ်းဆီးသွားကြောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျောင်းကုန်းကြီးရွာ မြောက်ဘက်တောတွင်းမှာ အလောင်းတွေ့ရှိခဲ့ရကြောင်း၊ ယနေ့ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။…
Read More
စစ်အာဏာရှင် စနစ်အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေဟု ကြွေးကြော်ကာ ပွင့်ဖြူမြို့နယ်မှ ဆရာ ဆရာမများ ဆန္ဒထုတ်ဖော်

စစ်အာဏာရှင် စနစ်အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေဟု ကြွေးကြော်ကာ ပွင့်ဖြူမြို့နယ်မှ ဆရာ ဆရာမများ ဆန္ဒထုတ်ဖော်

RNA-ပွင့်ဖြူ၊ ဖေဖော်ဝါရီ ၅ ရက်။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၊ ရှောက်တော အ.ထ.က ကျောင်း (ဘောလုံးကွင်း) အတွင်း အခြေခံံ ဆရာ ဆရာမများက ၂၀၂၀ ရွေး ကောက်ပွဲ ရလဒ်ကို အကြွင်းမဲ့ယုံကြည်ကြောင်း၊ စစ်အာဏာရှင်စနစ် လိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ စသည်ဖြင့် ဖေဖော်ဝါရီ လ ၅ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ Red News Agency
Read More
“မဲလိမ်မဲခိုး အစိုးရအား အလိုမရှိ အလိုမရှိ ” ဟု ဆိုင်းဘုတ်ကိုင် ကြွေးကြော်ကာ ပွင့်ဖြူမြို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်

“မဲလိမ်မဲခိုး အစိုးရအား အလိုမရှိ အလိုမရှိ ” ဟု ဆိုင်းဘုတ်ကိုင် ကြွေးကြော်ကာ ပွင့်ဖြူမြို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်

ရိုက်ကူး- ဒီလှိုင်း ပွင့်ဖြူ၊ နိုဝင်ဘာ ၂၂ ရက်။ ” မတရားသောနည်းဖြင့် အာဏာရယူဖို့ကြိုးစားသော အစိုးရ အလိုမရှိ အလိုမရှိ။ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ ပြုကျင့်မှုများအား ဆန့်ကျင်ကြ ဆန့်ကျင်ကြ။ မဲလိမ်မဲခိုး အစိုးရအား အလိုမရှိ အလိုမရှိ ” စသဖြင့် ဆိုင်းဘုတ်ကိုင် ကြွေးကြော်ကာ စီတန်းလှည့်လည် လူအင်အား ၂၅၀ ကျော် ဝန်းကျင်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ Red News Agency
Read More
နိုင်ငံတော်အကျိုးစီးပွား ကွာကွယ်ရန် ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တစ်မျိုးသားလုံး ထောက်ခံဖို့ လိုဟုဆို

နိုင်ငံတော်အကျိုးစီးပွား ကွာကွယ်ရန် ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တစ်မျိုးသားလုံး ထောက်ခံဖို့ လိုဟုဆို

ဇော်ကြီး (ကုန်းဇောင်း)၊ ပွင့်ဖြူ ၊ ဒီဇင်ဘာ ၁၀ ရက်။ မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့တွင် မြန်မာနိုင်ငံ၏အကျိုးစီးပွားကာကွယ်ရန်အတွက်နယ်သာလန်နိုင်ငံ(အပြည်ပြည်ဆိုင်ရာတရားရုံးICJ)သို့ရောက်ရှိနေသောနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုယ်စားလှယ်အဖွဲ့အား မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ပြည်သူများက ဒီဇင်ဘာလ ၁၀ရက်နံနက်၈နာရီတွင်ပြည် ပွင့်ဖြူမြို့ လုံချမ်းသာဘုရားကွင်းပြင်၌စုရပ်လုပ်၍မြို့တွင်းလှည့်လည်ကာ ဝန်းရံထောက်ခံပွဲ ပြုလုပ်ခဲ့သည်။ ” ဒီလိုခေါင်းဆောင်မျိုးဟာတိုင်းပြည်မှာနှစ်တစ်ရာမှာတစ်ယောက်ပေါ်ခဲ့တဲ့ခေါင်းဆောင်မျိုးဖြစ်တဲ့အတွက်တိုင်းပြည်ကိုကိုယ်စားပြုပြီးတော့ICJသွားပြီးအမှုရင်ဆိုင်သွားမှာဟာ သူတစ်ဦးတစ်ယောက်အတွက်အမှုရင်ဆိုင်သွားမှာမဟုတ်ပါဘူး၊ တိုင်းပြည်အတွက်သွားတာမလို့တစ်နိုင်ငံလုံး တစ်မျိုးသားလုံးဝန်ရံဖို့ လိုအပ်ပါတယ် ” ဟုကုန်းဇောင်းမြို့အုပ်ချုပ်ရေးမှူးဦးမြင့်ကျော်ကပြောသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်‌ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုယ်စားလှယ်အဖွဲ့အားမြန်မာနိုင်ငံသူနိုင်ငံသားများမှ‌ထောက်ခံဝန်းရံပွဲအားလူမှုရေးအသင်းအဖွဲ့အစည်းများ၊ပညာရေးဝန်ထမ်းများ၊စိုက်ပျိုးရေးဝန်ထမ်းများ၊လျှပ်စစ်ဝန်ထမ်းများ၊ပြည်သူအင်းအား၃၀၀၀၀ခန့်တက်ရောက်ခဲ့ကြသည်။Red News Agency
Read More