09
Nov
RNA_နိုဝင်ဘာ(၉)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်အုပ်စု စိုးမိုးသည့် ကျေးရွာများမှ အသက် (၃၅) နှစ်အထက် အမျိုးသားများအပါအဝင် စစ်မှုထမ်းအကြောင်းပြ မတရားဖမ်းဆီးနေပြီး ကျပ်သိန်း ၁၀၀ ဝန်းကျင်ခန့်ဖြင့် ပြန်လည်ရွေးနေကြရသည်ဟု ဒေသခံထံမှသိရသည်။ ပွင်ဖြူမြို့နယ် နီးသည့် ရှောက်တော့ကျေးရွာအတွင်း လမ်းမပေါ်တွင် ယနေ့ (နိုဝင်ဘာ ၉ ရက်) နံနက်ပိုင်းက အမျိုးသား (၄) ဦး အာဏာသိမ်းစစ်အုပ်စု၏ မတရားပေါ်တာဆွဲ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း၊ မြို့နယ်အတွင်းရှိအခြားကျေးရွာများတွင်လည်း အဓမ္မပေါ်တာဆွဲ ဖမ်းဆီးမှုများရှိကြောင်း သိရသည်။ နိုဝင်ဘာ (၇) ရက်နေ့က ပွင့်ဖြူမြို့နယ် သရက်ကုန်းကျေးရွာမှ အမျိုးသား (၅) ဦးပေါ်တာဆွဲခံရစဉ် ကျပ် (၇၅) သိန်းဖြင့် ပြန်လည်ရွေးခဲ့ရကြောင်း၊ ယခုရက်ပိုင်းအတွင်း…