Tag: Red News Agency

  • ပခုက္ကူထောင်မှ ထွက်ပြေးသူများ လွတ်မြောက်ရာသို့ ရောက်ရှိ

    ပခုက္ကူထောင်မှ ထွက်ပြေးသူများ လွတ်မြောက်ရာသို့ ရောက်ရှိ

    RNA_စက်တင်ဘာ (၁၁)၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူခရိုင်အကျဉ်းထောင်မှ အုတ်နံရံကျော်ကာ ထွက်ပြေးနိုင်ခဲ့သည့် နိုင်ငံရေးအကျဥ်းသား (၅) ဦး လွတ်မြောက်နယ်‌မြေသို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

    “လွတ်မြောက်လာသူများမှာ တော်လှန်ရေး ရဲဘော် (၂)ဦး၊တခြား နိုင်ငံရေး ပုဒ်မများဖြင့်မတရားဖမ်းဆီးခံထားခြင်းခံရသူ (၃)ဦးပါဝင်ပြီး ယင်းတို့ (၅)ဦးစလုံး လွတ် မြောက်ဘေးကင်းရာသို့ ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force က ယနေ့ ထုတ်ပြန်ထားသည်။

    စက်တင်ဘာလ ၁၀ ရက်နေ့က ထောင်မှ‌ မိမိအစီအစဉ်ဖြင့် ထွက်ပြေးလွတ်မြောက်လာသူ (၅) ကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)နှင့် အတူ ဒေသခံLDFများဖြစ်ကြသည့်ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PPDF၊ Young Force (UG)တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့( ၂)၊ Pakokku Ranger ၊ RSO(PKU)အဖွဲ့နှင့်သက်ဆိုင်ရာနယ်မြေခံအဖွဲ့များပူးပေါင်း၍ နေရာအလိုက်တာဝန်များအသီးသီးခွဲဝေ၍ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

    Red News Agency

  • ၃ ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံး

    ၃ ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံး

    RNA_စက်တင်ဘာ ၁၁၊၂၀၂၂ ခုနှစ်။

    ရှမ်းပြည်နယ် ( တောင်ပိုင်း) နှင့် ကယား ( ကရင်နီ) ပြည်နယ်အစပ် မိုးဗြဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး (၃) ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံးကြောင်း မိုးဗြဲ PDF၏ ထုတ်ပြန်ချက်များအရ သိရသည်။

    စက်တင်ဘာလ (၈) ရက်နေ့မှစတင်ကာ ဝှါရီဆူးပလိုင်ရွာမှ မိုးဗြဲသို့ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီစစ်သားများကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ တို့မှ ကြားဖြတ်စတင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၁၀ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။

    (more…)

  • “အကြမ်းဖက်စစ်တပ်က ပြည်သူတွေ ရဲဘော်တွေကို ခေါင်းတွေချည်း ပစ်သတ်ခဲ့တာကို မမေ့ပါနဲ့” ဟု NPRF တပ်ခွဲမှူးပြော 

    “အကြမ်းဖက်စစ်တပ်က ပြည်သူတွေ ရဲဘော်တွေကို ခေါင်းတွေချည်း ပစ်သတ်ခဲ့တာကို မမေ့ပါနဲ့” ဟု NPRF တပ်ခွဲမှူးပြော 

    RMA_စက်တင်ဘာ (၁) ရက်၊ ၂၀၂၂ ခုနှစ်။

    အာဏာသိမ်း အကြမ်းဖက် စစ်တပ်သည် ပြည်သူများ ရဲဘော်များကို ခေါင်းတွေချည်း ပစ်သတ်ခဲ့သည်ကို မမမေ့ကြရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်သေးပါက လက်နက်ချမည်မဟုတ်ကြောင်း NPRF တပ်ခွဲမှူး ကိုဝေလင်းက ပြောကြားထားသည်။

    မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း (၃) အနောက် မြောက်လွင်ပြင် အင်အားစု (Northwest Plain Revolutionary Forces-NPRF)သည် ခက်ခဲသော အခြေအနေအရပ်ရပ်ကြားမှ သီးသန့်အပတ် စဉ် (၂) သင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့တည်ထောင်ခြင်း တနှစ်ပြည့်အခမ်းနားတို့ကို ဩဂုတ်လ(၂၉)ရက်နေ့က စိုးမိုးနယ်မြေတနေရာ၌ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သည်။

    [embedyt] https://www.youtube.com/watch?v=e0lBej6JCPc[/embedyt]

    စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် ( Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း (၃) အနောက် မြောက်လွင်ပြင် အင်အားစု (Northwest Plain Revolutionary Forces-NPRF)သည် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖြစ်ကြောင်း၊ စိုးမိုးနယ်မြေအတွင်း တိုက်ပွဲများစွာ ပါဝင်တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

    Red News Agency

  • တိုက်ပွဲအတွင်းကျဆုံးခဲ့ရသည့် ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပန 

    တိုက်ပွဲအတွင်းကျဆုံးခဲ့ရသည့် ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပန 

    RNA_ဩတ်ဂုတ်၂၇၊၂၀၂၂ခုနှစ်။

    စစ်ကျွန်ဘဝမှ ပြည်သူများလွတ်မြောက်ရေးအတွက် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးလုံခြုံရေးတပ်ခွဲ၏ သင်တန်းသား အမှတ်စဥ် ၂၆ ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပနအခမ်း အနားကို တိုက်ပွဲဝင် ရဲဘော်များက တောတွင်းတနေရာတွင် ပြုလုပ်ခဲ့ကြသည်။

    ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်သည် နွေဦးတော်လှန်ရေးတွင် ပြည်သူများနှင့်အတူ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေစဉ် ဩဂုတ်လ ၂၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ပြည်သူများအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့သည်။

    [embedyt] https://www.youtube.com/watch?v=il13qH2xPdw[/embedyt]

    ရဲဘော်အောင်လေး စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ရင်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် အတွက် Black Operation Force ရဲဘော်များက ဩဂုတ် ၂၄ ရက်နေ့က တောတွင်းတနေရာတွင် ဈာပနအခမ်းအနား ပြုလုပ်ခဲ့ကြသည်။

    Red News Agency

  • ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ပြန်စနေ 

    ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ပြန်စနေ 

    RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။

    အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဘက်ပေါင်းစုံမှ ကရင်နီ ( ကယား) ပြည်မှာ ထိုးစစ်ဆင်နေသည့်အတွက် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်။

    [embedyt] https://www.youtube.com/watch?v=KBkWT5gziD8[/embedyt]

    ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်ြအတွက် ကျည်လိုအပ်ချက်များရှိကြောင်း၊ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်သည် ကရင်နီပြည်တွင် အသေအဆုံးများခဲ့ကြောင်း သိရသည်။

    Red News Agency

  • ၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံ အလုပ်သမများအတွက် ဆန္ဒပြ

    ၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံ အလုပ်သမများအတွက် ဆန္ဒပြ

    RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။

    အကြမ်းဖက်အာဏာသိမ်း စစ်တပ်နှင့် လက်အောက်ခံ လက်ပါးစေလုပ်ငန်းရှင်တို့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်ကြသည့် စစ်ကိုင်းတိုင်း (၅/)၊မကွေးတိုင်း(၈/) ၊ မန္တလေးတိုင်းဒေသကြီး(၉/) စသည်တို့မှ လုပ်သားတို့အား ဖိနှိပ်မှုများပြုလုပ်နေသည့်အတွက် ယနေ့နံနက်က ၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံနေရသူများအတွက် ဆန္ဒပြခဲ့ကြသည်။

    ၅/ ၊ ၈/ ကိုင်ဆောင်သူ လုပ်သားများအား ခြိမ်းခြောက်အလုပ်ထုတ်လျှက်ရှိနေသော ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ တရုတ် နိုင်ငံသားပိုင် နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်သော စက်ရုံအရှေ့တွင် ဖိနှိပ်ခံ လုပ်သားများနှင့်အတူ ရပ်တည်လျှက်ရှိကြောင်းသိစေရန် လူငယ်များသမဂ္ဂ _ ဗဟို (Youths Union Centre) နှင့် Labour Alliance အဖွဲ့ဝင် CTUM တို့မှ ပူးပေါင်းကာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

    Red News Agency

  • လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

    လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

    RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။

    ပွင့်ဖြူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပွင့်ဖြူ PDF ) က လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်သွားမည်မဟုတ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

    ယခုရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းကို ကျောင်းပိတ်ပြီး အမြန်ဆုံး ပြောင်းရွှေ့ကြရန်စသည့် သတိပေးမှုများထွက်ပေါ်နေကြောင်း၊ ပွင့်ဖြူမြို့နယ်အတွင်း စာသင်ကျောင်းများ၊ အသက်မွေး ဝမ်းကျောင်းများကို ကာကွယ်ရေးတပ်ဖွဲ့ (PDF)အမည်အသုံးပြုကာဖုန်းဆက်ခြိမ်းခြောက်သတိပေးခြင်းများပြုလုပ်လာပါက People Defence Force-Pwintbyu အနေဖြင့် လုပ်ဆောင်ခြင်းမရှိကြောင်း သိရသည်။

    (more…)

  • မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး စစ်ကြောရေးမှာ ကျဆုံး 

    မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး စစ်ကြောရေးမှာ ကျဆုံး 

    RNA_ဇူလိုင်၂၆၊၂၀၂၂ခုနှစ်။

    ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မြို့နယ်အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ် စစ်ကြောရေးမှာ (၂၄) နာရီအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။

    မင်္ဂလာတောင်ညွန့် မြို့နယ်၊ တောင်ညွန့်ကြီးရပ်ကွက်၊ သစ္စာလမ်း​နေအိမ်မှာ ဇူလိုင် ၂၃ ရက်နေ့ည (၁၁) နာရီ (၃၀) မိနစ်ဝန်းကျင်က ရန်ကုန်တိုင်း စရဖနှင့် သိပ်ဖြူကွင်းအထိုင်ချ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇူလိုင် ၂၄ ရက်‌ ‌နံနက် (၁၁) နာရီဝန်းကျင် စစ်ကြောရေးတွင် ကျဆုံးသွားခဲ့ကြောင်း သိရသည်။

    ” ညအဖမ်းခံရပြီး နောက်နေ့ သေသွားတယ်ဗျာ၊ က​လေးကအစ ​ခွေးက အဆုံး လှထူးဆို ချစ်ကြတယ်၊ တကယ်ကြီး စိတ်​ကောင်းရှိပြီး လူသားဆန်တယ်၊ လူ​တွေကို ကူညီတက်တဲ့ ပရဟိတစိတ်ရှိတဲ့လူပါ၊ ကျွန်တော်တို့ အတော်စိတ်မကောင်းဖြစ်ရတယ်၊ မိသားစုက သေတယ်ဆိုတာပဲသိရတာ အလောင်းတောင်မမြင်လိုက်ရဘူး ကြားတယ် ” ဟု မင်္ဂလာတောင်ညွန့် မြို့နယ်နေ ပြည်သူ တဦးက ပြောသည်။

    မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူးမှာ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ကြီးမားသောရောဂါမရှိကြောင်း၊ ကိုလှထူး၏ ရုပ်အလောင်းကို မိသားစုက တွေ့မြင်ခွင့်မရရှိလိုက်ရကြောင်း၊ စစ်ကောင်စီတပ်က သင်္ဂြိလ်လိုက်ပြီဟု မိသားစုကိုပြောထားကြောင်း သိရသည်။

    Red News Agency

  • မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေ

    မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေ

    မြို့ပြစစ်ဆင်ရေးတွေမှာ ဘာအခက်အခဲတွေ ရှိခဲ့လဲ၊ မြို့ပြစစ်ဆင်ရေးဘာကြောင့် စွန့်ခွါခဲ့ရလဲ၊ နယ်မြေသိမ်းတိုက်ပွဲတွေနှင့် မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေသည်ဟု မြေပြင်အခြေအနေများကို တပ်ခွဲမှူးကိုဝေလင်း​က ပြောပြထားသည်။

    ” ကျွန်တော်တို့အားလုံး အတူတူစခဲ့ကြတယ် ဒီဟာက၊ ကျွန်တော်တို့ တဖွဲ့တည်းက စခဲ့တာလည်းမဟုတ်ဘူး၊ ကျွန်တော်တို့ သမဂ္ဂကတဖွဲ့တည်းက စခဲ့လို့ ဖြစ်တာလည်း မဟုတ်ဘူး၊ ဘယ်သူစခဲ့လို့ ဖြစ်ခဲ့တာလည်းမဟုတ်ဘူး၊ အားလုံးက ဒီလမ်းကို မတရားမှုကို တွန်းလှန်မယ်ဆိုပြီး ရွေးချယ်ခဲ့ကြတဲ့ လမ်းဖြစ်တယ်၊ စခဲ့ပြီးမှတော့ အားလုံးအဆုံးထိ ပါဝင်စေချင်ပါတယ်” ဟု NPRF တပ်ခွဲမှူး ကိုဝေလင်းက ပြည်သူများကို အမှာစကားပါးထားသည်။

    [embedyt] https://www.youtube.com/watch?v=1jIEtmGrA6U[/embedyt]

    ” ကျွန်တော်တို့အနေနဲ့ စွန့်လွှတ်ခဲ့တယ်၊ ကျွန်တော်တို့ရဲ့ အလုပ်တွေ ကျွန်တော်တို့ရဲ့ ကျောင်းတွေ ဒါတွေကို စွန့်လွှတ်ခဲ့တယ်၊ ဒီကိစ္စတွေကို ငါစွန့်လွှတ်ခဲ့ရတာကွ ဆိုတဲ့ စိတ်တော့ မဝင်စေချင်ဘူး။ ငါတို့ စွန့်လွှတ်ခဲ့ရလို့ ငါတို့ ပိုလုပ်ရလို့ အနစ်နာခံခဲ့ရလို့ ဆိုတဲ့ စိတ်တွေဝင်ခဲ့ရင် ကျွန်တော်တို့အားလုံးဟာ တဖြည်း​ဖြည်း တဖြည်းဖြည်းနဲ့ ခွေးမသား မင်းအောင်လှိုင်နဲ့ တူလာလိမ့်မယ်” NPRF တပ်ခွဲမှူး ကိုဝေလင်းက PDF တွေကိုလည်း ပြောထားသည်။

    Red News Agency အနေဖြင့် မုံရွာခရိုင်အခြေစိုက် မုံရွာခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၃) အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစု NPRF-တပ်ခွဲမှူး ကိုဝေလင်းကို မြေပြင်အခြေအနေတွေ ကြုံတွေ့နေရတာတွေနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

    Red News Agency

  • ကော်သူးလေတပ်မတော် ထပ်မံပေါ်‌ပေါက်လာသည်ကို KNLAနှင့် KNDO တို့က လက်မခံ

    ကော်သူးလေတပ်မတော် ထပ်မံပေါ်‌ပေါက်လာသည်ကို KNLAနှင့် KNDO တို့က လက်မခံ

    RNA_ဇူလိုင်၂၀၊၂၀၂၂ခုနှစ်။

    ၂ဝ၂၂ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ စောနယ်ဒါးမှ စစ်ဦးစီးချုပ်အဖြစ် လက်မှတ်ရေးထိုးပြီးဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော်ကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း(KNDO) အနေ ဖြင့် လုံးဝယုံကြည် လက်ခံမှုမပြုနိုင်ကြောင်း ယနေ့ထုတ်ပြန်ထားသည်။

    ကော်သူးလေတပ်မတော်(Kawthoolei Armed Forces) သည် ၁၉၄၉ခုနှစ်၊ဇန်နဝါရီလ(၃၁)ရက်နေ့တွင် စတင်ခဲ့သည့် ကရင့်တော်လှန်ရေး၏ နိုင်ငံရေး၊ စစ်ရေးလိုအပ် ချက်အရ ကရင့်လက်နက်ကိုင်အဖွဲ့များအားလုံးကိုပေါင်းစည်းပြီး ၁၉၅၆ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ နှစ်စဉ် ဇူလိုင်လ (၅) ရက်နေ့ရောက်တိုင်း ကရင်တော်လှန် ရေးအဖွဲ့များနှင့် ပြည်သူများက ကော်သူးလေတပ်မတော်နေ့ကို တရားဝင်နေ့ကြီးရက်မြတ်အဖြစ် ဂုဏ်ပြုကျင်းပကြမြဲဖြစ်ကြောင်း သိရသည်။ (more…)