တပ်မ ၁၀၁ မှပြန်လာသည့် ပျူစောထီးနှင့်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက် 

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှပြန်လာသည့် ပျူစောထီးနှင့်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်

RNA_နိုဝင်ဘာ(၂၂)၊၂၀၂၂ခုနှစ်။

မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ် တပ်မ (၁၀၁) မှပြန်လာသည့် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများကို ဒေသခံပြည်သု့ကာကွယ်ရေးတပ်ဖွဲ့များက တွင်းမပျူစောထီးရွာနှင့် သရက်ကန်ပျူစောထီးရွာကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁) တပ်ခွဲ -၁ နှင့် တပ်ခွဲ-၂( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့ ပူးပေါင်း၍ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်ဝန်းကျင်က တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

” စကစလက်ပါးစေ ပျူစောထီးအဖွဲ့ဝင် ဇော်ထက်အောင် (အဘ – ကျော်နိုင်ဝင်း) သေးကာ ကျန် စခ၊ပခ (၄) ကောင်မှာ သေးစေနိုင်လောက်သည့် -ဏ်-ာပြင်းပြင်း ထန်ထန်ဒဏ်ရာရရှိသွားပါသည်။ သရက်ကန်ပျူစောထီးများမှာ အနီးပတ်ဝန်းကျင်မှ ကျေးရွာများကို မီးရှို့ ဖျက်ဆီးခြင်း ၊ အများပြည်သူလူထု၏ ချွေးနဲစာများကို ခိုးယူခြင်းများ အမြဲပြုလုပ်နေသော ခွေးလက်ပါးစေများဖြစ်သည်” ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ (၂၀) ရက်နေ့ကလည်း မြိုင်ပကအဖွဲ့နှင့်မြွေပွေး ပြောက်ကျားတပ်ဖွဲ့ တိမ်လွှာမုတ်ဆိတ် အဖွဲ့တို့နှင့် ပူးပေါင်းကာ ချောင်းကူးကျေးရွာ မှာ ဇီးပြားစခန်းသို့ ရိက္ခာလာပို့သော စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ (၆) ဦးသေဆုံးကာ (၉) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor