



အောင်ခန့်ဇော်/RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ထဲမှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းကျေးရွာများသို့ ယနေ့ နံနက် (၇) နာရီဝန်းကျင်မှစတင်ရောက်ရှိပြီး ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းဘေးရှိကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့ကြသည်။
စစ်ကောင်စီတပ်သားများ ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့နောက် ထန်းပုကျေးရွာသို့ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းမှာ အလှူလုပ်မည့် ထမင်းဟင်းများကို အဓမ္မလုယူ စားသောက်သွားကြောင်း၊ ညနေပိုင်းတွင် ၂ဖွဲ့ခွဲပြီး သဲကောကြီးရွာသို့ရောက်ရှိလာသည့်အဖွဲ့က သဲကောကြီးရွာကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


RNA_ဩဂုတ်၁၉၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကြေးနီစီမံကိန်းအနီးတဝိုက် စစ်ကောင်စီတပ်သားများထောင်ထားသည့်မြေမြှပ နင်းမိုင်း (၇၈) လုံးကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲ Myanmar ချီဂွေဗားရားအဖွဲ့က သိမ်းဆည်းရမိခဲ့သည်။
“အဆိုပါ ကြေးနီစီမံကိန်းအနီးတစ်ဝှိုက်တွင် သိမ်းဆည်းရမိခဲ့သော နင်းမိုင်းများကို ပြန်လည်အသုံးချသွားမည်” ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်နှင့် ကရင် ပြည်နယ်၊ ရှမ်းပြည်နယ် စသည့်တို့တွင် မြေမြှပ်နင်းမိုင်းများ အသုံးပြုခဲ့သော်လည်း ယခု အခါ စစ်ကိုင်းတိုင်းတွင်ပါ မြေမြှပ်နင်းမိုင်းများ အသုံးပြုလာကြောင်း သိရသည်။
Red News Agency

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်း၍ ယနေ့ နံနက်စောစော အာရုဏ်ဦးသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြရာ ဆားလင်းကြီး PDFများမှ ဝန်းရံအားဖြည့်ပေးခဲ့ကြောင်း သိရသည်။
Red News Agency

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာများအတွင်း လှည့်လည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးကြောင်း ကျောင်းသားများသမဂ္ဂနှင့် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး ဆန္ဒပြရင်း နှိုးဆော်ဟောပြောခဲ့ကြကြောင်း သိရသည်။

Photo: CJ – ပေးပို့။
Red News Agency

RNA_ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ဧရိယာအတွင်း ရောက်ရှိနေသော်လည်း လက်ပံတောင်းတောင်ဒေသပင်မသပိတ်စစ်ကြောင်းက ရရာနည်းဖြင့် အရှိန်အဟုန်မပျက် ယနေ့ ညနေပိုင်းမှာ စစ်အာဏာရှင် အလိုမရှိကြောင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။

Photo: CJ – ပေးပို့။
Red News Agency

“ဗိုလ်အောင်ကျော်ဟန် ဗိုလ်အောင်ကျော်မာန်နှင့် အဆုံး သတ်လွတ်မြောက်ရေးသို့ချီတက်ကြ”
![]()
RNA_ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၂၁ ခုနှစ်။
စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းက “ဗိုလ်အောင်ကျော်ဟန် ဗိုလ်အောင်ကျော်မာန်နှင့် အဆုံးသတ်လွတ်မြောက်ရေးသို့ချီတက်ကြ” စာသားကိုကိုင်ဆောင်ပြီး ယနေ့ ညနေပိုင်းမှာလည်း မုံရွာသပိတ်ဦးဆောင်ကော်မတီနှင့် မုံရွာကျောင်းသားများသမဂ္ဂမှ လာရောက်ပူးပေါင်းကာ ကျေးရွာအတွင်း လှည့်လည်ပြီး ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။
![]()
Photo: CJ – ပေးပို့။
Red News Agency

RNA_ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာသူ၊ ကျေးရွာသားများက “စစ်ဘေးရှောင်ဒုက္ခ အဆုံးသတ်ဖို့ PDF နဲ့အတူ တော်လှန်စို့” စာတန်းကိုင်စွဲပြီး မုံရွာပင်မသပိတ်စစ်ကြောင်းနှင့်မုံရွာတက္ကသိုလ်ကျောင်သားများသမဂ္ဂတို့နှင့် ပူးပေါင်းပြီး ကျေးရွာအတွင်း လှည်လည်ကာ ယနေ့ဆန္ဒပြခဲ့ကြသည်။

“စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ် ဖိနှိပ်မှုတွေကို ဒီနေ့အထိ ပြည်သူလူထုဟာ ခါးစည်းခံနေရဆဲဖြစ်တယ်၊ အရင်တလောက ဆားလင်းကြီးမြို့နယ်၊ ဒုန်းတော ကျေးရွာကို စစ်ကောင်စီတပ်တွေ အကြမ်းဖက်ဝင်ရောက်စီးနင်း သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်၊ အဲဒီစစ်ဘေးဒဏ်ကို ပြည်သူတွေဟာလည်း အလူးအလဲ ခဲ့စားခဲ့ရတယ်၊ဒီဒုက္ခတွေကို ကျနော်တော်တို့ပြည်သူလူထုကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင် ကြုံတွေ့ခဲ့ရတယ်။ ဒီလိုအကြမ်းဖက်မှုတွေ ဒုက္ခတွေကြုံတွေ့လာရလို့ ပြည်သူလူထုဟာ စစ်ကောင်စီကို လုံးဝကြောက်ရွံ့မသွားဘူး၊ တော်လှန်ရေးမှာ လုံးဝသွေးအေး မသွားဘူး” ဟု သပိတ်စစ်ကြောင်းမှာပါဝင်သည့် မုံရွာပင်မသပိတ်စစ်ကြောင်း အဖွဲ့ဝင်တဦးက ပြောသည်။

ပြည်သူတွေအနေဖြင့် သံမဏိစိတ်ဓာတ်ကိုလက်ကိုင် ထား မလျော့သောဇွဲသတ္တိ မလျော့သော လုံ့လဝရိယနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်တွေကို ရင်ဆိုင်အံ့တု PDF တွေနှင့်အတူ တော်လှန်ရေးတိုက်ပွဲကို အရှိန်အဟုန်ပြင်းပြင်း မြှင့်တင်ပြီး တော်လှန်ရေး၏ အခန်းကဏ္ဍတွေမှာ ဒီထက်ပိုပြီးပူးပေါင်းပါဝင်ကြပါလို့ အလေးအနက်ထား တိုက်တွန်းကြောင်း ၎င်းက ပြောသည်။

လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းက ပြည်သူများသည် နေ့စဉ်ရက်ဆက် အာဏာသိမ်း စစ်ကောင်စီကိုတန့်ကျင်ကြောင်း လမ်းပေါ်ထွက်ဆန္ဒပြနေကြပြီး၊ စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေသည့် အင်အားကောင်းသည့် ဒေသဖြစ်သည်။


Photo: CJ – ပေးပို့ ။
Red News Agency

RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ကျေးရွာနေပြည်သူများက နံနက်ပိုင်း ဝမ်းစာရှာပြီး ညနေပိုင်းနှင့်ညပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာအတွင်းချီတက်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။


Red News Agency