Tag: မကွေး

  • ကျောက်ပန်းတောင်းမြို့နယ် ပန်းကြိုင်ရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

    ကျောက်ပန်းတောင်းမြို့နယ် ပန်းကြိုင်ရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

    RNA_ဒီဇင်ဘာ(၂၇)၊၂၀၂၂ ခုနှစ်။
     
    မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ တလင်းကုန်းအုပ်စု၊ ပန်းကြိုင်ရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မြသိန်း သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
     
    စစ်ကောင်စီခန်ပ ပန်းကြိုင်ရွာ အုပ်ချုပ်ရေးမှူးကို နတ်မောက် ဒေါင်းစစ်သည်ပြောက်ကျားတပ်နှင့် Magway Guerrilla Warfare တို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့က နေအိမ်ဝန်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    (more…)

  • ပြည်သူကို အားနာတယ်

    ပြည်သူကို အားနာတယ်

    “အညာသူမကြီးက နှစ်ပေါင်းများစွာ စာရင်းငှားလုပ်ပြီး ခြစ်ခြုတ် စုထားတဲ့ နားက နားကပ်လေးကို ချွတ်လှူပြီး နားပေါက်ဟောင်းလောင်းနဲ့လည်း လှကြောင်း သက်သေပြနေတယ်”

    ချစ်ဝင်းမောင်

    ကျနော့်ကို အကိုတစ်ဦးက ပြောဖူးတယ်။ “မောင်ချစ်‌ရေ…အားနာတတ်တာက မကောင်းဘူး။ ဒါပေမဲ့ ကောင်းတယ်တဲ့” ။ ကျနော်က ရှုပ်သွားတယ် အကို။ နည်းနည်း အလင်းပြပါဦးဆိုတော့ အကိုက ဒီလို ဆက်ရှင်းပြတယ်။
    “အားနာတတ်တော့ အခြားသူတွေနဲ့ ယှဉ်ရင် ကိုယ့်ရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်တွေကို ပြောဖို့၊ တောင်းဖို့၊ ရယူဖို့ တွန့်ဆုတ်တတ်တာမို့ အဆင်မပြေဖြစ်တတ်တယ်။ ဒဲ့ပြောရရင် ငတ် တတ်တယ်ကွ။ ဒါပေသိ တစ်ဖက်က ကြည့်ပြန်တော့ အခွင့်အရေးကို မမျှော်ဘဲ အလုပ် လုပ်တတ်တဲ့၊ အကျိုးမျှော်လို့ ညောင်ရေသွန်းတဲ့ စရိုက်တော့ မရှိတော့ဘူးပေါ့ကွာ။
    နောက်တစ်ခုက ဆိုင်/မဆိုင်တော့ မသိဘူးကွာ။ အားနာတတ်တဲ့သူတွေက သူများကျေးဇူးကို မမေ့တတ်ကြဘူးကွ။ ဒါကတော့ ငါ့အတွေ့အကြုံအရ ပြောတာပေါ့။ ဆိုတော့ကွာ… ငါ့ဖို့ မကြည့်တတ်တဲ့သူနဲ့ ကျေးဇူးသိသူ ဖြစ်ဖို့တော့ အားနာတတ်အောင် စိတ်ကို နှလုံးသွင်းကွာ”တဲ့။
  • ပိုလျှင်လှူ လိုလျှင်ယူ မျှဝေခြင်း မကွေးမြို့က ၅၀၀ တန်ဇလုံထမင်း

    ပိုလျှင်လှူ လိုလျှင်ယူ မျှဝေခြင်း မကွေးမြို့က ၅၀၀ တန်ဇလုံထမင်း

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    ပြည်သူမှ ပြည်သူသို့ ပိုလျှင်လှူ လိုလျှင်ယူ မျှဝေခြင်းအစီအစဉ်ဖြင့် ၅၀၀ တန်ဇလုံထမင်းကို မကွေးမြို့၊အောင်မေတ္တာရပ်ကွက် B အုပ်စု-12 လမ်း မြင်းကင်းလမ်းမကြီး အရှေ့ဖက်တွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ ရောင်းချပေးနေကြောင်း သိရသည်။

    ” မနေ့ကစတင်ရောင်းချတဲ့နေ့မှာ အမဲသား၊ ၀က်သား၊ ငါးကြင်းသား၊ ချဉ်ရေဟင်း၊ငါးပိရေကြို အတို့ အမြှပ်‌တွေနဲ့ တစ်ပွဲ၅၀၀ကျပ်နှုံးနဲ့ စရောင်းချပေးခဲ့ပါတယ်၊ အများပြည် သူတွေအကြပ်တည်းဖြစ်နေတဲ့ဒီကာလမျိုးမှာ အသင့်စားသုံးနှိုင်စေဖို့ရည်ရွယ်ပြီး အခုလ်ိုစေတနာထားပြီးရောင်းချပေးတာပါ၊ အလှူခံဖလားချပေးထားပြီး စေတနာအလျှောက် ကုသိုလ်ပြုထည့်၀င်တာကိုပဲလက္ခံတာပါ၊ အလှူငွေ၅၀၀ ကျပ်မပါသူတွေအတွက်အတင်းအဓမ္မ ငွေကြေးမတောင်းခံပါဘူး” ဟု တန်ဖိုးနည်း ၅၀၀ ကျပ်တန်ဇလုံထမင်း ဦးဆောင်ရောင်းချပေးသူ ဦးနေမိုးဆွေကျော် ကပြောသည်။

    ယနေ့ နံနက် ၅၀၀ ကျပ်တန် ဇလုံးထင်း ဟင်းများမှာကြက်သားဆီပြန်၊ ကြက်ဥအချဉ်ချက်၊ ခရမ်းသီးနှပ်၊ရွှေဖရုံသီးနှပ်၊ ချဉ်ရည်ဟင်း၊ ငါးပိရည်ကြိုနှင့်အတို့ အမြှပ်တို့ပါဝင်ကြောင်း၊ မကွေးမြို့က တန်ဖိုးနည်း ၅၀၀ ကျပ်တန် ဇလုံထမင်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး ရောင်းချခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာပြီး ဝယ်ယူစားသောင်နိုင်ရေး ရည်ရွယ်၍ ဖွင့်လှစ်ထားကြောင်း သိရသည်။

     

    Red News Agency

  • ရဲဝန်ထမ်း တချို့က ထမင်းဆိုင်ထဲဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုင်ပိုင်ရှင် ပြောကြားသည့်အပေါ် မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင် ပြန်လည်ရှင်းလင်း

    ရဲဝန်ထမ်း တချို့က ထမင်းဆိုင်ထဲဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုင်ပိုင်ရှင် ပြောကြားသည့်အပေါ် မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင် ပြန်လည်ရှင်းလင်း

    ရိုက်ကူး၊ ဒီလှိုင်း၊ မကွေး၊ ဇွန် ၁၉ ရက်။

    မကွေးမြို့ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ရွှေလမင်း ထမင်းဆိုင်ထဲဝင်ကာ မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ယူနီဖောင်းဝတ် ရဲ ၁ ဦးအပါအဝင် ယူနီဖောင်း မဝတ်သည့် ရဲတို့က ဆိုင်ရှင်အပါအဝင် တွေ့ရှိသူများကို တုတ်ဖြင့်ရိုက်ခြင်း၊သေနတ်နှင့် ချိန်ကာ သတ်ပစ်လိုက်မည်ဟု ခြိမ်းခြောက်မှုများပြု လုပ်ခဲ့သည့်ကို CCTV မှတ်တမ်းနှင့် ပြောပြခဲ့ခြင်းများနှင့် ပတ်သက်ပြီး မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က ဖြစ်စဉ်ကို ရှင်းပြထားသည်။

    ရဲလုပ်ထုံး လုပ်နည်းနှင့်အညီ မလုပ်ခဲ့သည့်အတွက် ဇွန်လ ၁၄ ရက်နေ့ ည ၁ နာရီဝန်းကျင်က ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့်ရဲများကို အရေးယူမည်ဖြစ်ကြောင်း၊ အထက်လူကြီးများကိုလည်း ဖြစ်စဉ်ကို သတင်းမပို့ခဲ့ကြောင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရဲမှူးမြင့်လွင်က ဇွန်လ ၁၈ ရက်နေ့က မကွေးသတင်းထောက်များကို ရဲစခန်းတွင်ခေါ်ကာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

    ယင်းကိစ္စနှင့်ပတ်သက်ပြီး သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ၊ ရိုက်နှက်မှုများ ပြုလုပ်သွားသူရဲများကို အရေးယူနိုင်ရေး ထမင်းဆိုင်ပိုင်ရှင်က နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် ဝန်ကြီးချုပ်၊ ရဲချုပ် စသည်တို့ကို CCTV မှတ်တမ်းနှင့်တကွ တိုင်ကြားစာပေးပို့ထားကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=lr2x-f14WJw[/embedyt]

    Red News Agency

  • မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ရဲ ၁၀ ယောက်ဝန်းကျင်က ထမင်းဆိုင်ထဲဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့

    မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ရဲ ၁၀ ယောက်ဝန်းကျင်က ထမင်းဆိုင်ထဲဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့

    ရိုက်ကူး၊ ဒီလှိုင်း ၊ မကွေး၊ ဇွန် ၁၇ ရက်။

    မကွေးမြို့ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ရွှေလမင်း ထမင်းဆိုင်ထဲဝင်ကာ မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ယူနီဖောင်းဝတ် ရဲ ၁ ဦးအပါအဝင် ယူနီဖောင်း မဝတ်သည့် ရဲ ၁၀ ဦးဝန်းကျင်က ဆိုင်ရှင်အပါအဝင် တွေ့ရှိသူများကို အသင့်ပါလာသည့် တုတ်များဖြင့် ရိုက်နှက်ပြီးကြောင်း၊ သေနတ်နှင့် ချိန်ကာ သတ်ပစ်လိုက်မည်ဟု ခြိမ်းခြောက်မှုများ ဇွန်လ ၁၄ ရက်နေ့ ည ၁ နာရီဝန်းကျင်က ပြုလုပ်သွားကြောင်း ထမင်းဆိုင်ပိုင်ရှင် ဒေါ်နွယ်နွယ်ဖြိုးက ဇွန်လ ၁၇ ရက်နေ့တွင် ပြောသည်။

    ယင်းကိစ္စနှင့်ပတ်သက်ပြီး သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ၊ ရိုက်နှက်မှုများ ပြုလုပ်သွားသူများကို အရေးယူနိုင်ရေး နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် ဝန်ကြီးချုပ်၊ ရဲချုပ် စသည်တို့ကို CCTV မှတ်တမ်းနှင့်တကွ တိုင်စာပေးပို့ထားသည်။[embedyt] https://www.youtube.com/watch?v=Hf8t4_5pW9E[/embedyt]

    Red News Agency

  • ပုံမှန်မသုံးကြတဲ့အတွက် လျှပ်စစ်ယူနစ်တွေ တိုးလာရခြင်းဖြစ်သည့်ဟု လျှပ်စစ်အင်ဂျင်နီယာပြော

    ယခုလ မီတာဆောင်ရာတွင် ပုံမှန်လတွေထက် ယူနစ်များလာကြောင်း ကြုံတွေ့နေရသည့်အတွက် မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးနှင့် တွေ့ဆုံမေးမြန်းရာတွင် ပုံမှန်သုံးနေပါက ယူနစ်တိုးလာစရာအ ကြောင်းမရှိဘူးဟု ဖြေကြားခဲ့ပါတယ်။

    ” အရင်လအတိုင်းဘဲ ပုံမှန်သုံးတာလို့ ပြောကြပေမဲ့ ဒေတာတွေ ရှိပါတယ်။ ထုတ်လုပ်ရတဲ့ ယူနစ်တွေ လက်ခံရတဲ့ ယူနစ်တွေ တိုးလာပါတယ်။ ပုံမှန်သုံးတယ်ဆိုရင် အဲဒီယူနစ်တွေ တိုးလာစရာ အကြောင်း မရှိပါဘူး။ ပုံမှန်မသုံးကြလို့ ယူနစ်တွေ တိုးလာတာပါ” ဟု မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူး ဦးထောင်းဇိုခိုင်က ပြောသည်။

    ယခုလ မီတာစာရွက်များရောက်ရှိလာချိန်တွင် ၂၀၂၀ ခုနှစ် ပထမ လမှစတင်ကာ ဒုတိယ၊ တတိယလများတွင် မီတာယူနစ် ပုံမှန်ဖြစ်နေသော်လည်း ယခုလတွင် မီတာယူနစ်များ ပြီးခဲ့သည့်လများထက် ယူနစ်များ ပိုနေသည့်အတွက် လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများရှိနေသည်။ [embedyt] https://www.youtube.com/watch?v=aXMThPNsC64[/embedyt]Red News Agency

  • ဗိုလ်ချုပ်ပုံပါ တထောင်ကျပ်တန် ငွေစက္ကူနှင့်ပတ်သက်ပြီး သူတို့အမြင်

    ဗိုလ်ချုပ်ပုံပါ တထောင်ကျပ်တန် ငွေစက္ကူနှင့်ပတ်သက်ပြီး သူတို့အမြင်

    ရိုက်ကူး၊ ဒီလှိုင်းမကွေး၊ ဒီဇင်ဘာ ၃၀ ရက်။

    ဗိုလ်ချုပ်အောင်ဆန်းပုံပါ တထောင်တန်ငွေစက္ကူတွေကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက် ( ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့) နေ့တွင့် စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည့်အတွက် မကွေးမြို့က ဒေသခံ ပြည်သူတချို့ရဲ့ သဘောထားများကို မေးမြန်းတင်ဆက်လိုက်ပါတယ်။

    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် တထောင်ကျပ်တန်ငွေစက္ကူကို အလျား ၁၅၀မီလီမီတာ၊ အနံ၇၀မီလီမီတာရှိကာ ရှိပြီး၊ ငွေစက္ကူအပေါ်ဘက်မျက်နှာစာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာသားပါရှိပြီး ဗိုလ်ချုပ်ပုံရိုက်နှိပ်ထားကြောင်း ၊ ဗိုလ်ချုပ်ပုံ ရေစာပါရှိမည်ဖြစ်ပြီး၊ နောက်ကြောဘက်တွင် လွှတ်တော်အဆောက်အဦပုံ ပါရှိမည်ဖြစ်ကြောင်းသိရသည်။[embedyt] https://www.youtube.com/watch?v=MUTDtKGUj_s[/embedyt]Red News Agency

  • ရဟန်း ရှင်လူ သိန်းချီပါဝင်သည့် မကွေးမြို့က  ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ

    ရဟန်း ရှင်လူ သိန်းချီပါဝင်သည့် မကွေးမြို့က ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ

    ဒီလှိုင်း မကွေး ၊ ဒီဇင်ဘာ ၁၀ ရက်။

    “လက်ရှိကျွန်တော်တို့နိုင်ငံကိုတရားစွဲဆိုခံနေရတဲ့ကိစ္စကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သွားဖြေရှင်းနေရတယ်ဆိုတာပြည်သူအားလုံးသိမှာပါ၊ဒီအတွက်ကျွန်တော်တို့ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူတစ်သားထဲပြည်သူတစ်ရပ်လုံးကရှိတယ်ဆိုတာကိုပြချင်လိုဖြစ်ပါတယ်၊ကျွန်တော်တို့နိုင်ငံကိုတရားစွဲခြင်းဟာကျွန်တော်တို့ပြည်သူတစ်ဦးချင်းကိုတရားစွဲဆိုတာနဲ့အတူတူပါဘဲ၊အဲဒီတော့ကျွန်တော်တို့အပစ်မရှိဘူးဆိုတာပြန်လည်ခုခံချေပဖို့အတွက်တာဝန်ရှိတယ်၊နိုင်ငံတော်အတိုင်ပင်ခံကနိုင်ငံရဲ့အကျိုးစီးပွား၊ပြည်သူရဲ့အတိုင်ပင်ခံနဲ့အတူရှိတယ်ဆိုတာကိုပြသခြင်းဖြစ်ပါတယ် ” ဟု မ‌ကွေးမြို့ကံသာရပ်ကွက်မှဦးမိုးကပြောသည်။

    မြန်မာနိုင်ငံအကျိုးစီးပွားကာကွယ်ရန်အတွက်နယ်သာလန်နိုင်ငံ(အပြည်ပြည်ဆိုင်ရာတရားရုံးICJ)သို့သွားသောအတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသည့်ပွဲအား သံဃာတော်ဆရာတော်များ၊တိုင်းအစိုးရလွှတ်‌တော်ဥက္ကဌဦးတာ၊သယံဇာတ၊သဘာဝပတ်ဝန်းကျင်လျှပ်စစ်စွမ်းအင်ဝန်ကြီးဦးမြင့်‌ဇော်၊NLDအဖွဲ့ဝင်များ၊ပြည်သူများ၊ကျောင်းသား/သူများအင်းအား၃၀၀၀၀ခန့်တက်ရောက်ခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=doxRJqFa2JA[/embedyt]Red News Agency