AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေ

AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၂ခုနှစ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း၊ ဝက်ကျိန်းအပြင်ရွာ မြောက်ဖက် မီတာ (၈၀၀) ခန့်အကွာရှိ ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတပ် တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၁၀၅) တပ်ရင်းတို့ နိုဝင်ဘာလ (၁၈) ရက်နေ့ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။

” ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅) ဦးအထက်ရှိခဲ့သည်။ မိမိတို့ဖက်မှ ဒဏ် ရာရရှိသူ (၅) ဦးရှိခဲ့ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် အာရက္ခစစ်သည်တော် တစ်ဦးရှိခဲ့သည်။ တိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်နိုင်ခဲ့သော အာရက္ခ စစ်သည်တော်များအား လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်ထားပါသည်” ဟု AAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုတိုက် ခိုက်ခြင်း၊ မောင်တောမြို့နယ်၊ ဝက်ကျိန်း (အလယ်ရွာ)၏ တောင်ဖက်ရှိ နခခ(၇) စခန်း၊ ဝက်ကျိန်းပတ်ဝန်းကျင်ရှိ တပ်မ(၇၇) အထိုင်ချနေသောနေရာ၊ တပ်မ (၁၁) အထိုင်ချနေသော ခဝဲဗျူဟာ၊ ကြိမ်ချောင်း (၂၄) စခန်းများမှနေ၍ အတွဲလိုက်ဒုံးများအသုံးပြု ပစ်ခတ်နေသော်လည်း AA က အခြေအနေများကို အကောင်းဆုံး ထိန်းထားနိုင်သည်ဟု ထုတ်ပြန်ထားသည်။

Red News Agency

By Editor