တောင်ကလေးရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်

တောင်ကလေးရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်၊ စကစ ဘက်မှ အရာရှိနှစ်ဦးအပါအဝင် (၁၀) ဦးသေ

RNA_နိုဝင်ဘာ(၂၁)၊၂၀၂၂ခုနှစ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ KNU တပ်မဟာ (၆) နယ်မြေတွင်းရှိ တောင်ကလေးရဲစခန်းအား ယနေ့ နေ့ နံနက် (၁၁) နာရီဝန်းကျင်ထိ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိနှစ်ဦးအပါအဝင် (၁၀) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တောင်ကလေး ရဲစခန်းအား KNLA တပ်ရင်း ၁၆၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့- S.O.F၊ ကော်သူးလေအာမီ၊ Saw Dragon Drone Force နှင့် ARMS ဒရုန်းအဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။

” တိုက်ပွဲအတွင်း ၆၀ မမ ၁ လက်၊ ငါးကြင်းမြီးစက်ဘက် ၁ လက်၊ M16 ၂ လက်၊ AK ၁ လက်၊ MA3 ၂ လက်၊ G3 ၁ လက်၊ G4 ၁ လက်၊ ၅.၅၆ ကျည် ၁၂၀၀ ၊ နာတိုကျည် ၉၀၀၊ ၆၀မမဗုံးသီး ၅ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ ကျည်ဘောက် ၁၆ ခု၊ နာတိုပြောင်းပို ၁ ခု သိမ်းဆည်းနိုင်ခဲ့သည်။ ရန်သူဘက်မှအရာရှိနှစ်ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ရန်သူတစ်ချို့ထွက်ပြေးလွတ်မြောက်သွားသည်” ဟု တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ် ဆင်ရေးတပ်ဖွဲ့ – S.O.F က ထုတ်ပြန်ထားသည်။

ပူးပေါင်းတပ်ဖွဲ့များက တောင်ကလေး ရဲစခန်းအား ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်ဝန်ကျင်မှ နံနက် ၁၁ နာရီဝန်းကျင်အထိ တိုက်ခိုက်ခဲ့ကြကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူများယူခဲ့ပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် (၃) ဦး အနည်ငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Red News Agency

By Editor