တိုက်ပွဲအတွင်း ကျားဖြူတပ်ခွဲ (၂) မှ ရဲဘော် (၃) ဦးဒဏ်ရာရ

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။
 
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ကြားအင်းတွင် စစ်ကောင်စီတပ်နှင့် KNLA၊ ကျားဖြူတပ်ခွဲ (၂) အပါအဝင် ပူးပေါင်းတပ်ဖွဲ့များနှင့် ယမန်နေ့ ( နိုဝင်ဘာ ၂၂ ရက်) နံနက် ၉ နာရီကျော်က တိုက်ပွဲအတွင်း ကျားဖြူတပ်ခွဲ (၂) အဖွဲ့မှ ရဲဘော် (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
 
“စကစဘက်မှလက်နက်ကြီးများနှင့်အဆက်မပျက်ပစ်ကူ‌‌သောကြောင့် ကျွန်တော်တို့ကျားဖြူတပ်ခွဲ(၂)မှရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။မိမိတို့ကျားဖြူတပ်ခွဲ(၂)မှရိက္ခာပို့ကား၁စီး၊ပွိုင့်တူးတူး၁လက်၊ဖုန်း၅လုံးနှင့်စစ်သုံးကျောပိုးအိတ် စစ်အသုံးအဆောင်များစွာကျန်ခဲ့သည်” ဟု 96 Soldiers – တောင်ပိုင်း ကျားဖြူ တပ်ခွဲ -၂ မှ ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ကျားဖြူတပ်ခွဲမှ ရိက္ခာသွားပို့သည့်ကားလည်း တိုက်ခိုက်ခံခဲ့ရကြောင်း၊ ရိက္ခာပို့ ရဲဘော်တဦးနှင့်အတူဒဏ်ရာရရဲဘော်တဦး ကျန်ရှိခဲ့ရာ စခန်းသို့ ရောက်အောင် မနည်းကြိုးစားပြန်ခဲ့ရကြောင်း၊ ရဲဘော်တချို့၏ ဖုန်းများကို စစ်ကောင်စီဘက်မှသိမ်းဆည်းရမိသွားသည့် အတွက် ဆက်သွယ်ထားသူများ ဂရုစိုက်ကြရန် လိုအပ်ကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။

#RedNewsAgency
By Editor