Tag: Red News Agency

  • တော်လှန်ရေးအောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ကတိပေး

    တော်လှန်ရေးအောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ကတိပေး

    RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။

    နွေဦးတော်လှန်ရေးကို ပြည်သူတစ်ရပ်လုံးနှင့်အတူ တော်လှန်ရေး အောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၇၅ နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်း အနားမှာ ကတိပြုပြောကြားလိုက်သည်။

    ” ရဟန်းရှင်လူ၊ ကျောင်းသား၊လူငယ်တွေအပါအဝင် တိုင်းရင်းသားပြည်သူတစ် ရပ်လုံးဟာ မိမိတို့ရဲ့လွတ်လပ်စွာရွေး ချယ်နိုင်ခွင့်နဲ့ အခွင့်အရေးတွေကိုပြည့်ဝစွာကျင့် သုံးပိုင်ဆိုင်နိုင်စေဖို့ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေ စီစနစ် ထွန်းကားရှင်သန်မှသာဖြစ်နိုင်မယ်ဆိုတာကို ထပ်လောင်းပြောကြားလိုပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ယခုဆင်နွှဲ နေတဲ့ နွေဦးတော်လှန်ရေးကိုပြည်သူတရပ်လုံးနဲ့အတူ အောင်မြင်သည်အထိကြိုး စားတိုက်ပွဲဝင်မည်ဆိုတဲ့ကတိကို လည်းပြောကြားလိုပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

    ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်း ဆောင်များ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ သတ်ဖြတ်ခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသူအာဇာနည်များနှင့်တကွ ယခုနွေဦးတော်လှန်ရေးကာလတွင် စစ်အာဏာရှင်စနစ်ကို ခုခံဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အသက်စွန့်ခဲ့ကြတဲ့ပြည်သူ့သားကောင်းအာဇာနည်အပေါင်းတို့၏ ကျေးဇူးတရားကို အောက်မေ့ဂုဏ်ပြုရင်း ဦးညွတ်အလေးပြုလိုက်ကြောင်း စသည်တို့ကို ပြောကြားထားသည်။

    Red News Agency

  • ၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

    ၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

    RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။

    မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ခေတ်အဆက်ဆက်ကျဆုံးခဲ့ရသည့် အာဇာနည်များအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယနေ့ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ရန်ကုန်မြို့ လမ်းမများပေါ်၌ ကားဟွန်းများတီးသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=2IhaRHuPrJ0[/embedyt]

    Red News Agency

  • စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန

    စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန

    RNA_ဇူလိုင်၁၄၊၂၀၂၂ ခုနှစ်။

    စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေ တသက်တာဆုရှင် ဆရာကြီးမောင်သာနိုး၏ ဈာပနအခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုဿာန်မှာ ယနေ့ နေ့လည် ၂ နာရီက ပြုလုပ်ခဲ့သည်။

    အမျိုးသားစာပေတသက်တာဆုရှင် အသက် (၉၁) နှစ်ရှိ ဆရာကြီးမောင်သာနိုးသည် ရန်ကုန်မြို့ SSC ဆေးရုံမှာ ဇူလိုင် ၁၂ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ကွန်လွန်ခဲ့ပြီး၊ ဆရာကြီး မောင်သာနိုးကို အဖဦးခင်မောင်ကလေး၊ အမိဒေါ်စံမြင့်တို့က ၁၉၃၂ ခုနှစ် မေလ ၆ ရက်နေ့မှာ စစ်ကိုင်းမြို့မှာ မွေးဖွားခဲ့သည်။

    ဆရာကြီး မောင်သာနိုးသည် ၂၀၁၆ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်ခံခဲ့ရကြောင်း၊ ဆရာကြီးရေးသားခဲ့သည့် ထင်းရှူးပင်ရိပ် ကဗျာဘာသာပြန်စာအုပ်၊ တော်မှော်ရုံလမ်း၊ ဗမာစာ ဗမာစကား၊ အာရှတိုက်၏ အလင်းရောင်၊ မဟာကဗျာ ဂန္ထဝင် နိုင်ငံခြား ကဗျာရှည် လေးပုဒ်၊ အိုမာခိုက်ယမ်ရဲ့ ရှုဘိုက်ယတ်၊ ဟိုက္ကူကဗျာ ခရီးသည် စသည့်စာအုပ်များစွာ ထင်ရှားပြီး ကဗျာဆရာများနှင့် စာရေးဆရာများအပေါ် ဩဇာကြီးများသည့် ပညာရှင်တဦးဖြစ်သည်။

    Red News Agency

  • ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၄၀) ကျော်သေဆုံး

    ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၄၀) ကျော်သေဆုံး

    ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၄၀) ကျော်သေဆုံး

    RNA_ဇူလိုင်၁၄၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် ရန်ကြီးအောင်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီအင်အား(၁၂ဝ)ခန့်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များ (၃) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၄၀) ကျော်သေဆုံးသည်ဟု ဇူလိုင် ၁၃ ရက်နေ့က ချင်းအမျိုးသားအဖွဲ့ချုပ် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=XWQ8E8lJynU[/embedyt]

    ၂၀၂၂ ခုနှစ် ဇူလိုင်(၁၁)ရက်မှစတင်ပြီး ကလေးတောင်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CNDF ၊ PDF kalay ၊ CDF-KKG ၊ RKDF ၊ UGF Kalay နှင့် ပ.က.ဖ ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား (၃)ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ PDF-Kalay မှ ရဲဘော်တစ်ဦးနှင့် CNDF မှ ရဲဘော်တဦးတို့ကျဆုံးခဲ့ကြောင်း၊ အရပ်သားအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

    ဒေသခံ ပြည်သူ့ကာ ကွယ်ရေး တပ်များနှင့် စစ်ကောင်စီတပ်တို့ ဇူလိုင် (၁၁)ရက် နံနက်တွင် ရန်ကြီးအောင်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီအင်အား (၁၂ဝ) ခန့်သည် ခွေးခါးတောင်မှဆင်းကာ ဟားခါးလေးရွာအတွင်းသို့ဝင်ရောက်ချိန် နေ့ခင်း ၁၂ နာရီအကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင်(၁၂) ရက်နေ့က ဟားခါးလေးရွာတောင်ခြေဘက်မှ မြောက်ဘက်စည်သာရွာဘက်သို့ ဦးတည်ထွက်ခွာသွားခဲ့ပြီး စည်သာရွာတောင်ခြေဘက်ရှိ ဘိုးဘွားရိပ်သာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင်လ (၁၃)ရက်နေ့တွင် စည်သာရွာအနောက်ဘက် ဘိုးဘွားရိပ်သာတွင် တစ်ညတပ်စွဲထားသော စစ်ကောင်စီတပ်သည် ထောက်ကြန့်ကျေးရွာအရောက်တွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    Red News Agency

  • ကရင်နီပြည် KNDF BO -1 ရဲဘော်များ ဘုရားသခင်ထံ ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့ 

    ကရင်နီပြည် KNDF BO -1 ရဲဘော်များ ဘုရားသခင်ထံ ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့ 

    RNA_ဇူလိုင်၁၃၊၂၀၂၂ခုနှစ်။

    Photo : Khun John Paul

    ကရင်နီပြည်တွင် စစ်ကောင်စီတပ်က ဘုရား‌ဝတ်ပြုကျောင်းများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့သည့်အတွက် ပျက်စီးခဲ့ရသော်လည်း KNDF BO-1 ရဲဘော်များ ဇူလိုင် ၁၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ် တောတွင်းစခန်းတနေရာတွင် ဘုရားသခင်ထံ ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ” အဓမ္မတိုက်ပွဲမှာ ကျွန်တော်တို့ ဓမ္မဘက်တော်သားများက စစ်မိစ္ဆာတွေကို တွန်းလှန်တိုက်ခိုက်နိုင်ဖို့ရန် ဘုရားသခင်သည် ကျွန်တော့်တို့နဲ့အတူအစဉ်အမြဲရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ ထာ၀ရအသက်ချမ်းသာပေးတော်မူသော ကိုယ်တော်ရှင်အဖဘုရားသခင်ထံ လိုရာကျေဇူးတောင်းလျှောက်ရင်း အမှန်တရားအတွက်၊ လှပသောအနာဂတ် အေးချမ်းသောနိုင်ငံ ဖြစ်ဖို့ရန်အတွက် ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ဒီတိုက်ပွဲအောင်မြင်သည့်တိုင် အတူတကွ ဆက်လက်တွန်းလှန်သွားကြရအောင်” ဟု KNDF BO-1 မှ ရဲဘော် Khun John Paul က ပြောကြားထားသည်။

     

    အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်တို့ရှိ ဘာသာရေးအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေကြောင်း၊ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ် စသည်တို့တွင် စစ်တပ်အာဏာသိမ်းသည့် ‌၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့အထိ ဘာသာရေး အဆောက်အအုံ ၂၁ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

    Red News Agency

  • ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းမှ တပ်ရင်းမှူး ဒုတပ်ရင်းမှူးအပါအဝင် အများအပြားသေဆုံး

    ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းမှ တပ်ရင်းမှူး ဒုတပ်ရင်းမှူးအပါအဝင် အများအပြားသေဆုံး

    RNA_ဇူလိုင်၁၂၊၂၀၂၂ ခုနှစ်။

    ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) နယ်မြေ၊ မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်​ကွေ့နှင့် သရက်တစ်ပင်ရွာကြား နေရာတစ်ခုတွင် စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းနှင့် ကော်ဘရာ စစ်ကြောင်းတို့ ယနေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်းက တပ်ရင်းဖွဲ့စည်းပုံပျက်လောက်သည်အထိ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် အရာရှိများ၊ တပ်သားအများအပြားသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

    ယနေ့ တိုက်ပွဲတွင် ကော်ဘရာစစ်သည် (၃)ဦးသာ ” ပွန်းပဲ့ဒဏ်ရာ ” ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ် ခလရ (၈)မှ တပ်ရင်းမှူးအပါအဝင် အများအပြားသေဆုံးပြီး RPG အသီး -၂၆ လုံး၊ RPG ပို့ယမ်း – ၂၁ တောင့်၊ ရှေ့ထွက်မိုင်း – ၁လုံး၊ နင်းမိုင်း – ၂၁ လုံး၊ လက်ပစ်ဗုံး – ၁၇ လုံး၊ စကုတ် – ၂ ခု၊ မိုင်းရှာစက် – ၁ ခု၊ ၄၀ မမ – ၃၁ လုံး၊ အမျိုးအမည်မသိ ၇၉ – ၃ လုံး၊ မိတ်ကပ် – ၂ ဗူး၊ ဖြိုခွင်းရေး ယမ်းမဲ – ၇ချောင်း၊ ၆၀ မမ -၂၉ လုံး၊ အီနာဂါ – ၂၂လုံး၊ ကီးပတ်ဖုန်း – ၇လုံး၊ Touch screen ဖုန်း – ၄လုံး၊ ငွေ – သိန်း၂၀ ၊ ၅.၅၆ ကျည် – ၅၀၀၀၊ စက်လတ်ကျည် – ၃၀၀၀၊ MA – 1 – ၁လက်၊ ဂျန်ဘာစက် – ၁ခု ၊ ဓား၊ ပေါက်တူး၊ ပေါက်ပြား၊ ဂေါ်ပြားများ၊ စစ်အသုံးအဆောင် ပစ္စည်းများပြားစွာ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    Red News Agency

  • ဆန္ဒပြနေရုံ PDFတွေအတွက် လိုအပ်တာလေး အလှူခံပေးနေရရုံနဲ့ အားမရလို့ လက်နက်ကိုင်လမ်းစဉ်ရွေးခဲ့သူ ယောနယ်က သူနာပြုဆရာမလေး 

    ဆန္ဒပြနေရုံ PDFတွေအတွက် လိုအပ်တာလေး အလှူခံပေးနေရရုံနဲ့ အားမရလို့ လက်နက်ကိုင်လမ်းစဉ်ရွေးခဲ့သူ ယောနယ်က သူနာပြုဆရာမလေး 

    လိုအပ်လာရင် လက်နက်ကိုင်တိုက်ပွဲ၀င်နိုင်ဖို့ ထီးလင်းPDFက သင်ကြားပေးတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၃တက်ရောက် ထားပါတယ်။ လက်နက်ကိုင်လမ်းစဉ်ရွေးရတာက ဆန္ဒပြနေရုံ PDFတွေအတွက် လိုအပ်တာလေးအလှူခံပေးနေရရုံနဲ့အားမရလို့ပါ

    ယောနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တခုမှာ ပါဝင်ပြီးတော့ ဒေသလိုအပ်ချက်အရ တပ်တွင်းကျန်းမာရေးတာဝန်ခံနှင့် ဆေး၊ ဘဏ္ဍာငွေ ရှာဖွေရေး တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမလေးလဲဖြစ် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့် ဆရာမ Stella Wai ကို Red News Agency ကမေးမြန်းထားသည်။

    RNA ။ ဆရာမ Stella Wai အနေနဲ့ အဏာမသိမ်းခင်က ဘာတွေလုပ်ခဲ့လဲ၊ အာဏာသိမ်းပြီးနောက် ဘယ်လို အခန်းကဏ္ဍတွေမှာ ပါဝင်ခဲ့လဲ အခု လက်ရှိ တော်လှန်ရေးမှာ ဘယ်နေရာက ပါဝင်နေလဲ ဆိုတာ ပြောပြပေးပါ။

    Stella Wai ။ အရင်အာဏာမသိမ်းခင်က ပုဂ္ဂလိက ဆေးရုံတွေမှာ Case On ပါတယ်။ PKU သူနာပြုသားဖွား 6th batch midwifery ကျောင်းဆင်းပါ အာဏာသိမ်းပြီးနောက်မှ အာဏာဖီဆန်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ /ကိုယ်တတ်နိုင်သလောက် CDM Supportကိစ္စတွေ /PDFထဲမ၀င်ခင်က PDF အတွက် လိုအပ်တာတွေကို အလှူခံပေးတာစတဲ့ အနည်းအကျဉ်းကိစ္စလေးတွေမှာ ပါ၀င်ဆောင်ရွက်ဖူးပါတယ်။ ၂၀၂၁ ၊ ၁၀ လပိုင်း ၂၁ ရက်နေ့က ထီးလင်း PDFမှာ လိုအပ်ချက်အရ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ တောထဲစရောက်ခဲ့ပါတယ်၊ အခုကတော့ တပ်တွင်းကျန်းမာရေးတာ၀န်ခံနဲ့ ဆေး၊ ဘဏ္ဍာရှာဖွေရေး တာဝန်ထမ်းဆောင်နေပါတယ်။ 

    RNA ။ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ထိ ပြင်ဆင်ထားလား။ ဘာ့ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးရတာလဲ။ 

    (more…)

  • ပြည်သူထိခိုက်မည့်အခြေအနေကြောင့် မစ်ရှင်ဖျက်သိမ်း ခဲ့ရပြီး၊ စစ်ကောင်စီတပ် ဗုံးမသယ်ရဲသည့်အတွက် လမ်းမပေါ်တွင် ဖောက်ခွဲပစ် 

    ပြည်သူထိခိုက်မည့်အခြေအနေကြောင့် မစ်ရှင်ဖျက်သိမ်း ခဲ့ရပြီး၊ စစ်ကောင်စီတပ် ဗုံးမသယ်ရဲသည့်အတွက် လမ်းမပေါ်တွင် ဖောက်ခွဲပစ် 

    RNA_ဇူလိုင် ၁၂၊၂၀၂၂ခုနှစ်။

    အမှိုက်ကောက်သည့်ကလေးနှင့် ပြည်သူများထိခိုက်မည်စိုးသည့်အတွက် စစ်ကားများအတွက် ရည်ရွယ်ထားသည့် ဗုံးတွဲဖောက်ခွဲမှု မစ်ရှင် ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု မြို့ပြပြောက်ကျား မဟာမိတ်တပ်ဖွဲ့ဝင် တဦးက ပြောသည်။

    ယနေ့ နေ့လည် ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် စစ်ကောင်စီတပ်က ဗုံးကိုသယ်မသွားဘဲ လမ်းမပေါ်တွင် ဖောက်ခွဲလိုက်ခြင်း ဖြစ်သည်။

    ” ဗုံးကို အမှိုက်ကောက်တဲ့ကလေးက တွေ့သွားတာ၊ ကျနော်တို့ စောင့်ကြည့်နေတာ စစ်ကားတွေအတွက်လုပ်ထားတာ၊ အဲချိန်မခွဲရက်ဘူး အခြားဘေးကလူတွေထိကုန်မှာ အဲဒါကြောင့် မစ်ရှင်ဖျက်လိုက်ရတယ်၊ ဗုံးက အားပြင်းတယ်၊ နည်းပညာမြင့်တယ်၊ စစ်ခွေးတွေသယ်မသွားရဲဘူး အဲဒါနဲ့ ပြည်သူတွေလဲ ထိတ်လန့်အောင် လမ်းပါ်မှာ ခွဲလိုက်တာ၊ ပြည်သူတွေကို တောင်းပန်ချင်ပါတယ် စစ်ကား‌တွေ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေအနီးမှာ မနေကြပါနဲ့” ဟု တာမွေမြို့နယ်မှာ စစ်ကောင်စီတပ် ယာဉ်တွေကို ပစ်မှတ်ထားတိုက်ခိုက်မည့် ဗုံးနှင့်ပတ်သက်ပြီး မြို့ပြပြောက်ကျားမဟာမိတ်တပ်ဖွဲ့ဝင်တဦးက Red News Agency သို့ ပြောကြားထားသည်။

    ဓာတ်ပုံ : မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ထောက်ထားသည့်ဗုံးကို လမ်းမပေါ်တွင် စစ်ကောင်စီတပ်က ဖောက်ခွဲမှုမြင်ကွင်း/ CJ

    မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို ရည်ရွယ်လုပ်ဆောင်နေမှုများ ပြည်သူလူထု ထိခိုက်မည်စိုးသည့်အတွက် ဖျက်လိုက်ရသည့် မစ်ရှင်များစွာရှိနေပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်နှင့် ပတ်သက်သည့် အဆောက်အဦ၊ ယာဉ်စသည့် နေရာများတွင် ပြည်သူများအနေဖြင့် ရှောင်ရှားသင့်ကြောင်း၊ စစ်ကောင်စီတပ်သားများနှင့် ဆက်ဆံမှုနှင့် အနီးကပ်မနေသင့်ကြောင်း သိရသည်။

    Red News Agency

  • စုပေါင်းရုံးကို တာဝေးပစ်လက်နက်ကြီးအချက်၂၀ ကျော် ပစ်ခတ်၊ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို အနီးကပ် မိုင်းဆွဲ 

    စုပေါင်းရုံးကို တာဝေးပစ်လက်နက်ကြီးအချက်၂၀ ကျော် ပစ်ခတ်၊ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို အနီးကပ် မိုင်းဆွဲ 

    RNA_ဇူလိုင်၁၁၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ရှိ စုပေါင်းရုံးအတွင်း ဒေသခံပြည်သူကာကွယ်ရေး မဟာမိတ်တပ်များက ယမန်နေ့ညနေ ၆ နာရီဝန်းကျင်က တာဝေးပစ်လက်နက် ကြီးအချက်၂၀ ကျော်ပစ်ခတ်ကာ စစ်မြူပြီး ထွက်လာသည့် စစ်ကောင်စီတပ်သား ၆ ယောက်ထွက်လာစဉ် အနီးကပ်မိုင်းဆွဲတိုက်ခိုက်ရာ (၂) ဦးသေဆုံးကြောင်း သိရသည်။

    ပုလဲမြို့ စုပေါင်းရုံးနှင့် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ပုလဲတပ်ရင်း(၄)၊ဒေါင်းနက်‌နယ်စည်းမခြားပြောက်ကျား တပ်ဖွဲ့ ပုလဲတပ်ရင်း(၅)၊ဒေသခံ Local PDF တို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၆ နာရီမှ ၈ နာရီအထိ တိုက်ခိုက်ခဲ့ကြကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

    Red News Agency

  • ကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီလက်အောက်ခံများက လူမဆန်စွာ သတ်ဖြတ်

    ကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီလက်အောက်ခံများက လူမဆန်စွာ သတ်ဖြတ်

    RNA_ဇူလိုင်၁၀၊၂၀၂၂ခုနှစ်။

    ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီတပ် လက်အောက် ခံများက ဇူလိုင် (၄) ရက်နေ့က လူမဆန်စွာ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

    သေဆုံးသွားခဲ့ရသည့် ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်သည် ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများကော်မတီအဖွဲ့၏ ကွင်းဆင်းဝန်ထမ်းတစ်ဦးလည်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်က ခန္ဓာကိုယ် ခြေလက်တို့ကိုဖြတ်ပြီး သတ်ခဲ့ကြောင်း သိရသည်။

    (more…)