Tag: PSLF/TNLA

  • နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆၀) ကျော်သေဆုံးပြီး သုံ့ပန်းအဖြစ် (၆၄) ဦး ဖမ်းဆီးရမိ

    နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆၀) ကျော်သေဆုံးပြီး သုံ့ပန်းအဖြစ် (၆၄) ဦး ဖမ်းဆီးရမိ

    RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။

    တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ အမြောက် (၄)စင်း၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရရှိခဲ့ကြောင်း၊ ရန်သူအလောင်း (၆၀)ကျော်နှင့် စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ် (၃၀)ဦး၊ မိသားစုဝင် (၃) ဦး၊ ရဲ (၆)ဦး၊ ရဲမိသားစုဝင် (၂၅) ဦး စုစုပေါင်း (၆၄) ဦး ဖမ်းဆီးရမိခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

    မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

    “လက်ရှိအခြေအနေမှာ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့နေနေသာသာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေကိုယ်တိုင်က တော်လှန်ရေးအဖွဲ့တွေရဲ့ ဖြတ် (၄) ဖြတ် လုပ်ခြင်းကို ခံနေရ”

    မောင်ဝိ 

    ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ၃ နှစ်ပြည့်ကာနီး ကာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာနဲ့ မြို့ကြီးတွေကိုပါ ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ တော်လှန်ရေး သိသိသာသာ တိုးတက်လာချိန်ကို အဓိကပြောပါဆိုရင် ရှမ်းမြောက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို မေ့ထားလို့မရပါဘူး။ ဒါ့ကြောင့်ပဲ မြောက်ပိုင်းမဟာမိတ် () ဖွဲ့က ဦးဆောင်ခဲ့တဲ့ ရှမ်းမြောက်က စစ်ဆင်ရေးကို စစ်ခေါင်းဆောင်ကိုယ်တိုင် ထိတ်လန့်လာတဲ့အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။ 

    ၁၀၂၇ မစတင်ခင် ၂ ပတ်လောက်အလိုကတည်းကစစ်တပ်အနေနဲ့ စာထုတ်ပြီး သူ့တပ်ရင်းတွေကို အကြောင်းကြားထားခဲ့တာဖြစ်တယ်လို့ ရှမ်းမြောက်တိုက်ပွဲတွေအတွင်းမှာ ပါခဲ့တဲ့ အရာရှိဖြစ်သူထံမှ သိရပါတယ်။ ၁၀၂၇ မစတင်ခင် အောက်တိုဘာ ၇ ရက်နေ့လောက်ကတည်းက လုံထန်ဘက်မှာ တိုက်ပွဲအသေးစားလေးတွေ ဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မနက် ၂ နာရီလောက်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်ကို အရင်ဝင်သိမ်းခဲ့ပါတယ်။ ဒီနောက် ဟိုပန်နဲ့ ချင်းရွှေဟော်က ကားနဲ့ ၂၅ မိနစ်လောက်သွားရတဲ့ ဟိုပန် ဖောင်ဆိပ်စခန်းမှာကလည်း စစ်တပ်က တပ်စွဲထားတဲ့ အင်အား ၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    ၁၀၂၇ စတင်ခဲ့တဲ့ မနက်ပိုင်း ၄ နာရီလောက်မှာ MNDAA နဲ့မဟာမိတ် ပူးပေါင်း အင်အား ၂၀၀၀ ခန့်ဟာ ဟိုပန်တံတားကို ဝင်စီးခဲ့ပါတယ်။ ဒီနောက် ဖောင်ဆိပ် စစ်ကောင်စီ စခန်းကျခဲ့တယ်။ အဲ့အချိန် ဟိုပန်ထဲက တပ်တွေက လက်နက်ကြီး တွေနဲ့ ဖောင်ဆိပ်တံတားဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့်၊ စစ်တပ်ကအင်အားနဲ့ ပြန်တိုက်နိုင်တာမျိုး မရှိခဲ့ပါဘူး။ ဟိုပန်ဖောင်ဆိပ်ကို သိမ်းပြီး မဟာမိတ်ပူးပေါင်းအဖွဲ့က တံတားကိုဖျက်ခဲ့ပါတယ်။ ဖောင်ဆိပ်ဘက်ကနေ ကွမ်လုံဘက်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဆက်တက်တယ်။ ကွမ်းလုံမရောက်ခင် ကောင်းကျဲဘက်မှာ မြောက်ပိုင်း ၃ ဖွဲမှ အဖွဲ့ ၄ နေရာလောက်ခွဲပြီး၊ ကွမ်လုံမှာရှိတဲ့တပ်တွေကို ဒရော့ဗုံးချတာ၊ ရနိုင်မယ်ထင်တဲ့နေရာတွေကိုဝင်ပစ်တယ်။

    (more…)

  • ပြည်သူတစ်ရပ်လုံး မျှော်လင့်နေသည့် နိုင်ငံရေးရည်မှန်းချက်များကို လျစ်လျူရှုကာ နောက်လှည့်သွားမည်မဟုတ်ဟု ညီနောင် ၃ ဖွဲ့ အသိပေး 

    ပြည်သူတစ်ရပ်လုံး မျှော်လင့်နေသည့် နိုင်ငံရေးရည်မှန်းချက်များကို လျစ်လျူရှုကာ နောက်လှည့်သွားမည်မဟုတ်ဟု ညီနောင် ၃ ဖွဲ့ အသိပေး 

    RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။ 

    စစ်တပ်၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရသော မြန်မာပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် နိင်ငံရေး ရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည်မဟုတ်သည့်အပြင် နောက်လှည်သွားမည့်သူများမဟုတ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က အသိပေးထားသည်။ 

    လတ်တလောတွင် တွေ့မြင်နေရသော သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို မိမိတို့အနေဖြင့် သိရှိရ၍ အဆိုပါကိစ္စရပ်အပေါ် များစွာစိုးရိမ်ပူပန်မှု မရှိကြစေရန် ပြောကြားလိုပါသည်။ ထို့အတူ မိမိတို့အနေဖြင့် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မာပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း လေးစားစွာ အသိပေးအပ်ပါသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။ 

    ၁၀၂၇ စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်စခန်းများနှင့် စစ်ရေးပစ်မှတ်များကို နေ့စဉ်တိုက်ခိုက်နေကြောင်း၊ MNDAA TNLA AA တို့သည် ကိုးကန့်ဒေသနှင့် တအာင်းဒေသ၊ ရခိုင်ဒေသတွင်း အကြမ်းဖက်စစ်ကောင်စီကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ စစ်ဆင်ရေး ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

    Red News Agency

  • စစ်ကောင်စီနဲ့ မြောက်ပိုင်း ညီနောင် ၃ဖွဲ့တွေ့ဆုံမှု ဘာလဲ ဘယ်လဲ

    စစ်ကောင်စီနဲ့ မြောက်ပိုင်း ညီနောင် ၃ဖွဲ့တွေ့ဆုံမှု ဘာလဲ ဘယ်လဲ

    “မြောက်ပိုင်းညီနောင် ၃ဖွဲ့ကို ရှုံးခဲ့ရင် စစ်ကောင်စီအနေနဲ့ နယ်မြေဆုံးရှုံးတာတစ်ခုကလွဲပြီး လက်ရှိထိုင်ခုံပေါ်ကနေ ဆင်းပေးစရာ မရှိနိုင်တာကိုတွေ့ရှိရပါတယ်။ သို့သော် NUG ကိုသာ ရှုံးနိမ့်ခဲ့ရင် စစ်ကောင်စီအနေနဲ့ ခုံပေါ်က ခွေးကျ ကျမှာဖြစ်သလို နောက်ကြောင်းပြန်အရေးယူမှုတွေကြောင့် အာဏာသိမ်းမှုမှာ ပါ၀င်တဲ့ မင်းအောင်လှိုင်မှ အစ အောက်ခြေ တိုင်းမှူး၊ဗိုလ်မှူးတွေအထိ ကြိုးစင်တက်ရမှာ”
    ************************************
    ရာဟု ( Simon)

    အောက်တိုဘာ ၂၇ရက်နေ့တွင် MNDAA ၊ TNLA နှင့် AA အစရှိတဲ့ ညီနောင် ၃ ဖော်မှ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်မှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး သမိုင်းဝင်တိုက်ပွဲတွေကို စတင်ဖော်ဆောင်ခဲ့ပါတယ်။

    တိုက်ပွဲစတင်လျှင် စတင်ခြင်းနေ့မှာပဲ ဖွဲ့စည်းပုံနဲ့ စည်းကမ်းပိုင်း၊ တိုက်ခိုက်ရေးပိုင်းလျော့ရဲနေတဲ့ စစ်ကောင်စီရဲ့ တပ်တွေဟာ ညီနောင် ၃ဖော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုအောက်မှာ အထိနာခဲ့ပြီး ရုတ်ချည်းဆိုသလို ချင်းရွှေဟော်အပြင် စစ်ကောင်စီ၏ အရေးပါသည့် ခံစစ်စခန်းများကို လက်လွှတ်ဆုံးရှုံးခဲ့ရသလို သေဆုံး၊ ဒဏ်ရာရရှိသူများနှင့် လက်နက်ချ အညံ့ခံသူတွေလည်း ရှိခဲ့ပြီး လက်နက်ခဲယမ်းမျိုးစုံကိုလည်း ဆုံးရှုံးခဲ့ရတာကိုတွေ့ရှိရပါတယ် ။

    အခုဆို ၁၀၂၇ စစ်ဆင်ရေးရဲ့ တစ်လကျော်အချိန်ကာလတစ်ခုကိုရောက်လာတဲ့ အချိန်မှာတော့ စစ်ကောင်စီဘက်မှ မြို့​ပေါင်း ၅ မြို့၊ စစ်စခန်း​ပေါင်း ၂၀၀ ​ကျော်နဲ့ မြန်မာ-တရုတ်နယ်စပ်ဂိတ် ၅ ဂိတ်နှင့် လက်နက်ခဲယမ်းများစွာကို ညီ​နောင်မဟာမိတ် ၃ ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့သလို နယ်စပ်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ အာဏာစက်နဲ့ ထိန်းချုပ်မှုဟာလည်း တစ်စစီပြိုလဲသွားတာကို တွေ့မြင်ခဲ့ရပါတယ်။

    ဒီလို စစ်ရေးအရရော ၊ နယ်မြေစိုးမိုးမှုအရပါ ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ၁လကျော်ကြာတဲ့အချိန်မှာပဲ တရုတ်ရဲ့ ကြား၀င်စေ့စပ်ပေးမှုနဲ့အတူ ညီနောင် ၃ဖော်နဲ့ ကနဦးညှိနှိုင်းဆွေးနွေးရေးလုပ်ပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူညီမှု တစ်ခုလုပ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ထုတ်ဖော်ပြောကြားခဲ့သလို၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mao Ning’s မှလည်း ပြောကြားခဲ့ပါတယ်။

    စစ်ကောင်စီ၏ အကြံအစည်
    ~~~~~~~~~~~~~~~~~

    အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ၂၀၂၁ ဖေဖော်ဝါရီလကနေစပြီး အာဏာသိမ်းဖြစ်စဥ်ကိုကျူးလွန်ပြီးတဲ့နောက်ပိုင်း ပြည်သူလူထုရဲ့ လက်နက်ကိုင်တော်လှန်မှုကို အလူးအလဲခံနေရတဲ့အပြင် နိုင်ငံတကာဖိအားတွေရဲ့ ဒဏ်၊ စီးပွားရေး၊ နိုင်ငံရေး ၊ သံတမန်ရေး အစရှိတဲ့ ကဏ္ဍပေါင်းစုံအသီးသီးမှာလည်း သမိုင်းတလျောက်မကြုံဘူးလောက်အောင်ကို ရင်ဆိုင်ကြုံတွေ့နေရတာကိုလည်း မြင်နေရပါတယ်။

    (more…)

  • မြန်မာပြည်မြောက်ပိုင်းပဋိပက္ခပအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှု အပြုသဘောဆောင်သည့်ရလဒ် ရရှိခဲ့သည်ဟု တရုတ်အစိုးရပြော

    မြန်မာပြည်မြောက်ပိုင်းပဋိပက္ခပအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှု အပြုသဘောဆောင်သည့်ရလဒ် ရရှိခဲ့သည်ဟု တရုတ်အစိုးရပြော

    မောင်လူအေး(လှည်းတန်း)_RNA_ဒီဇင်ဘာ(၁၂)၊၂၀၂၃ခုနှစ်။

    မြန်မာနိုင်ငံမြောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား သီတင်းတစ်ပတ်အကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက်မှာ ပဋိပက္ခများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြောကြားထားသည်။

    မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့တို့ ယမန်နေ့က တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရေ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှုတွင် အပြုသဘောဆောင်သည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။

    (more…)

  • ခလရ ၁၂၅ တပ်ရင်းအပါအဝင် ၂၇၂ ဦး အလင်းဝင်ပြီးချိန် ရှင်းဝမ်ဒေသတခုလုံးကို MNDAA ထိန်းချုပ်နိုင်

    ခလရ ၁၂၅ တပ်ရင်းအပါအဝင် ၂၇၂ ဦး အလင်းဝင်ပြီးချိန် ရှင်းဝမ်ဒေသတခုလုံးကို MNDAA ထိန်းချုပ်နိုင်

    RNA_ဒီဇင်ဘာ(၁)၊၂၀၂၃ခုနှစ်။

    ဗမာစစ်တပ်က ၂၈ နှစ်ကျော်ကြာ ထိန်းချုပ်ထားခဲ့သည့် ရှင်းဝမ်ဒေသကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၁၂၅ တပ်ရင်းအပါအဝင် ၂၇၂ ဦး အလင်းဝင်မှုကြောင့် MNDAA အနေဖြင့် ရှင်ဝမ်းဒေသတခုလုံးကို အလုံးစုံထိန်းချုပ်သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်-ဒကစ) လက်အောက်ခံ ကုန်းကြမ်းမြို့နယ်မှ စကခ (၁၆) ၏ စကခမှူးမှာ နိုဝင်ဘာ ၂၇ ရက်နေ့က တပ်ဖွဲ့ဝင် ၁၀၀ ကျော်ခေါ်ဆောင်ပြီး ထွက်ပြေးသွားသည့်အတွက် ကော်မျိုးနွယ်ပြည်သူ့ စစ်အဖွဲ့ဝင်(၂၇)ဦး (ဗမာလူမျိုး)၊ ခလရ (၁၂၅) အဖွဲ့ဝင် (၉၃)ဦး၊ စကခ(၁၆) အဖွဲ့ဝင်(၃၆)ဦး၊ စကခ(၁၂) အဖွဲ့ဝင် (၁၄)ဦး၊စစ်မိသားစုဝင်(၈၆)ဦး၊ စစ်ဆင်ရေးအကြံပေး (၅) ဦးနှင့် ရဲအဖွဲ့ဝင် (၁၁)ဦး စုစုပေါင်း(၂၇၂) ဦး နိုဝင်ဘာ ၂၈ ရက်နေ့က အလံဖြူထောင်ကာ MNDAA နှင့် မဟာမိတ်များထံ အလင်းဝင်ခဲ့ကြသည်ဟု Kokang ထံမှ သိရသည်။

    (more…)

  • စစ်ကောင်စီ အစည်းအဝေး မင်းအောင်လှိုင် ဘာတွေပြောပြီး ဘာတွေထူးသွားလဲ

    စစ်ကောင်စီ အစည်းအဝေး မင်းအောင်လှိုင် ဘာတွေပြောပြီး ဘာတွေထူးသွားလဲ

    “စစ်ရှုံးတယ်ဆိုတာ၊ လက်အောက်ငယ်သား အရာရှိတွေအများအပြား လက်နက်ချအလင်းဝင်သွားတဲ့ ကိစ္စတွေကို ထည့်မပြော။ စခန်းစွန့်ပြီး ထွက်ပြေးနေကြတဲ့အကြောင်း လုံးဝမဟရဲ”

    ငြိမ်းမောင်

    တိုက်ပွဲတွေနိုင်ငံအဝှမ်း အရှိန်မြင့်သထက် မြင့်တက်နေပြီး နိုင်ငံအဝှမ်း စစ်မျက်နှာဖွင့်နေရတဲ့ အာဏာလုစစ်ကောင်စီက  နိုဝင်ဘာ ၂၉ ရက်နေ့မှာ အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒီပွဲကို စစ်အုပ်စု ခေါင်းဆောင်တွေ တက်ကြပါတယ်။ မင်းအောင်လှိုင်က ထုံစံအတိုင်း ဒီမိုကရေစီအရေး၊ လက်နက်ကိုင်အဖွဲ့များအရေး၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တိုက်ခိုက်ခံနေရတဲ့ အခြေအနေတွေကို ချပြဆွေးနွေးသွားခဲ့တယ်။

    ကာလုံအစည်းအဝေး ဘာအစည်းအဝေးဆိုပြီး ခေါင်းစဉ်တပ်နေပေမယ့် နေရာထိုင်ခုံအခင်းအကျင်း လူပါဝင်မှု အနေအထားနည်းနည်းပဲ ကွာတာကလွဲရင် ပြောနေတဲ့စကားတွေနဲ့ အကြောင်းအရာတွေက ထူးထူးထွေထွေ သိပ်မတွေ့ရပါဘူး။ မင်းအောင်လှိုင် စီမံခန့်ခွဲမှု ညွှန်ကြားနိုင်မှု စွမ်းစွမ်း တမံလုပ်ပြနိုင်မှု ဘာတစ်ခုမှမရှိခဲ့သလို အဲဒီအစည်းအဝေးမှာ ပြောသွားတာမတွေ့ရပါဘူး။

    KIA အဖွဲ့က တပ်အင်အားများ တိုးချဲ့နေပုံအပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့မကွေး တိုင်းဒေသကြီးတွေမှာ စစ်ကောင်စီတပ်သားတွေ အတိုက်ခံနေရကြောင်း၊ ဖုန်ကြားရှင်ရဲ့သား ဖုန်တာရွှင် ဦးစီးတဲ့​အဖွဲ့က MNDAA လက်ကျန်အဖွဲ့နဲ့ ကိုးကန့်များကို စည်းရုံးပြီး အထူးဒေသအဖြစ် ပြန်လည်အသက်သွင်းရန် ကြိုးပမ်းခဲ့ကြောင်း မင်းအောင်လှိုင်ထည့်ပြောသွားပါတယ်။

    (more…)

  • တပ်ရင်းအလိုက် အသေခံကာကွယ်ခဲ့သည့် မိုင်းကျက်တပ်စခန်းကို TNLA သိမ်းပိုက်

    တပ်ရင်းအလိုက် အသေခံကာကွယ်ခဲ့သည့် မိုင်းကျက်တပ်စခန်းကို TNLA သိမ်းပိုက်

    RNA_နိုဝင်ဘာ(၂၄)၊၂၀၂၃ခုနှစ်။
     
    စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးပါအသုံးပြု တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူနှင့်အတူ တပ်အရင်းအလိုက် အသေခံတိုက်ခိုက်ခိုင်းထားသည့် လားရှိုးမြို့နယ် စစ်ကောင်စီတပ်မိုင်းကျက် တပ်စခန်းကို TNLA တပ်ဖွဲ့က နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၁၂ နာရီဝန်းကျင်က သိမ်းပိုက်ပြီး ဝင်ရောက်လင်းရှင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=oBja574xcOQ[/embedyt]
     
    ညီနောင်မဟာမိတ်များ ၁၀၂၇ စစ်ဆင်ရေးစတင်သည့် နိုဝင်ဘာ ၂၇ ရက်နေ့ကတည်းက တအာင်းတပ်မတော် PSLF/TNLA ဦးဆောင်ပြီး မိုင်းကျက်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းကျက်စစ်ကောင်စီတပ်စခန်းသည် စစ်ရေးအရ အလွန်အရေးပါသည့် နေရာဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲအတွင်း ဟောင်ဝစ်ဇာ ၂လက်အပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိကြောင်း သိရသည်။
     
    #RedNewsAgency
     
     

  • စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းပြီးနောက် ချုံကန်ဒေသနှင့် မော်ထိုက်ဒေသကို MNDAA ပြန်လည်သိမ်းပိုက်

    စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းပြီးနောက် ချုံကန်ဒေသနှင့် မော်ထိုက်ဒေသကို MNDAA ပြန်လည်သိမ်းပိုက်

    RNA_နိုဝင်ဘာ(၂၁)၊၂၀၂၃ခုနှစ်။
    မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ခရိုင် ဟုန်ရှင်းဒေသရှိ ချုံကန်နှင့် မော်ထိုက်ဒေသတို့တွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းပြီးနောက် MNDAA ကပြန်လည်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးနှင့်တည်ဆောက်ရေးကိစ္စများ လုပ်ဆောင်နေကြောင်း သိရသည်။
    ကိုးကန့်ခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းနေရသည့် ဒေသများသည် ယခင် MNDAA စိုးမိုးနယ်မြေများဖြစ်ကြောင်း၊ ယခု ပြန်လည်သိမ်းပိုက်ပြီး တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်စဉ် ဒေသခံလူထုသည် MNDAA တပ်ဖွဲ့ဝင်များကို လှိုက်လှဲစွာဆိုကြိုကြသည်ဟု ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)

  • စစ်သုံ့ပန်းများ ဖမ်းဆီးထားသည့် ရဲစခန်းကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

    စစ်သုံ့ပန်းများ ဖမ်းဆီးထားသည့် ရဲစခန်းကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

    RNA_နိုဝင်ဘာ(၂၀)၊၂၀၂၃ ခုနှစ်။
    နောင်ချိုုမြို့နယ် ဒိုပင်ရဲစခန်းတွင် စစ်သုံ့ပန်းများကို PSLF/TNLA+ MDY တို့က ထိန်းသိမ်းထားစဉ် စစ်ကောင်စီက နိုဝင်ဘာ ၁၉ ရက်နေ့ည ၉ နာရီဝန်းကျင်က ပေါင် ၅၀၀ ဗုံကြဲခဲ့သည့်အတွက် စစ်သုံ့ပန်း ၄ ဦးသေပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

     

    ဒိုအင်ရဲစခန်းကို PSLF/TNLA+ MDY ပူးပေါင်းတပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီ ဒလန်များနှင့် စစ်သုံးပန့်များကို ထိန်းသိမ်းထားကြောင်း၊ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော ပေါင်(၅၀၀)ဗုံးသည် ဒိုပင်ရဲစခန်းအပေါ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
    Red News Agency