ကိုးကန့်

စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းပြီးနောက် ချုံကန်ဒေသနှင့် မော်ထိုက်ဒေသကို MNDAA ပြန်လည်သိမ်းပိုက်

စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းပြီးနောက် ချုံကန်ဒေသနှင့် မော်ထိုက်ဒေသကို MNDAA ပြန်လည်သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၁)၊၂၀၂၃ခုနှစ်။ မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ခရိုင် ဟုန်ရှင်းဒေသရှိ ချုံကန်နှင့် မော်ထိုက်ဒေသတို့တွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းပြီးနောက် MNDAA ကပြန်လည်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးနှင့်တည်ဆောက်ရေးကိစ္စများ လုပ်ဆောင်နေကြောင်း သိရသည်။ ကိုးကန့်ခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းနေရသည့် ဒေသများသည် ယခင် MNDAA စိုးမိုးနယ်မြေများဖြစ်ကြောင်း၊ ယခု ပြန်လည်သိမ်းပိုက်ပြီး တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်စဉ် ဒေသခံလူထုသည် MNDAA တပ်ဖွဲ့ဝင်များကို လှိုက်လှဲစွာဆိုကြိုကြသည်ဟု ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
အားကောင်းသည့် တပ်မဟာ ၁ ခုကို ၁ နှစ်အတွင်း MNDAA အကောင်အထည်ဖော်နိုင်ခဲ့

အားကောင်းသည့် တပ်မဟာ ၁ ခုကို ၁ နှစ်အတွင်း MNDAA အကောင်အထည်ဖော်နိုင်ခဲ့

RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။   မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တခုဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်က ၁ နှစ်အတွင်း တပ်မဟာ (၆၁၁) ကို တပ်သားသစ်စုဆောင်းခြင်း သင်တန်းပေးခြင်းစသည့် တည်ဆောက် အကောင်အထည်ဖော်ခြင်းနှင့် လက်နက်အပြည့်အစုံ တပ်ဆင်ပေးနိုင်ခဲ့ကြောင်း သိရသည်။   ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် တပ်မဟာ (၆၁၁) သည် တနှစ်အတွင်း သင်တန်းများပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ကာ တပ်မဟာ တခုလုံး တိုက်ပွဲဝင်နိုင်သည့် အနေအထားဖြစ်သည့်အတွက် လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း ကိုးကန့်သတင်းကွန်ရက်က ထုတ်ပြန်ကြေညာထားသည်။ (more…)
Read More