မြန်မာ့တပ်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီဟု ညီနောင်မဟာမိတ်များပြောကြား

RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၃ခုနှစ်။

မြန်မာတပ့်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ်သည် သမိုင်းတွင်ကျန်ရစ်ကာ” ငါ့အသက်ကို ညီနောင်မဟာမိတ်(၃) ဖွဲ့က ဘယ်အချိန်လာယူမလဲ” ဆိုသော စိုးရိမ်ပူပန်မှုများနှင့်အတူ ခုခံစစ်ကို မည်သည့် စစ်ကူမျှမပါဘဲ ရင်ဆိုင်နေရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။

မြန်မာ့တပ်မတော်သားများ အနေဖြင့် အသက်မသေလိုပါက ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဝင်ရောက်ခိုလှုံကြရန် ထပ်မံ တိုက်တွန်းလိုက်ကြောင်း၊ “အသက်ကိုဉာဏ်စောင့်” ဆိုသည်ကိုလည်း စေတနာဖြင့် အသိပေးလိုက်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်းငါးဆယ်ကျော်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီသည် တိုက်ပွဲအများစုတွင် စစ်ကူမပေးနိုင်တော့သည်ကို အတိုင်းသား တွေ့မြင်ခဲ့ရပြီဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ညက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ : ရှမ်းမြောက်တိုက်ပွဲအတွင်း ယမန်နေ့က အောင်ပွဲခံနေသည့် တော်လှန်ရေးရဲဘော်များ။


ရှမ်းမြောက် ကိုးကန့်အထူးဒေသတွင်လည်း စစ်ကောင်စီယန္တရားပျက်စီးသွားပြီး MNDAA က စစ်ကောင်စီတပ်စခန်းများ၊ မြို့များ၊ နယ်စပ်ဂိတ်များကိုသိမ်းဆည်းထားပြီး တအာင်းစစ်ဒေသတွင်းလည်း TNLA က နမ့်ဆန်မြို့အပါအဝင် စစ်ကောင်စီနယ်စပ် ကုန်သွယ်ရေးဇုန်ပါအဝင် ဗျူဟာကုန်များ၊ တပ်စခန်း၊ ရဲစခန်းများကို သိမ်းပိုက်ထားကြောင်း၊ ရက္ခိုင့်တပ်တော် AA မှလည်း ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ နယ်ခြားစောင့်တပ်အပါအဝင် ဗျူဟာကုန်းများကိုသိမ်းပိုက်ထားကြောင်း ထုတ်ပြန်ကြေညာထားသည်။

 

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ စစ်ရေးအရှိမြှင့်လိုက်ကြသည့် တော်လှန်ရေးအင်အားစုများက စစ်ကိုင်းတိုင်းအတွင်းမှ မြို့တချို့နှင့် ချင်းပြည်နယ်က မြို့များ၊ နယ်စပ်ဂိတ်များ၊ မကွေးတိုင်းအတွင်းက စစ်ကောင်စီတပ်စခန်းများ၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ စစ်ကောင်စီတပ်စခန်းများကို နေ့စဉ်တိုက်ခိုက်သိမ်းပိုက်နေကြောင်း၊ မန္တလေးတိုင်းအတွင်းနှင့် ပဲခူးတိုင်းအတွင်းထိပါ စစ်ဆင်ရေးများ တိုးချဲ့လုပ်ဆောင်နေကြသည်ဟု သိရသည်။

နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ “စခန်းသစ်ကုန်း” သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် (၁၈) ကြိမ်နှင့် ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ “နမ့်ဖတ်ကာတပ်စခန်း” မှလည်း လက်နက်ကြီးဖြင့် (၁၂) ကြိမ် တိုင်အောင် လေကြောင်း၊ လက်နက်ကြီးပစ်ကူအမြောက်အမြားဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ : ရှမ်းမြောက်တိုက်ပွဲအတွင်း ယမန်နေ့က အောင်ပွဲခံနေသည့် တော်လှန်ရေးရဲဘော်များ။

#RedNewsAgency

By Editor