မြန်မာပြည်မြောက်ပိုင်းပဋိပက္ခပအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှု အပြုသဘောဆောင်သည့်ရလဒ် ရရှိခဲ့သည်ဟု တရုတ်အစိုးရပြော

မောင်လူအေး(လှည်းတန်း)_RNA_ဒီဇင်ဘာ(၁၂)၊၂၀၂၃ခုနှစ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား သီတင်းတစ်ပတ်အကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက်မှာ ပဋိပက္ခများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြောကြားထားသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့တို့ ယမန်နေ့က တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရေ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှုတွင် အပြုသဘောဆောင်သည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။


“တရုတ်နိုင်ငံအနေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့မြန်မာပြည်မြောက်ပိုင်းအဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အပြုသဘောသဘောဆောင်တဲ့ အောင်မြင်မှုတွေ ရခဲ့တာကို ဝမ်းသာပါတယ်၊ ဆွေးနွေးပွဲအောင်မြင်ဖို့ ဆက်လက်ပြီး တောက်ပံ့မှုတွေ၊ ပံ့ပိုးမုတွေပေးသွားပါမယ်။ မြန်မာပြည်မြောက်ပိုင်းအခြေအနေ ပြေလျော့မှုက သက်ဆိုင်သူအားလုံးရဲ့ အကျိုးကို ဖြည့်ဆည်းပေးရာရောက်ပြီး တရုတ်-မြန်မာနယ်စပ်တလျောက် တည်ငြိမ်အေးချမ်းရေးအတွက်အထောက်အကူဖြစ်စေတယ်လို့” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က  ယမန်နေ့က ပြောကြားထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ဦးဆောင်ပြီး 1027 Operation – ၁၀၂၇ စစ်ဆင်ရေး အမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်အထူးဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းများနှင့် မြို့များ၊ နယ်စပ်ဂိတ်များကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ရှမ်းမြောက်အပါအဝင် စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်များထိပါ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုက်ပွဲများ ပြင်းထန်ပြီး စစ်ကောင်စီအနေဖြင့် မြို့များကိုပါ စွန့်လွှတ်လိုက်ရသည့်အနေအထားဖြစ်သည်။

Ref: CNA

#RedNewsAgency

By Editor