ခမ်းပတ်မြို့ကို တော်လှန်ရေး အင်အားစုများက ယနေ့ အောင်မြင်စွာ သိမ်းပိုက်

RNA_နိုတင်ဘာ(၇)၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် KIA၊ PDF၊ ပကဖ နှင့် တော်လှန်ရေးအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အမှတ် (၁) စစ်ဒေသသည် C3C၏ အစီအစဉ်ဖြင့် KIAစစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ် လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများ အဖြစ်လည်းကောင်း တာဝန်ယူလျက် PDF တပ်ရင်းများနှင့် ပကဖအဖွဲ့များကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ်ကွပ်ကဲမှု ရယူထားသော စစ်ဒေသဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့များအနက် တမူးခရိုင် တပ်ရင်း (၂) ၊ စစ်ဒေသအထူး တပ်ရင်း (၂) ၊ အမှတ် ၁ စစ်ဒေသ လက်နက်ကြီး အဖွဲ့ ၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့ ၊ CNDF ၊ TDA ၊ RCDF နှင့် KNA-Burma တို့ ပူးပေါင်းပါဝင်ကြောင်း၊ ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို နိုဝင်ဘာလ (၃) ရက်မှ စတင်၍ ပိတ်ဆို့တိုက်ခိုက်ရာ ယနေ့ အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
Red News Agency
By RNA Editor