ပြည်သူ့အုပ်ချုပ်ရေး

ဒေါ်ယဉ်မင်းလှိုင်ဦးဆောင်သည့် ပအဖ အဖွဲ့ကို လက်ခံကြောင်း ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်

ဒေါ်ယဉ်မင်းလှိုင်ဦးဆောင်သည့် ပအဖ အဖွဲ့ကို လက်ခံကြောင်း ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်

RNA_ဇန်နဝါရီ(၆)၊၂၀၂၃ခုနှစ်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ပတ်သက်ပြီး ယခင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ယဉ်မင်းလှိုင်ဦးဆောင်သည့် အဖွဲ့ကိုသာ ပြည်သူများ လက်ခံကြောင်း ဒေသခံပြည်သူများက ဇန်နဝါရီလ ၅ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို NUG ဦးဆောင်မှုဖြင့် အခြားမြို့နယ်က ဝင်ရောက်စွက်ဖက်နေသည်ကို ဒေသခံများ လက်မခံနိုင်ကြောင်း၊ နွေဦးတော်လှန်ရေး ကာလအတွင်း ဒေသခံပြည်သူများ၏ သဘောထားဖြင့် ဒေါ်ယဉ်မင်းလှိုင်ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။   #RedNewsAgency
Read More
ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦ (၆၉၀) ခန့် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦ (၆၉၀) ခန့် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

RNA_ဇွန်(၃)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် (၃) ရက်တာ စစ်ကြောင်းထိုး ဝင်ရောက်မှုအတွင်း ကျေးရွာ (၂၇) ရွာမှ ကျေးလက်‌ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦ (၆၉၀) ခန့် မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် ရေလယ်ကျွန်းဒေသကို ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အဆောက်အဦများ မီးရှို့ခံရမှုနှင့်အတူ ကောက်ပဲသီးနှံနှင့် ဆန်စပါးများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ မီးရှို့ဖျက်ဆီးမှုများအတွင်း ပြည်သူ (၅) ဦးကို သတ်ဖြတ်သွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ထန်တလန် CDF ထိန်းချုပ်နယ်မြေ ကျေးရွာ (၅၁) ရွာကို ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေ 

ထန်တလန် CDF ထိန်းချုပ်နယ်မြေ ကျေးရွာ (၅၁) ရွာကို ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေ 

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က ကျေးရွာ (၅၁) ရွာကို CDF- Thantlang က ထိန်းချုပ်ထားပြီး ထန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဌာနများဖွဲ့စည်းကာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ " CDF, Thantlang ထိန်းချုပ်သည့်နယ်မြေအတွင်းရှိ ကျေးရွာပေါင်း (၅၁) ရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ လုပ်ငန်းဆောင်ရွက်ခဲ့ပြီး "အန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့” ကို ၂၁၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇၂၈ ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အောက်တွင် ကျန်းမာရေး ပညာရေးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ တရားဌာန၊ လမ်းပန်းဆက်သွယ်ဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေဌာန၊ စီမံကိန်း ဘဏ္ဍာ ရေးနှင့် ရင်းနှီးမြုပ်နှံမှုဌာနနှင့် ပြည်တွင်းပြည်ပဆက်ဆံရေးဌာန…
Read More