Tag: NUG

  • မကွေးဆေးတက္ကသိုလ် ကျောင်းသား တိုက်ပွဲတွင်ကျဆုံး 

    မကွေးဆေးတက္ကသိုလ် ကျောင်းသား တိုက်ပွဲတွင်ကျဆုံး 

    RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။

    မကွေး ဆေးတက္ကသိုလ်၊ ဆေးပညာအခြေခံနှစ် (Foundation Year) မှ ကျောင်းသား မောင်စွမ်းထက် (အသက် ၂၀ နှစ်)သည် မေလ (၂၂) ရက်နေ့ စစ်ကိုင်း တိုင်း၊ ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲတွင် ကျဆုံးခဲ့ရကြောင်း သိရသည်။

    “မောင်စွမ်းထက်ကို အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ မေလ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

    (more…)

  • ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကို မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူများက လက်နက်တပ်ဆင် 

    ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကို မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူများက လက်နက်တပ်ဆင် 

    RNA_မေ ၁၈ ၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းနှင့် မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လက်နက်အချို့ တပ်ဆင်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းမှ ယနေ့ ထုတ်ပြန်ထားသည်။

    #RedNewsAgency

  • ရခိုင်ပြည်နယ် မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးတွင်အသုံးပြုရန် KIO ဗဟိုဌာနချုပ်က သိန်းသုံးထောင်လှူဒါန်း

    ရခိုင်ပြည်နယ် မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးတွင်အသုံးပြုရန် KIO ဗဟိုဌာနချုပ်က သိန်းသုံးထောင်လှူဒါန်း

    RNA_မေ(၁၈)၊၂၀၂၃ ခုနှစ်။
     
    အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးသွားမှုများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လူသားချင်းစာနာထောက်ထားမှုအားဖြင့် KIO ဗဟိုဌာနချုပ်မှ ကျပ် သိန်းသုံးထောင်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ လှူဒါန်းခဲ့ကြောင်း AA ကထုတ်ပြန်ထားသည်။
    Photo : Western News
     
    ရခိုင်ပြည်နယ်အတွင်း မုန်တိုင်ဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG မှ ကျပ်သိန်းတစ်ထောင်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA မှ ကျပ်သိန်းတစ်ထောင်၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့- KIO မှ ကျပ်သိန်းသုံးထောင်လှူဒါန်းမှုတို့ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တို့မှ လက်ခံရရှိထားကြောင်း၊ မုန်တိုင်းလေဘေးဒဏ်ကြောင့် ရခိုင်ပြည်သူလူထု ဒုက္ခရောက်နေချိန် ညီနောင်မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ထုတ်ပြန်ပြောကြားထားသည်။

    (more…)

  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် NUG က အမေရိကန် ဒေါ်လာ (၁) သန်းသုံးမည်

    ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် NUG က အမေရိကန် ဒေါ်လာ (၁) သန်းသုံးမည်

    RNA_မေ(၁၆)၊၂၀၂၃ ခုနှစ်။
     
    မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၁) သန်း အသုံးပြုမည်ဟု ယနေ့နံနက် ၈ နာရီက ပြုလုပ်သည့် NUG လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဒုတိယအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
     
    “ဆိုင်ကလုန်းမုန်တိုင်းအရေးပေါ် တုံ့ပြန်ရေးအတွက်မတည်ထားသော ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၁) သန်းကို ပိုမိုထိရောက်စွာခွဲဝေသုံးစွဲနိုင်ရန်အတွက် မြေပြင်အခြေအနေများကို သိရှိနိုင်ရေး အရေးပေါ်အစည်းအဝေးများ ခေါ်ယူဆောင်ရွက်ရန် စသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပါသည်” ယနေ့ NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • အကြမ်းဖက်မှုကျူးလွန်နေသည့် အာဏာသိမ်းအဖွဲ့ကို အရေးယူနိုင်ရေး ဩစတြေးလျရောက်ရှိနေသည့် NUG လူ့အခွင့်အရေးဝန်ကြီး ကြိုးပမ်း

    အကြမ်းဖက်မှုကျူးလွန်နေသည့် အာဏာသိမ်းအဖွဲ့ကို အရေးယူနိုင်ရေး ဩစတြေးလျရောက်ရှိနေသည့် NUG လူ့အခွင့်အရေးဝန်ကြီး ကြိုးပမ်း

    RNA_မေ(၁၀)၊၂၀၂၃ ခုနှစ်။
     
    သြစတြေးလျနိုင်ငံသို့ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းသည် အာဏာသိမ်းခေါင်းဆောင်များ၏ လူ့အခွင့်အရေးကျူးလွန်ဖေါက်ဖျက်မှုများ၊ ရာဇဝတ်မှု လုပ်ရပ်များအတွက် တာဝန်ယူရန်နှင့် တရားမျှတမှု ဖေါ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရသည်။
     
    ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ Gilbert + Tobin ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေများနှင့် လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့နှင့် မေလ ၈ နေ့က တွေ့ဆုံးပြီး အာဏာသိမ်းခေါင်းဆောင်များ၏ လူ့အခွင့် အရေး ကျူးလွန်ဖောက်ဖျက်မှုများ၊ ရာဇဝတ်မှု လုပ်ရပ်များအတွက် တာဝန်ခံယူရန်နှင့် တရားမျှတမှု ဖေါ်ဆောင်ရန် ကြိုးပမ်းမှုများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

    (more…)

  • ပြည်တော်ဝင်စစ်ချီပြီး အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါဟုတိုက်တွန်း

    ပြည်တော်ဝင်စစ်ချီပြီး အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါဟုတိုက်တွန်း

    RNA_မေ(၅)၊၂၀၂၃ ခုနှစ်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF သည် အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်အံတုပြီး နိုင်ပွဲတွေဆက် အောင်ပွဲတွေ ခံနေပြီဖြစ်သည့်အတွက် များမကြာမီကာလအတွင်း ပြည်တော်ဝင် စစ်ချီပြီး အကြမ်းဖက်စစ်တပ်နှင့် အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါစို့ဟု ယနေ့ ကျရောက်သည့် PDF (၂) ဖွဲ့စည်းခြင်း (၂) နှစ်ပြည့်အတွက် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – People Defense Force- PDF ဖွဲ့စည်းထူးထောင်ခြင်းသည် ယနေ့ (၂) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးကြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အခန်းကဏ္ဍသည် ထိပ်ဆုံးကပါဝင်နေသည်ဟု စသဖြင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

    [embedyt] https://www.youtube.com/watch?v=vuzIkGxypSQ[/embedyt]

    #RedNewsAgency

  • ကျောက်ပတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းကို PDFများ စီးနင်းတိုက်ခိုက်

    ကျောက်ပတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းကို PDFများ စီးနင်းတိုက်ခိုက်

    RNA_မေ(၃)၊၂၀၂၃ ခုနှစ်။

    မန္တလေးတိုင်း၊ ကျောက်ပတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို PDF ပူးပေါင်းတပ်မှ ရဲဘော်များ မေလ (၂) ရက် နေ့လည်(၂)နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

     

    ပွေးကျစ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြင်းခြံခရိုင်၊ တပ်ရင်း (၃)၊ ညောင်ဦး PDF၊ ကျောက်ပန်းတောင်း PDF၊ ဒီပဲရင်း PDFနှင့် Burmese Guerrilla Force တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းစီးနင်းမှုအတွင်း ရဲ (၂) ဦးသေဆုံးကာ ရဲတပ်ကြပ်ကြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ အင်အား (၁၃) ဦးခန့်သာ ရှိပြီး (၈) ဦး တရားရုံးသွားနေချိန်တွင် လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်းရှိ ရဲမိသားစုဝင် အမျိုး သမီးနှင့် ကလေးများကို လွှတ်ပေးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်တပ်စိတ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံး

    စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်တပ်စိတ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံး

    RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အလယ်ပိုင်းတိုင်စစ်ဒေသ(၃)၊ ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ တပ်စိပ်မှူး ရဲဘော်မျိုးမြင့်မြတ်သည် စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကျဆုံးသွားခဲ့ရကြောင်း သိရသည်။

    စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲမှု‌ကြောင့် ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၃၀ တွင် တပ်စိပ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံးခဲ့ရကြောင်း၊ ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဈာပနအခမ်းအနားပြုလုပ်ခဲ့ပြီး ၂၉ ရက်နေ့ နေ့လည် (၁) ရီတွင် ရေစက်ချ အမျှဝေ တရားနာပြီး ဂူသွင်းသင်္ဂြိုလ်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း၊ ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

    စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

    RNA_ဧပြီ( ၂၃)၊၂၀၂၃ ခုနှစ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသရှိ ခလရ (၁၄၇) စခန်းကုန်းကို ဧပြီလ (၂၂) ရက်နေ့ နံနက် (၃)နာရီခန့်တွင် မန္တလေး PDF ရဲဘော်များ တိုက်ခိုက်မှုအပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းရောက်ရှိလာချိန် ကားရပ်မပေးသည့်အတွက် ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရသည်။

     

    “မိမိတို့တပ်ဖွဲ့များ အခြေပြုနေရာ ယူထားရာ နေရာသို့ အိမ်စီးကား(၂) စီး ရောက်ရှိလာရာ အိမ်စီးကားပေါ်တွင် ရန်သူ့တပ် ယူနီဖောင်းဝတ်တဦး ပါလာသဖြင့် တားမြစ်စစ်ဆေးရာ မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ Toyota Corolla အိမ်စီးကားတစီး ရပ်တန့်သွားပြီး ကားပေါ်မှ ခလရ(၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအား သက်သေ ခံပစ္စည်းများ နှင့်တကွ အသေဖမ်းဆီးရရှိခဲ့သည်” ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    (more…)

  • NUG မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဗုံးကြဲခံရပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ

    NUG မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဗုံးကြဲခံရပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ

    RNA_ဧပြီ(၂၁)၊၂၀၂၃ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ မကွေးတိုင်း၊ ထီးလင်းမြို့နယ် အနောက်ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ရုံးကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။

    ထီးလင်းမြို့နယ်နောက်ခြင်းရှိ ပ..ဖ ရုံးကို စစ်ကောင်စီတပ် လေကြောင်းမှ ဧပြီလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ပ..ဖ ရဲဘော် အမျိုးသား () ဦး၊ အမျိုးသမီး () ဦး ကျဆုံးခဲ့ရပြီး၊ အမျိုးသား () ဦး၊ အမျိုးသမီး () ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယနေ့ မြေပြင်မှ ပျူစောထီးများအပါအဝင် စစ်ကောင်စီတပ်စစ်ကြောင်းတို့ စစ်ကြောင်းထိုးလာနေကြောင်း YDF ထီးလင်းမှတာဝန်ရှိသူတဦးကပြောကြားထားသည်။

    (more…)