“စစ်ကောင်စီရဲ့တပ်ရင်းတွေကို တိုက်တော့မယ်ဆိုရင် ရာဇသံပေးတာ AA ပဲတွေးဖူးပါသေးတယ်။ မတိုက်ခင် ဒေသခံတွေ ရှောင်ခိုင်းတယ်။ ပြီးမှ တိုက်မယ့်တပ်ရင်းတွေကို စားနပ်ရိက္ခာပိတ်ဆို့ဖြတ်တောက်တယ်။ အင်အားနည်းနေပြီလို့ထင်မှ သာလွန်အင်အားနဲ့ ဝင်လုံးပါတယ်။ နောက်ပြီးတော့ AA တပ်တော်က “အမာကိုရှောင်ပြီး အပျော့ကိုတိုက်တဲ့ ” ဗျူဟာကိုသုံးတယ်”
ရခိုင်ပြည်နယ်မှာ AA သိမ်းပြီးတဲ့မြို့တွေက ပလက်ဝ၊ ကျောက်တော်၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ မင်းပြား၊ မြောက်ဦးဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ ပထမဆုံး အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်လာတဲ့ပုံစံလေးကို အရင်ကြည့်ရပါမယ်။ ဒါကတော့ ပထမဆုံး ပလက်ဝဒေသတခုလုံးကိုတိုက်တယ်၊ အဲ့ကနေ တဆင့် ကုလားတန်မြစ်ကြောင်းအတိုင်းဆင်းလာပြီးတော့ မြောက်ဦး၊ မင်းပြား၊ ပြီးရင်ပေါက်တော၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ ဆက်ပြီးတိုက်လာတယ်။ ဒီပုံစံမျိုး မြောက်ပိုင်း ကနေတောင်ပိုင်းကို ဆင်းလာပြီး မဟာဗျူဟာမြောက် စစ်တိုက်သွားတာတွေ့ရတယ်။
အဲ့ဒီလို တိုက်တဲ့အချိန်မှာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွေ၊ စစ်ကောင်စီတပ်ရင်းတွေ ဗျူဟာကုန်းတွေအနေနဲ့ ပလက်ဝကစပြီး ဘာတခုမှ မတုန့်ပြန်နိုင်တာတွေ့ရတယ်။ ပလက်ဝ တိုက်ပွဲမှာဆိုရင် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူးအဆင့်က စပြီးကျတယ်။ ဗျူဟာမှူးဆိုတာ တပ်ရင်း ၃ ရင်းလောက်ကို ကွပ်ကဲရတဲ့ စစ်ဘုရင်တယောက်ဘဲ ဒီလူတွေကိုယ်တိုင် ဦးဆောင်ပြီး ကျတယ်။ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူး စသဖြင် အကျအရှုံးတွေများကြတယ်။ ဒီလူတွေက ရှေ့တန်းတပ်ရင်းတွေရဲ့ စစ်ဘုရင်ဖြစ်သလို၊ ရာထူးအဆင့်အတန်းအရဆိုရင် အထက်နဲ့အောက်တပ်တွေကို ထိန်းညှိပေးရတဲ့ ခါးဆက်တွေဖြစ်တယ်။ ဆိုတော့ စစ်တပ်က ခါးဆက်တွေပျက်ကုန်တယ်။ ဒါကစစ်တပ်ရဲ့လက်ရှိအခြေအနေပါ။
အဲဒီနောက် စစ်တပ်က သူ့ဂုဏ်သိက္ခာအတွက် ပြင်နေတာတွေ့ရတယ်။ ဒါကတော့ လက်ရှိ ရထားတဲ့နယ်မြေတွေ ထပ်မပေးရအောင် အရင်ခံစစ်ပြင်တာပါ။ အဲ့ဒီအတွက် ပထမဆုံး စစ်တိုက်နိုင်တဲ့ စစ်သားအင်အားတွေကို ရဟတ်ယာဥ်/ စစ်သင်္ဘောတွေနဲ့ ရခိုင်ကိုပို့ပါတယ်။ အဲ့လို ပို့ဖို့ဆိုရင် အခြားပြည်နယ်နဲ့တိုင်းအလိုက်က ဆေး၊ ဆက်၊ ဘီအီး အပါအဝင်၊ ကကထုတ်၊ ကကယာ၊ ကပစ စတဲ့ အထိုင်တပ်ရင်းတွေကနေ ထုတ်နုတ်ပြီး ရခိုင်ကိုပို့ရမှာပါ။ တခြားမကြည့်နဲ့ စစ်မတိုက်ရတဲ့ မိတ္ထီလာလေတပ်က လေတပ်သားတွေကိုတောင် လုံခြုံရေးအကြောင်းပြပြီး ရှေ့တန်းကိုလွှတ်တယ်လို့ တပ်တွင်းကနေ သိရပါတယ်။
(more…)