လက်နက်ကိုင်တော်လှန်ရေး

96 Soldiers – PDF အနေဖြင့် (၃) နှစ်အတွင်း မြို့သိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း (၄၇) ပွဲ ဆင်နွှဲခဲ့

96 Soldiers – PDF အနေဖြင့် (၃) နှစ်အတွင်း မြို့သိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း (၄၇) ပွဲ ဆင်နွှဲခဲ့

RNA_အောက်တိုဘာ(၇)၊၂၀၂၄ခုနှစ်။ 96 Soldiers - PDF အနေဖြင့် တည်ထောင်ခဲ့သည့် (၃) နှစ်အတွင်း ဒီပဲယင်းမြို့၊ ကော့ကရိတ်မြို့၊ မြဝတီမြို့ မြို့သိမ်းတိုက်ပွဲနှင့် ပျောက်ကြားတိုက်ပွဲ၊ ထိတွေ့တိုက်ပွဲစသည့် တိုက်ပွဲပေါင်း (၄၇) ပွဲ မဟာမိတ်များဖြင့် ပူးပေါ်င်း ဆင်နွှဲခဲ့သည်ဟု သိရသည်။ 96 Soldiers - PDF သည် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၆) ရက်နေ့သည် တပ်ဖွဲ့ (၃) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ တပ်ဖွဲ့အနေဖြင့် တောင်ပိုင်းဒေသနှင့် အညာဒေသဆိုပြီး ဒေသ၂ ခုခွဲပြီး တိုက်ပွဲဝင်နေကြောင်း၊ (၃) နှစ်အတွင်း ရဲဘော် (၈) ဦးကျဆုံးခဲ့ရကြောင်း 96 Soldiers - PDF…
Read More
ပဲခူးရိုးမပေါ်တက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ဦးခန့်သေဆုံးပြီး (၁၀) ဦးခန့်အရှင်ဖမ်းခံရ

ပဲခူးရိုးမပေါ်တက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ဦးခန့်သေဆုံးပြီး (၁၀) ဦးခန့်အရှင်ဖမ်းခံရ

RNA_ဩဂုတ်(၂၅)၊၂၀၂၄ ခုနှစ်။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ တက်လာသည့်  အင်အား (၁၀၀) ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ဆင်တလင်းကျေးရွာအုပ်စု၊ အုပ်ဖိုစုရွာထိပ်၌ ဩဂုတ်လ (၂၄) ရက်နေ့ နံနက် (၁၀) နာရီ (၄၅) မိနစ်ခန့်က တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီလက်အောက်ခံ (၂၀) ကျော်သေဆုံးပြီး (၁၀) ဦးခန့် အဖမ်းအဆီးခံခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂မှ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ၅၊ တပ်ခွဲ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေး ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း၊ G-3 (၁၉)လက်၊ G-4 စက်လက် (၁)လက်၊ 40 mm (၂)လက်၊ MA-1 (၃)လက်၊…
Read More
ကျောင်းသားလက်ရုံးတပ်တော်၏ အပတ်စဉ် (၁၀) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကျောင်းသားလက်ရုံးတပ်တော်၏ အပတ်စဉ် (၁၀) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

RNA_ဩဂုတ်(၁၈)၊၂၀၂၄ ခုနှစ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲနေသော ကျောင်းသားလက်ရုံးတပ်တော်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲအခမ်းအနားကို ဗဟို‌‌ဌာနချုပ် နယ်မြေ၌ သြဂုတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် သင်တန်းဆင်းစစ်ကြောင်းမှ ချီတက်စစ်ရေးပြခြင်း၊ စစ်ဦးစီးချုပ်၊ ဗဟိုကော်မတီဝင်နှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ ထူးချွန်စစ်သည်များအား ဆု‌ချီးမြှင့်ခြင်းနှင့် ဧည့်ခံ‌ကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ စစ်ကောင်စီအား လက်တွဲတိုက်ပွဲဝင်မည့် စစ်သည်များကို လက်ခံခေါ်ယူလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၆၄) ဦးသေဆုံးပြီး (၂၀) ဦးအရှင်ဖမ်းခံရ

တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၆၄) ဦးသေဆုံးပြီး (၂၀) ဦးအရှင်ဖမ်းခံရ

RNA_ဩဂုတ်(၁၄)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်မှ (၆၄)ဦးသေဆုံးကာ (၂၀) ဦးအရှင်ဖမ်းဆီးခံခဲ့ရသည်ဟု အမှတ် (၁) စစ်ဒေသ (စစ်ကိုင်း) ထံမှ သိရသည်။   တကောင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံများတပ်စွဲထားသော ထွေအုပ်ရုံး၊ ဆေးရုံ၊ ရဲစခန်းနှင့် လေးမျက်နှာဘုရားနေရာများကို ဩဂုတ်လ ၁၁ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၁၂ ရက်နေ့တွင်အပြီးသတ်သိမ်းပိုက်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ (၆၄) ဦး သေဆုံးပြီး (၂၀) ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်နက်မျိုးစုံ (၈၃) လက်၊ ကျည်မျိုးစုံ (၁၄၀၀၀) ကျော်၊ ဗုံးသီးမျိုးစုံ (၁၃၀) ခန့် သိမ်းဆည်းရမိပြီးခဲ့ကြောင်း၊ တော်လှန်ရေးအင်အားစုများဘက်မှ…
Read More
စစ်ကောင်စီ ကြုံတွေ့နေရတဲ့ အခြေအနေက အာဏာရှင်တို့ရဲ့ နောက်ဆုံးအချိန်

စစ်ကောင်စီ ကြုံတွေ့နေရတဲ့ အခြေအနေက အာဏာရှင်တို့ရဲ့ နောက်ဆုံးအချိန်

“မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ မြန်မာ့သမိုင်းမှာ တကယ့်ကို အဆိုးဝါးဆုံးသော အာဏာရှင်အဖြစ် အမှိုက်ခြင်းတောင်းထဲကို စွန့်ပစ်ခံရမယ့်သူတွေ ဖြစ်ပါတယ်” ရန်နိုင် - Wiper မင်းအောင်လှိုင်က လူတတ်ကြီးလုပ်ပြီး မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့တဲ့နောက်မှာတော့ ခုချိန်မှာ အဖက်ဖက်က ထိုးနှက်ချက်တွေနဲ့ ကိုယ့်အမြှီးကိုယ်ပြန်မျိုနေတဲ့ မြွေလိုပဲ အချိန်ကြာလေ ပျက်စီးလေ ဖြစ်နေပြီ။ ပြည်သူတွေကတော့ အခက်ခဲကြားက အားကောင်း မောင်းသန်နဲ့ အကြမ်းဖက်စစ်တပ်ကို အဖက်ဖက်က ထိုးနှက်နိုင်နေဆဲဖြစ်ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးဟာ အရှိန်ကောင်းကောင်းနဲ့ အားကောင်းမောင်းသန်ဖြစ်လာတာကို အားလုံးတွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။   နွေဦးတော်လှန်ရေးကာလ တလျှောက်လုံးမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းဆန့်ကျင်သူ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ခဲ့ပေမယ့် တော်လှန်ရေးက နောက်ဆုတ်မသွားပဲ ပိုမိုအားကောင်းလာခဲ့တယ်။ တော်လှန်ရေးကြောင့် ပြည်တွင်းစစ်ရဲ့ တရားခံက…
Read More
ရှင်မကန်ပျူရွာတိုက်ခိုက်ခံရပြီီး စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးသေဆုံး

ရှင်မကန်ပျူရွာတိုက်ခိုက်ခံရပြီီး စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးသေဆုံး

RNA_ဇွန်(၂၅)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုအုပ်စု၊ ရှင်မကန်ပျူရွာကို ဒေသတွင်း တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ယနေ့ နံနက် ၅ နာရီကျော်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများနှင့် သုံ့ပန်းတဦး ဖမ်းဆီးရမိကြောင်း သိရသည်။ ရှင်မကန် ပျူးစစ်စခန်းကို အဓိကဦးတည်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးသေဆုံးပြီး၊ ကာဘိုင်အမျိုးအစား သေနတ် ၄ လက်၊ ဘီအေ (63) အမျိုးအစား သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကာဘိုင်သေနတ်ပြောင်း ၂ ပြောင်း၊ လက်ပစ်ဗုံး ၂ လုံး၊လမ်းလျှောက်စကားပြောစက် ၁ လုံး ၊ ခဲယမ်းကျည်မျိုးစုံ…
Read More
BNRA အပတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

BNRA အပတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အပတ်စဥ် - ၁ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ပြီး BNRA စစ်ဦးစီးချုပ် ဗိုလ်နဂါး ၊BNRAအတွင်းရေးမှူး နှင့် စစ်ဆင်ရေးတာဝန်ခံတို့မှ မိန့်ခွန်းများပြောကြားပြိး လက်နက်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ BNRA အပတ်စဉ် ၁ သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေးမှုန်းရေး၊ အထူးလက်ဖြောင့် ၊ စစ်ဆင်ရေးတွင် အဓိကကြသော စစ်ရေးလေ့ကျင့်မှုများ နှင့် စစ်သည်တော်ကျင့်ဝတ်များအား စာတွေ့ လက်တွေ့ ဖြင့်စနစ်တကျလေ့ကျင့် သင်ကြားမှုသင်တန်းဆင်းပွဲကို မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။ #RedNewsAgency
Read More
တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်

တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်

RNA_ဇွန်(၂၂)၊၂၀၂၄ ခုနှစ်။ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် လူသစ်စုဆောင်းမှုများ၊ စစ်ကြောင်းထိုးမှုများ အဆက်မပြတ်လုပ်လာသည့်အတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်ဟု ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် ဥက္ကဋ္ဌ ကိုလပြည့်က ပြောကြားထားသည်။ #RedNewsAgency
Read More
လွိုင်ကော်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံများ ပြန်နေ၍ မရသေးကြောင်း KNDF တာဝန်ရှိသူပြော

လွိုင်ကော်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံများ ပြန်နေ၍ မရသေးကြောင်း KNDF တာဝန်ရှိသူပြော

RNA_ဇွန်(၂)၊၂၀၂၄ ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း စစ်ကောင်စီလက်အောက်ခံများနှင့် KNDF ပူးပေါင်းတပ်များအကြား နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လွိုင်ကော်ဒေသခံပြည်သူများအနေဖြင့် ပြည်မရသေးဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောကြားထားသည်။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများက လွိုင်ကော်မြို့တွင်းပြန်ဝင်၍ရပြီဟု ဝါဒဖြန့်နေကြောင်း၊ စစ်ကောင်စီလော်ဘီများ၏ စကားများကို ဒေသခံပြည်သူများ မယုံကြည်သင့်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိရှိကြရန် လိုအပ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် လွိုင်ကော်မြို့တွင်းပြန်နေရန် မသင့်သေးကြောင်း သိရသည်။ (more…)
Read More
AA ရဲ့ မဟာဗျူဟာမြောက် ထိုးစစ်တွေအောက်မှာ စစ်တပ် ကျရှုံးသွားပြီလား?

AA ရဲ့ မဟာဗျူဟာမြောက် ထိုးစစ်တွေအောက်မှာ စစ်တပ် ကျရှုံးသွားပြီလား?

"စစ်ကောင်စီရဲ့တပ်ရင်းတွေကို တိုက်တော့မယ်ဆိုရင် ရာဇသံပေးတာ AA ပဲတွေးဖူးပါသေးတယ်။ မတိုက်ခင် ဒေသခံတွေ ရှောင်ခိုင်းတယ်။ ပြီးမှ တိုက်မယ့်တပ်ရင်းတွေကို စားနပ်ရိက္ခာပိတ်ဆို့ဖြတ်တောက်တယ်။ အင်အားနည်းနေပြီလို့ထင်မှ သာလွန်အင်အားနဲ့ ဝင်လုံးပါတယ်။ နောက်ပြီးတော့ AA တပ်တော်က "အမာကိုရှောင်ပြီး အပျော့ကိုတိုက်တဲ့ " ဗျူဟာကိုသုံးတယ်" ရခိုင်ပြည်နယ်မှာ AA သိမ်းပြီးတဲ့မြို့တွေက ပလက်ဝ၊ ကျောက်တော်၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ မင်းပြား၊ မြောက်ဦးဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ ပထမဆုံး အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်လာတဲ့ပုံစံလေးကို အရင်ကြည့်ရပါမယ်။ ဒါကတော့ ပထမဆုံး ပလက်ဝဒေသတခုလုံးကိုတိုက်တယ်၊ အဲ့ကနေ တဆင့် ကုလားတန်မြစ်ကြောင်းအတိုင်းဆင်းလာပြီးတော့ မြောက်ဦး၊ မင်းပြား၊ ပြီးရင်ပေါက်တော၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊…
Read More