Tag: လက်နက်ကိုင်တော်လှန်ရေး

  • စစ်ကောင်စီစစ်ကြောင်း ဝင်တိုက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူရဲကောင်း ၁၁ ဦးကျဆုံး

    စစ်ကောင်စီစစ်ကြောင်း ဝင်တိုက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူရဲကောင်း ၁၁ ဦးကျဆုံး

    RNA_ဇူလိုင် ၃၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မင်းရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်နှင့် အပါအပေါင်းအပါ အင်အား ၁၃၀ ကျော်ကို ဇူလိုင်လ ၃ ရက်နေ့က တိုက်ခိုက်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သူရဲကောင်း ၁၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

    ” အင်းအား ၁၃၀ ကျော် ခွေးစစ်ကြောင်းကို ကျွန်တော်တို့တောကြီးမြွေပွေးတပ်ဖွဲ့ အပါဝင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်းများ ပြောက်ကျား တပ်ဖွဲ့များ၊ ပ. က .ဖ များ တော်လှန်ရေးညီနောင်များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ သူရဲကောင်းရဲဘော် ( ၁၁ )ဦး ကျဆုံးခဲ့ပြီး ထိခိုက်မှုများပြား။ စစ်ခွေး (၂) ကောင်သေ” ဟု တောကြီးမြွေပွေးတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

    ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုပ်လိုစိတ်၊ တော်လှန်လိုစိတ် အပြည့်ရှိသော်လည်း လက်နက်အင်အား မမျှသည့်အတွက် ရဲဘော်များ၏ တော်လှန်ရေးသွေးတွေ မြေခ အသက်ပေးနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • တော်လှန်ရေးအဟုန်ကို ကရင်အမျိုးသားများ ဦးဆောင်မြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း NUG ပြော 

    တော်လှန်ရေးအဟုန်ကို ကရင်အမျိုးသားများ ဦးဆောင်မြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း NUG ပြော 

    RNA ၊ဇန်နဝါရီလ (၃၁)ရက်။

    ကရင်အမျိုးသားများအနေဖြင့် အကြမ်းဖက်စစ်ဝါဒချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံးတည်ထောင်နိုင်ရေးအတွက် တော်လှန်ရေးအဟုန်ကို ဦးဆောင် မြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန က ပေးပို့သော (၇၃)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။

    ” တိုင်းရင်းသားပြည်သူများ၏ထောက်ခံပါဝင်မှု၊ တော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုဖြင့် ဆင်နွှဲလျက် ရှိသော ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် စစ်အာဏာရှင်စနစ်၏နေဝင်ချိန်သည် နီးကပ်လာပြီ ဖြစ်သည့် အားလျော်စွာ အဓမ္မအကြမ်းဖက်စစ်ဝါဒချုပ်ငြိမ်းလျက် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အမြန်ဆုံးတည်ထောင်နိုင်ရန်အလို့ဌာ ကရင်အမျိုးသားများအနေဖြင့် အခြားတိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့်လက်တွဲလျက် တော်လှန်ရေးအဟုန်ကို ဦးဆောင်မြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း” သဝဏ်လွှာတွင် ဖော်ပြထားခြင်းဖြစ်သည်။

    ယနေ့ ကျရောက်သော (၇၃)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့သို့ ဂုဏ်ယူစွာဖြင့် ဤသဝဏ်လွှာကို ပါးအပ်ခြင်း ဖြစ်ပြီး လွန်ခဲ့သော(၇၃)နှစ်မှစတင်၍ ယနေ့အချိန်ထိ ခေတ်အဆက်ဆက်စစ်အာဏာရှင်ဆန့်ကျင်ရေးခုခံတွန်းလှန် စစ်တွင် ရှေ့တန်းမှဦးဆောင်ပါဝင်လျက် စွန့်လွှတ်အနစ်နာခံမှုများစွာပြုခဲ့သော ကရင်အမျိုးသားများအား ဦးညွှတ်ဂုဏ်ပြုလိုက်ကြောင်း ဖော်ပြထားသည်။

    ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးပေါင်းစုံ၏ လိုလားချက်မှာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် ဖြစ်ပြီး ပြည်ထောင်စု၏အနာဂတ်ကို တည်ဆောက်ရာတွင် အဟန့်အတားပြုလျက်ရှိသော စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရန်မှာ ပြည်ထောင်စုဖွားတိုင်းရင်း သားပြည်သူအားလုံး၏ သမိုင်းပေးတာဝန် ဖြစ်သည်ဟု ခံယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ် ရေးဝန်ကြီးဌာနက ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။

    Red News Agency

  • PDF တွေကို မတိုက်ရဲသည့်အတွက် ပျူစောထီးတွေကို စစ်ကောင်စီတပ်ပစ်သတ်

    PDF တွေကို မတိုက်ရဲသည့်အတွက် ပျူစောထီးတွေကို စစ်ကောင်စီတပ်ပစ်သတ်

    RNA_ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေပိုင်းက PDF များဝိုင်းတိုက်ခံရစဉ် ပျူစောထီးတွေ ပြန်မတိုက်ရဲသည့်အတွက် စစ်ကောင်စီတပ်က ပစ်သတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ” မနေ့ညနေက စဖြစ်တာ တိုက်ပွဲက စခတွေက ပျူစောထီးတွေကို တိုက်ခိုင်းတာ မတိုက်ရဲကြဘူး အဲဒါနဲ့ ရွာထဲမှာပစ်သတ်တယ်လို့ ကြားထားတယ်၊ သတင်းက တိကျတယ် ဘယ်နှစ်ယောက်သေတယ်တော့ မပြောရသေဘူး၊ ရွာသူရွာသားတွေက ထွက်ပြေးနေကြတာ၊ ပြီးတော့ ရွာသုံးပုံ နှစ်ပုံကို မီးရှို့ပစ်တယ်၊ PDF တွေအသားစီးရလို့ ရဟတ်ယာဉ်နဲ့ပါပစ်တယ်၊ အခုမနက်လည်း ရဟတ်ယာဉ်ဝဲနေတာပဲ ရွာနားမှာ၊ အင်မထီးမှာက သူတို့အထိုင်ချနေတာ ပျူတွေကိုသင်တန်းပေးတာပေါ့၊ ပျူတွေက သုံးဆယ်လောက်ရှိတယ် သေတာဘယ်နှစ်ယောက်လဲ မသိရသေးဘူး၊ ရွာထဲဘယ်သူမှမဝင်ရဲဘူး” ဟု Red News Agency ၏ ဒေသခံ သတင်းရင်းမြစ်က ပြောထားသည်။

    စစ်ကောင်စီတပ် အထိုင်ချပြီး ပျူစောထီးတွေကို စစ်သင်တန်းပေးနေသည့် အင်မထီးကျေးရွာကို ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) ၊ ကျားသစ်နက်တပ်ဖွဲ့၊ ပုလဲမြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့၊ ဒေသခံ ပ.က.ဖ အဖွဲ့စသည့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    Red News Agency