ရှင်မကန်ပျူရွာတိုက်ခိုက်ခံရပြီီး စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးသေဆုံး

Written by

in

RNA_ဇွန်(၂၅)၊၂၀၂၄ ခုနှစ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုအုပ်စု၊ ရှင်မကန်ပျူရွာကို ဒေသတွင်း တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ယနေ့ နံနက် ၅ နာရီကျော်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများနှင့် သုံ့ပန်းတဦး ဖမ်းဆီးရမိကြောင်း သိရသည်။

ရှင်မကန် ပျူးစစ်စခန်းကို အဓိကဦးတည်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးသေဆုံးပြီး၊ ကာဘိုင်အမျိုးအစား သေနတ် ၄ လက်၊ ဘီအေ (63) အမျိုးအစား သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကာဘိုင်သေနတ်ပြောင်း ၂ ပြောင်း၊ လက်ပစ်ဗုံး ၂ လုံး၊လမ်းလျှောက်စကားပြောစက် ၁ လုံး ၊ ခဲယမ်းကျည်မျိုးစုံ ၅၀၀ ဝန်းကျင်နှင့် ရန်သူ့ဆက်စပ်ပစ္စည်းများနှင့်အတူ သုံးပန်းအရှင်တဦး ဖမ်းဆီးရမိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

ယနေ့ ရှင်မကန် ပျူးစစ်စခန်းတိုက်ပွဲကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ ဒေသခံ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပကဖ၊ ဓါးမင်းကြီး တပ်ဖွဲ့၊ MCKC PDF၊King Fighter (SGF)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ PDF Kanma တပ်ပေါင်းစု၊ Pauk Basic on Revolution Force (ဗိုလ်တစ္ဆအဖွဲ့)၊ Pauk ပကဖ Drone Team၊7 star (မြိုင် ပကဖ)၊ ဗိုလ်စနေ အဖွဲ့၊ Red Giant နဂါးနီ၊ ကမ္မတော်လှန်ရေးတပ်ဦး KMRF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဧရာဒေါင်းတပ်ဖွဲ့မှ ရဲဘော် ဟီးရိုး မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု သိရသည်။

ဓာတ်ပုံ- ရှင်မကန် ပျူးစစ်စခန်းသိမ်းတိုက်ပွဲပြန် ရဲဘော်များကို ပြည်သူများကြိုဆိုနေသည့်မြင်ကွင်းဖြစ်သည်။

#RedNewsAgency