BNRA အပတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အပတ်စဥ် – ၁ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ပြီး BNRA စစ်ဦးစီးချုပ် ဗိုလ်နဂါး ၊BNRAအတွင်းရေးမှူး နှင့် စစ်ဆင်ရေးတာဝန်ခံတို့မှ မိန့်ခွန်းများပြောကြားပြိး လက်နက်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

BNRA အပတ်စဉ် ၁ သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေးမှုန်းရေး၊ အထူးလက်ဖြောင့် ၊ စစ်ဆင်ရေးတွင် အဓိကကြသော စစ်ရေးလေ့ကျင့်မှုများ နှင့် စစ်သည်တော်ကျင့်ဝတ်များအား စာတွေ့ လက်တွေ့ ဖြင့်စနစ်တကျလေ့ကျင့် သင်ကြားမှုသင်တန်းဆင်းပွဲကို မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။

#RedNewsAgency

By Editor