ပြည်သူ့ဒီမိုကရက်တစ်တပ်တော်

ညောင်ဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး PDA ရဲဘော် (၂) ဦးမြင့်မြတ်စွာကျဆုံး

ညောင်ဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး PDA ရဲဘော် (၂) ဦးမြင့်မြတ်စွာကျဆုံး

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။ မန္တ​လေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဂန့်ဂါရွာမှ ထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ဒေသခံပြည်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းနေစဉ် တိုက်ပွဲဖြစ်ပြီး ပြည်သူ့ဒီမိုကရက်တစ်တပ်တော် - People's Democratic Army - PDA ရဲဘော် (၂) ဦး ဇူလိုင်လ ၂၈ ရက်နေ့ ညနေ (၅) နာရီခန့်က ကျဆုံးခဲ့ရကြောင်း သိရသည်။ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်၏ လှုပ်ရှားဒေသတွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ခုခံရင်ဆိုင်ရင်း ရဲဘော် အသေးလေး (ခ) နေတိုးအောင်နှင့် ရဲဘော် အောင်ကြီး(ခ) အောင်ပြည်စုံတို့ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရပြီး၊ MA 1 (၁)လက်၊ BA 94 (၁)လက်တို့ ဆုံးရှုံးခဲ့ရသည်ဟု People's Democratic…
Read More
လက်ဆည်ရဲစခန်းတိုက်ပွဲတွင် ရဲဘော် (၂)ဦး မြင့်မြတ်စွာကျဆုံး

လက်ဆည်ရဲစခန်းတိုက်ပွဲတွင် ရဲဘော် (၂)ဦး မြင့်မြတ်စွာကျဆုံး

RNA_ဇူလိုင်(၂၁)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ရဲအင်အား (၂၅) ဦးခန့်အထိုင်ချတပ်စွဲထားသော လက်ဆည်ရဲစခန်းတိုက်ပွဲတွင် အမှတ် ( ၈ ) စစ်ကြောင်းမှ ရဲဘော် (၂) ဦး မြင့်မြတ်စွာကျဆုံးခဲ့သည်ဟု အမှတ် ၈၊ စစ်ကြောင်းက ယနေ့ ထုတ်ပြန်ထားသည်။ ဒေသတွင်း တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ဇူလိုင် ၁၇ ရက်နေ့ နံနက် တိုက်ပွဲတွင် လက်ဆည်ရဲစခန်းရှိ ဘန်ကာများကို တဆင့်ချင်း တိုက်ခိုက်ချေမှုန်းခဲ့ရာ ရန်သူ့စခန်းတွင်းမှ ရဲတန်းလျား (၄)ဆောင်၊ ဘန်ကာ(၄)ခု အထိသိမ်းပိုက်နိုင်ခဲ့ပြီး၊ ပင်မ အဆောက်အဦ (၁)ဆောင်နှင့် ဘန်ကာ (၂) ခုသာ သိမ်းပိုက်ရန်ကျန်ရှိနေချိန် စစ်ကောင်စီတပ်စစ်ကူများရောက်ရှိလာသည့်အတွက် ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု သိရသည်။ (more…)
Read More
ကျောင်းသားလူငယ်များပါဝင်သော တပ်သုံးတပ်ပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း

ကျောင်းသားလူငယ်များပါဝင်သော တပ်သုံးတပ်ပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း

RNA_ဒီဇင်ဘာ(၁၄)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီစခန်း ဝင်ရောက်တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သော အမှတ် (၈) စစ်ကြောင်းတွင် ကျောင်းသားလူငယ်များပါဝင်သော ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့ ပူးပေါင်းထားသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More
ပြည်သူ့ဒီမိုကရက်တစ်တပ်တော်နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦးတို့ ပူးပေါင်းစစ်ကြောင်း တိုက်ပွဲဝင်နေ

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦးတို့ ပူးပေါင်းစစ်ကြောင်း တိုက်ပွဲဝင်နေ

RNA_အောက်တိုဘာ(၇)၊၂၀၂၄ ခုနှစ်။ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တို့ ပူးပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း အနေဖြင့် အညာဒေသတွင် တိုက်ပွဲဝင်နေပြီး အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် စစ်သုံးစစ်ကို တတ်စွမ်းသမျှအမြစ်ပြတ်ချေမှုန်းနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း ယနေ့ အသိပေးထုတ်ပြန်ထားသည်။ "တော်လှန်ရေးတပ်တွေအဖို့ ညီညွတ်ရေးတပ်ပေါင်းစုကို မျှော်ရည်ထားတဲ့ ကျနော်တို့အမှတ်(၈)စစ်ကြောင်းဟာ ဒုတိယသက်တမ်း ဒုတိယ ခြေလှမ်းကိုလည်း ဆက်လက်လျှောက်လှမ်းနေပြီး အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် စစ်သုံးစစ်ကို တတ်စွမ်းသမျှ အမြစ်ပြတ်ချေမှုန်းနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း အသိပေးအပ်တင်ပြလိုက်ရပါသည်" ဟု အမှတ် ၈ စစ်ကြောင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်

တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်

RNA_ဇွန်(၂၂)၊၂၀၂၄ ခုနှစ်။ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် လူသစ်စုဆောင်းမှုများ၊ စစ်ကြောင်းထိုးမှုများ အဆက်မပြတ်လုပ်လာသည့်အတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်ဟု ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် ဥက္ကဋ္ဌ ကိုလပြည့်က ပြောကြားထားသည်။ #RedNewsAgency
Read More