Tag: မွန်ပြည်နယ်
-

တပ်မ ၂၂ လက်အောက်ခံတပ်မှ လက်နက်ချသူ ၂၃ ဦးကို ကောင်းမွန်စွာစောင့်ရှောက်ထား
RNA_နိုဝင်ဘာ(၁၄)၊၂၀၂၃ ခုနှစ်။စစ်ကောင်စီ၏ တပ်မ ၂၂ လက်အောက်ခံ တပ်မှ တပ်ရင်းမှူးသေပြီး တပ်ပျက်သွားသည့်အတွက် လက်နက်ချအညံ့ခံခဲ့သည့် ၂၃ ဦးကို အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးကာ ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း Lion Battalion commando စစ်ကြောင်းက ထုတ်ပြန်ထားသည့် ရုပ်သံတွင် တွေ့ရှိရသည်။[embedyt] https://www.youtube.com/watch?v=nYm5buzsPxA[/embedyt]မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားကို အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တပ်မ ၂၂ လက်အောက်ခံတပ်နှင့် Lion Battalion Commando၊ KNLA၊ KNDO၊ KTLA၊ PDF စသည့် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့က စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးနှင့် အရာရှိ တဦးအပါအဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း၊ ကျန်ရှိသည့် ၂၃ ဦး လက်နက်ချခဲ့ပြီး ထွက်ပြေးသူ တချို့လည်းရှိကြောင်း သိရသည်။#RedNewsAgency -

မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်
RNA_အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။
ဒေါနစစ်ကြောင်၊ ရေးပြောက်ကျားတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ်၊ ABSDF တပ်ရင်း (၁) ရဲဘော်များ အောက်တိုဘာလ ၂၀ ရက်နေ့က ရေးမြို့နယ်အတွင်း ဖော်ဆောင်သည့် ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံများရှိသည့် ရေးတံတားဂိတ်၊ ကျုံလောင်းရွာနှင့် ဝဲပေါင်ကျေးရွာကြား ကားလမ်းဘေး ရာညာခြံအတွင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လူနာသယ်ဆောင်လာသည့် ကားတို့ကို စစ်ကောင်စီတပ်က တိုက်ခိုက်ခြင်းအပါအဝင် ယမန့်က တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီဝန်းကျင်ရှိကြောင်း သိရသည်။

ယမန့်နေက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ပြီး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ ၁၂ ဦးဒဏ်ရာရရှိပြီး ၂ ဦးစိုးရိမ်ရကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ်မှ သေဆုံးသူများ၏ ပုံတချို့ကို ကြည့်လိုပါက >>>>> https://t.me/rednewsagency/4354#RedNewsAgency
-

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် KNLA၊ PDF ပူးပေါင်းစစ်ကြောင်း ယနေ့လည်း စစ်ဆေးမှုပြုလုပ်
RNA_ဇွန်(၂၀)၊၂၀၂၃ ခုနှစ်။
မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် မော်တော်ယာဉ်သွားမှုနှင့် ပတ်သက်ပြီး KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများက နေ့စဉ်မပြတ် လုံခြုံရေးရယူကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဇွန်လ ၁၈ ရက်နေ့မှ စတင်စစ်ဆေးခဲ့ရာ ယမန်နေ့နှင့် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လည် ၁၂ နာရီ ၃၀ မိနစ်တကြိမ်နှင့် နေ့လည် ၃ နာရီ ၃၀ မိနစ်မှ ၄ နာရီ ၃၀ မိနစ်ထိ တကြိမ်၊ ၂ နေရာခွဲ စစ်ဆေးခဲ့သည်ဟု တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ် (၃) ဒုစစ်ဒေသခွဲမှူးရုံးမှ ထုတ်ပြန်ထားသည်။
-

KNLA၊ PDF ပူးပေါင်းစစ်ကြောင်းက မော်လမြိုင်-ရေး- ထားဝယ်လမ်းမပေါ်မှာ ၃ နေရာခွဲပြီး စစ်ဆေး
RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။
မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမပေါ်တွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့က ၃ နေရာခွဲကာ စစ်ဆေးခြင်းနှင့်လုံခြုံရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။

ဇွန်လ ၁၈ ရက်နေ့ နံနက် ၇ နာရီမှ ၁၁ နာရီထိ KNLA တပ်ရင်း ၂၇ တပ်ဖွဲ့ဝင်များနှင့် PDF ပူးပေါင်းစစ်ကြောင်းဟာ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမကြီးတစ်လျှောက် နေရာ ၃ နေရာခွဲပြီး စစ်ဆေးစဉ် စစ်ကောင်စီနှင့်ဆက်စပ်သူဟု ယူဆရသူ ၄ ဦးကို ထိန်းသိမ်းခဲ့ပြီး စစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။
-

စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့ ဝင်တိုက်
RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။
ယနေ့ နံနက် (၇) နာရီ (၁၅) မိနစ်ဝန်းကျင်က မွန်ပြည်နယ် (တောင်ပိုင်း)၊ ရေး -ထားဝယ် ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်သားများ စခန်းချစစ်ဆေးနေသည့် ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ရေးဘီးဘူးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အပြန်လှန်ပစ်ခတ်မှု (၁) နာရီဝန်းကျင်အတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးများကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတဦး သေဆုံးခဲ့ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့ဝင် (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=PqycjUrHODs[/embedyt]
ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေကလည်း ရေးဘီလူးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
#RedNewsAgency
-

စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီး ရဲ (၃) ဦးသေ
RNA_ဇန်နဝါရီ (၁၉)၊၂၀၂၃ ခုနှစ်။မွန်ပြည်နယ်၊ သိမ်ဖြူဇရပ်မြို့နယ်၊ ထင်ရှူးကျေးရွာအခြေစိုက် နယ်မြေရဲစခန်းကို ရေးပြောက်ကျား တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ရာ ရဲ (၃) ဦး သေဆုံးပြီး (၅) ဦး ဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ထင်ရှူးကျေးရွာအခြေစိုက် နယ်မြေရဲစခန်းမှာ ရဲအင်အား (၁၀) ဦးဝန်းကျင်သာရှိပြီး ဇန်နဝါရီလ ( ၁၈) ရက်နေ့ ညနေ (၆) နာရီက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အချိန်အကန့်အသတ်ကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွါခဲ့ရကြောင်း သိရသည်။ရေးပြောက်ကျားတပ်ဖွဲ့သည် မွန်ပြည်နယ်၊ လမိုင်းမြို့နယ်၊ နှစ်ကရင်ကျေးရွာရှိ နယ်မြေရဲစခန်းမှာ ရဲများစခန်းစွန့်ခွါ ထွက်ပြေးသည့်အတွက် ဇန်နဝါရီ လ (၁၁) ရက်နေ့က စခန်းတွင်းဝင်ရောက်ကာ အဆောက်အဦများကို မီးရှို့ ဖျက်ဆီးခဲ့သည်။ -

ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးတို့ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်မည်
RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။
Lion Battalion Commando-ဗျူဟာစစ်ကြောင်းဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့မဟာမိတ်အဖြစ်တွေ့ဆုံပေါင်းစည်းပြီး မြို့ပြတိုက်ပွဲများကိုယခင်ကထက် အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=DqMncMPzPuA[/embedyt]
ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့ ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံပြီးနောက် ” Lion Battalion Commando- ဗျူဟာစစ်ကြောင်းနှင့် ရေးဘီလူးအဖွဲ့တို့ပူးပေါင်း၍ မြို့ပြတိုက်ပွဲများကို ယခင်ကထက် အရှိန်မြှင့်တင်၍ တိုက်ပွဲဝင်သွားမှာဖြစ်ပါသည်။ ပိုမိုပြင်းထန်လာသောတိုက်ပွဲအရှိန်အဟုန်သည် ပြည်တွင်းပြည်ပရှိ ထောက်ပို့ရဲဘော်များ၏ ထောက်ပံ့မှုများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိရာ အင်တိုက်အားတိုက် ပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုအပ်ပါသည်” ဟု Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ယမန်နေ့က ထုတ်ပြန်ထားသည်။
-

ကျိုက်မရောထောင်မှာ နိုင်ကျဉ်းများနှင့် ထောင်အာဏာပိုင်များအခြေအနေတင်းမာနေ
RNA_နိုဝင်ဘာ(၂၆)၊၂၀၂၂ ခုနှစ်။ကရင်ပြည်နယ် ဖားအံထောင်မှ ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် ကျိုက်မရောထောင် ပြောင်းရွေ့ခံလိုက်ရသည့် အကျဉ်းသား (၁၅၀) ထဲမှ နိုင်ငံရေးအကျဉ်းသား အမျိုးသား (၃၀) နှင့် သာမန်အကျဉ်းသား (၇၀) နေရာချထားမှုနှင့် ပတ်သက်ပြီး ထောင်အာဏာပိုင်များနှင့် ကျိုက်မရောထောင်မှ နိုင်ငံရေးအကျဉ်းသားတို့အကြား အခြေအနေတင်းမာနေပြီးထောင်အာဏာပိုင်များက အကြမ်းဖက်ရန် ပြင်ဆင်နေသည်ဟု သိရသည်။“ ထောင်ပြောင်းတာက ပြဿနာမဟုတ်ပါဘူး၊ အခုက ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ကို ၁၅ ယောက်စီခွဲပြီး သာမန်အကျဉ်းသားတွေနဲ့ရောထားပြီးတော့ သာမန်အကျဉ်းသား (၇၀) ကိုနိုင်ငံရေးအကျဉ်းသားတွေနဲ့ထားတယ်၊ အဲဒါကို နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသားချင်းထားဖို့ ပြောရင်း အခြေအနေတင်းမာကုန်တာ၊ အရင်ကလည်း သာမန်အကျဉ်းသားတွေပြောင်းလာရင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ထားတာ လက်ခံတယ်၊ ဒါပေမဲ့ သာမန်အကျဉ်းသားတွေထဲမှာ ဆေးသုံးစွဲသူတွေပါတယ်၊ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အဆင်မပြေတာတွေရှိလို့ အခုလို တောင်းဆိုနေကြတာဖြစ်တယ်၊ ဒါကို ထောင်အာဏာပိုင်တွေက သေနတ်များပါ ထုတ်သုံးဖို့ အသင့်ပြင်ထားတယ်လို့ ကြားနေရတယ် ” ဟု ကျိုက်မရောထောင်ရောက် နိုင်ငံရေးအကျဉ်းသား မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။ -

ရေးမြို့ရဲစခန်းမှူးအပါအဝင် (၃) ဦးသေဆုံးသည့်ရုပ်သံ
ရေးဘီလူး အဖွဲ့ပစ်ခတ်မှုကြောင့် ရေးမြို့ရဲစခန်းမှူးအပါအဝင် (၃) ဦးသေဆုံး ( ရုပ်သံ)
RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ရေးဘီလူးအဖွဲ့၏ ယနေ့ နံနက် (၈) နာရီ ၂၀ မိနစ်ဝန်းကျင်က စောင့်ကြိုပစ်ခတ်မှုကြောင့် ရေးမြို့မရဲစခန်း စခန်းမှူးအပါအဝင် ရဲ (၃) ဦးသေဆုံးကာ M16 တလက်နှင့် ပစ္စတို တလက်နှင့် အခြားပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=VAlsKPnTZHU[/embedyt]
ရေးမြို့မရဲစခန်းအပါအဝင် စီးနင်းလာသည့် ယာဉ်ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ – ၁၉) အနီးတွင် ရေးဘီလူးအဖွဲ့က စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
Red News Agency
-

တောင်ကလေးရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်
တောင်ကလေးရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်၊ စကစ ဘက်မှ အရာရှိနှစ်ဦးအပါအဝင် (၁၀) ဦးသေ
RNA_နိုဝင်ဘာ(၂၁)၊၂၀၂၂ခုနှစ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ KNU တပ်မဟာ (၆) နယ်မြေတွင်းရှိ တောင်ကလေးရဲစခန်းအား ယနေ့ နေ့ နံနက် (၁၁) နာရီဝန်းကျင်ထိ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိနှစ်ဦးအပါအဝင် (၁၀) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တောင်ကလေး ရဲစခန်းအား KNLA တပ်ရင်း ၁၆၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့- S.O.F၊ ကော်သူးလေအာမီ၊ Saw Dragon Drone Force နှင့် ARMS ဒရုန်းအဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။